နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 1 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြန်မာသင်္ကြန် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းထဲ ထည့်သွင်း

ဒီဇင်ဘာလ (၅)ရက်။

(၁၉)ကြိမ်မြောက် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ညီလာခံမှာ မြန်မာ့ရိုးရာနှစ်သစ်ကူးသင်္ကြန်ပွဲတော်ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းထဲ ထည့်သွင်းလိုက်ပြီလို့ သတင်းထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။

ဒီဇင်ဘာလ (၄)ရက်နေ့ကနေ (၇)ရက်နေ့အထိ ပါရာဂွေးမြို့နယ်၊ အာဆွန်စီယွန်မြို့မှာ ကျင်းပတဲ့ (၁၉)ကြိမ်မြောက် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ညီလာခံမှာ တရားဝင်ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံက တင်သွင်းထားတဲ့ မြန်မာ့ရိုးရာနှစ်သစ်ကူးသင်္ကြန်ပွဲကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းထဲ ပထမဆုံးအနေနဲ့ တရားဝင် ပါဝင်နိုင်ခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အခုလို မြန်မာ့ရိုးရာနှစ်သစ်ကူးသင်္ကြန်ပွဲတော် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းထဲ ပါဝင်ခဲ့တာကြောင့် ကမ္ဘာက ပိုမိုသိရှိနိုင်တာ၊ လက်ဆင့်ကမ်းအမွေပေးနိုင်တာ၊ ရိုးရာမပျက် ထိန်းသိမ်းကျင်းပနိုင်ပြီး အခွင့်အလမ်းကောင်းတွေ ပိုမိုရရှိမယ်လို့ ရေးသားထားပါတယ်။

မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို ၂၀၂၃ခုနှစ် မတ်လမှာ တင်သွင်းခဲ့ကာ ယူနက်စကိုရဲ့ ဆန်ခါတင်စာရင်းထဲ ပါဝင်ခဲ့ပြီးနောက် ဒီကနေ့ ဒီဇင်ဘာလ (၅)ရက်နေ့မှာ အမွေအနှစ်စာရင်းထဲ ပထမဆုံးအနေနဲ့ ပါဝင်လာခဲ့တာပါ။

မြန်မာမှာ နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြပေမယ့် ကိုဗစ်ရောဂါနဲ့ စစ်အာဏာသိမ်းဖြစ်စဉ်တို့ကြောင့် အရင်လို မကျင်းပနိုင်ခဲ့တာ (၄)နှစ်ကျော်ပြီဖြစ်တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တော်လှန်ရေးရန်ပုံငွေ ရှာဖွေဖို့ ဘယ်လောက်ခက်ခက် မူးယစ်ဆေးဝါးနဲ့ အလုပ်မလုပ်ဘူးလို့ NUG ပြော

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်
  • 26 Views
ဇန်နဝါရီလ (၃၁)ရက်။ တော်လှန်ရေးရန်ပုံငွေ ရှာဖွေဖို့ ဘယ်လောက်ခက်ခက် မူးယစ်ဆေးဝါးနဲ့ အလုပ်မလုပ်ဘူးလို့ NUG ဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးပွဲမှာ
မြန်မာသတင်း

ဒိုင်ဦးထောင်မှာ အချိန်ကြာမြင့်စွာ တိုက်ပိတ်ထားသူတွေကို ပြန်လွှတ်ဖို့တောင်းဆိုတဲ့ နိုင်/ကျဉ်းသူတွေ တိုက်ပိတ်ခံရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်
  • 27 Views
ဇန်နဝါရီလ (၃၁)ရက်။ ဒိုက်ဦးထောင်မှာ အချိန်ကြာမြင့်စွာ တိုက်ပိတ်ထားသူတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့တဲ့ နိုင်ငံရေးအကျဉ်းသူတွေ တိုက်ပိတ်ခံခဲ့ရတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

ပြည်နယ်တွေနဲ့ စုဖွဲ့ထားတဲ့ ပြည်ထောင်စုကြီးကို တည်ဆောက်ဖို့ KNU ဥက္ကဋ္ဌ တိုက်တွန်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်
  • 26 Views
ဇန်နဝါရီလ (၃၁)ရက်။ နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေအရ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ ပြည်နယ်တွေနဲ့ စုဖွဲ့ထားတဲ့ ပြည်ထောင်စုကြီးကို တည်ဆောက်ဖို့ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ဒီကနေ့ ကရင်အမျိုးသားတော်လှန်ရေးနေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ပြည်နယ်အားကောင်းဖို့ကနေ ပြည်ထောင်စု အားကောင်းဖို့ကို
မြန်မာသတင်း

