နိုဝင်ဘာလ (၅)ရက်။
နိုဝင်ဘာလ (၄)ရက်နေ့ ညပိုင်းအချိန်က တန့်ဆည်နယ်အနောက်ဘက်ခြမ်းရှိ ဇီးပေါက်ရွာကို စစ်ကောင်စီက လေကြောင်းကနေ ပေါင်(၅၀၀)ဗုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
“ စစ်ရှုံးစစ်ကောင်စီက တိုက်ပွဲဖြစ်ပွားတာမရှိဘဲ တန့်ဆည်အနောက်ခြမ်း ဇီးပေါက်ရွာက စာသင်ကျောင်းနဲ့ သာသနိကအဆောက်အအုံတွေကို မိတ္ထီလာရှမ်းတဲလေတပ်ကနေ MiG-29 ဂျက်ဖိုက်တာ(၂)စီးနဲ့ ပေါင်(၅၀၀)ဗုံးတွေ ကြဲသွားတာ” လို့ ဆိုပါတယ်။
ဇီးပေါက်ရွာကို စစ်ကောင်စီရဲ့ မိတ္ထီလာရှမ်းတဲလေတပ်ကနေ MiG-29 ဂျက်ဖိုက်တာ (၂)စီးနဲ့ ည(၉)နာရီနဲ့ (၁၀)နာရီခွဲအချိန်မှာ ပေါင် (၅၀၀)ဗုံးတွေအပါအဝင် ရော့ကတ်ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
နောက်ပြီး စစ်ကောင်စီရဲ့ တံတားဦးလေတပ်ကနေ MiG-29 ဂျက်ဖိုက်တာ (၁)စီးနဲ့ ည (၁၁)နာရီဝန်းကျင်ခန့်မှာ (၃)ကြိမ်မြောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။
စစ်ကောင်စီရဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်တာကြောင့် စာသင်ကျောင်းနဲ့ သာသနိကအဆောက်အအုံအပါအဝင် နေအိမ် (၄)လုံး ထိခိုက်ပျက်စီးခဲ့ပြီး ကျွဲနွားတိရိစ္ဆာန်အချို့ ထိမှန်သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် ဇီးပေါက်ရွာကို လေကြောင်းမတိုက်ခိုက်ခင် စစ်ကောင်စီရဲ့ မကွေးလေတပ်ကနေ Y12 ထောက်ပို့လေယာဉ်နဲ့ တန့်ဆည်နယ်အနောက်ခြမ်းရှိ ဇီးပေါက်ရွာ၊ တောင်ကျောင်းရွာ၊ ကံထူးမရွာနဲ့ လိပ်ခြံရွာဘက်ကို ကင်းထောက်ပေးခဲ့တယ်လို့ သိရပါတယ်။