မော်လူးဒေသမှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် ကလေး(၂)ဦးအပါအဝင် (၈)ဦးသေဆုံး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 26 Views
ဇန်နဝါရီလ (၃၀)ရက်။ မနေ့က ည (၉)နာရီဝန်းကျင်က အင်းတော်မြို့ မော်လူးဒေသရှိ လေဘိုရွာကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲခဲ့တယ်လို့ Indaw Revolution-IR ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မော်လူးဒေသ လေဘိုရွာကို
မြန်မာသတင်း

မင်းတုန်းမြို့ (၁၂)ရက်တာတိုက်ပွဲထဲ စစ်တပ်ဘက်က (၃၀)ဦးခန့် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 36 Views
စစ်တပ်ရဲ့ လေကြောင်း ပြင်းပြင်းထန်ထန် တိုက်ခိုက်တာကြောင့် PDF စခန်း အဆောင်အချို့ ပျက်စီးခဲ ဇန်နဝါရီလ (၃၀)ရက်။ ဇန်နဝါရီလ (၁၇)ရက်နေ့ကစပြီး မင်းတုန်းမြို့ထဲ စစ်ကြောင်းထိုးဝင်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ (၁၂)ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

မင်းအောင်လှိုင်က သူ့ကိုယ်သူ တာဝန်ဆက်ပေးပြီး အရေးပေါ်အခြေအနေ ထပ်ကြေညာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 32 Views
ဇန်နဝါရီလ (၃၀)ရက်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့ကိုယ်သူ တာဝန်တွေ ဆက်ပေးပြီး စစ်အုပ်ချုပ်ရေးအမိန့်ကို ထပ်မံကြေညာထားတယ်လို့ မနေ့ကရက်စွဲနဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ယာယီသမ္မတ မင်းအောင်လှိုင်က ကာချုပ် မင်းအောင်လှိုင်ကို လုပ်ပိုင်ခွင့်နဲ့ တာဝန်တွေတွေကို ကိုယ်တိုင် ဒါမှမဟုတ်
မြန်မာသတင်း

ထောင်ဖောက်ပြေးတဲ့ဖြစ်စဉ်အပေါ် အထူးစုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့ပြီး အရေးယူမယ်လို့ Karenni-IEC ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 40 Views
ဖြစ်စဉ်ကြောင့် ကရင်နီလူထုနဲ့ တော်လှန်ရေးအင်အားစုတရပ်လုံးကို တောင်းပန်ထား ဇန်နဝါရီလ (၂၉)ရက်။ ထောင်ဖောက်ထွက်ပြေးတဲ့ဖြစ်စဉ်အပေါ် အဖြစ်မှန်ပေါ်ပေါက်ဖို့အတွက် အထူးစုံစမ်းစစ်ဆေးရေးကော်မတီ ဖွဲ့စည်းကာ အရေးယူသွားမယ်လို့ Karenni-IEC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ထွက်ဆိုချက်တွေမှာ ထောင်ဖောက်ထွက်ပြေးဖို့အတွက် အတွင်းအပြင်ချိတ်ဆက်တာတွေကို (၃)လခန့်
မြန်မာသတင်း

ကုလအနေနဲ့ မြန်မာပြည်သူတွေအပေါ် ဒီကနေ့အထိ ပျက်ကွက်နေတယ်လို့ သံအမတ်ကြီး ကျော်မိုးထွန်းပြော

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 43 Views
ဇန်နဝါရီလ (၂၉)ရက်။ ကုလသမဂ္ဂအနေနဲ့ မြန်မာပြည်သူတွေအပေါ် ဒီကနေ့အထိ ပျက်ကွက်နေတယ်လို့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက လုံခြုံရေးကောင်စီရဲ့ တံခါးဖွင့်ဆွေးနွေးပွဲမှာ ပြောဆိုခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အုပ်စုဟာ မတရားအာဏာသိမ်းပြီး ရွေးကောက်ခံအစိုးရကို ဖယ်ရှားကာ မြန်မာပြည်သူတရပ်လုံးအပေါ် နိုင်ငံတကာရာဇဝတ်မှုတွေကို