နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 3 ရက်

1027 Operations

1027 Operations မြန်မာသတင်း

စစ်ဆင်ရေးကာလက ကန့်သတ်ချက်အမိန့်တွေကို TNLA ပြန်ရုပ်သိမ်း

မတ်လ (၆)ရက်။

“ ၁၀၂၇ စစ်ဆင်ရေး” ကာလမှာ လိုက်နာရမယ့် ကန့်သတ်ချက်အမိန့်တွေကို TNLA က ဒီကနေ့မှာ ပြန်ရုပ်သိမ်းလိုက်တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

TNLA ထိန်းချုပ်ထားတဲ့ မြို့ (၇)မြို့မှာ ဒေသတွင်း စီမံအုပ်ချုပ်တဲ့လုပ်ငန်းတွေ တိုးတက်လာတဲ့အတွက် ညမထွက်ရအမိန့်အပါအဝင် ကန့်သတ်ချက်အမိန့်တွေကို ရုပ်သိမ်းလိုက်တာလို့ ဆိုပါတယ်။

TNLA အုပ်ချုပ်တဲ့ နယ်မြေဒေသတွေမှာ တရားဥပဒေစိုးမိုးရေး၊ မူးယစ်တိုက်ဖျက်ရေး၊ ကျားဖြန့်အပါအဝင် လောင်းကစားတွေ ကင်းစင်ဖို့နဲ့ ဒေသတည်ငြိမ်အေးချမ်းဖို့အတွက် မျှတတဲ့ဥပဒေနဲ့ ကောင်အထည်ဖော်နေတယ်လို့ ဖော်ပြထားပါတယ်။

တအာင်းပြည်ထဲ အုပ်ချုပ်ရေးယန္တယားတွေ လည်ပတ်နေတဲ့အချိန် မတ်လ (၄)ရက်နေမှာ စစ်ကောင်စီက တအာင်းမြို့အချို့ကို စစ်အုပ်ချုပ်ရေးကြေညာပြီး ဒေသခံတွေကို ထိတ်လန့်စေဖို့ ဆောင်ရွက်လာတယ်လို့ ရေးသားထားပါတယ်။

TNLA/PSLF ဟာ ညီနောင်မဟာမိတ်တို့နဲ့အတူ တရုတ်နိုင်ငံရဲ့ ရှေ့ဆောင်ဦးရွက်မှုနဲ့ စစ်ကောင်စီနဲ့ ဇန်နဝါရီ (၁၁)ရက်မှာ လက်မှတ်ရေးထိုး အပစ်ရပ်ကာ အခုအချိန်မှာတော့ လုံခြုံရေးစီမံချုပ်တွေကို စနစ်တကျပြင်ဆင်ထားတယ်လို့ ပြောဆိုထားပါတယ်။

စစ်ကောင်စီဟာ ရှမ်းမြောက်ဒေသ မန်တုံ၊ နမ့်ဆန်နဲ့ နမ္မတူမြို့တွေကို လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ဖို့ဆိုပြီး စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့ပါတယ်။

အခုလို စစ်ကောင်စီက TNLA ထိန်းချုပ်ထားတဲ့ မြို့အချို့ကို စစ်အုပ်ချုပ်ရေးကြေညာတာကြောင့် ရှမ်းမြောက်မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်တယ်လို့ ပြောဆိုတာတွေရှိနေကြောင်း သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အပစ်ရပ်ကာလ တအာင်းဒေသထဲ တည်ငြိမ်ဖို့နဲ့ လွတ်လပ်စွာ ခရီးသွားနိုင်ဖို့ ဦးစားပေးဆောင်ရွက်မယ်လို့ TNLA ပြော

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 3 ရက်
  • 0 Views
‌နိုဝင်ဘာလ (၃)ရက်။ အပစ်ရပ်ကာလမှာ တအာင်းပြည်ရဲ့ ဒေသထဲ တည်ငြိမ်ဖို့နဲ့ လွတ်လပ်စွာ ခရီးသွားလာနိုင်ဖို့ ဦးစားပေးဆောင်ရွက်သွားမယ်လို့ TNLA ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

မြဝတီရှိ ကျေးရွာတွေကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူ များပြားခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 3 ရက်
  • 7 Views
နိုဝင်ဘာလ (၃)ရက်။ ရွေးကောက်ပွဲဖြစ်မြောက်ဖို့ဆိုပြီး စစ်ကော်မရှင်တပ်ဟာ  မြဝတီမြို့ရှိ ရသေ့ဂူရွာ၊ မင်းလက်ပံရွာနဲ့ ဖလူးရွာတို့ကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာခဲ့တယ်လို့ ကျားသစ်နက်စစ်ကြောင်းရဲ့ မနေ့က
မြန်မာသတင်း

ဒီမော့ဆိုအနောက်ခြမ်း လေကြောင်းတိုက်ခိုက်ခံရတာကြောင့် တော်လှန်ရေးရဲဘော်အချို့ ထိခိုက်ကျဆုံးခဲ့ရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 3 ရက်
  • 24 Views
‌နိုဝင်ဘာလ (၃)ရက်။ ဒီကနေ့ နံနက် (၇)နာရီဝန်းကျင်က ကရင်နီပြည် ဒီမော့ဆိုအနောက်ခြမ်းတနေရာကို စစ်တပ်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ မနက် (၇)နာရီလောက် ဒီမော့ဆိုအနောက်ခြမ်းကို ဂျက်ဖိုက်တာကော အသေခံဒရုန်းနဲ့ကော ရှေ့ဆင့်နောက်ဆင့် ဗုံးလာကြဲသွားတာ။
မြန်မာသတင်း

မြန်မာမှာ စစ်တပ်အာဏာသိမ်းပြီးနောက် သတင်းသမား (၇)ဦး သတ်ဖြတ်ခံရပြီး (၂၀၀)ကျော် ဖမ်းဆီးခံခဲ့ရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 3 ရက်
  • 26 Views
‌နိုဝင်ဘာလ (၃)ရက်။ မြန်မာမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စာနယ်ဇင်းသတင်းသမား (၇)ဦးဟာ စစ်အာဏာရှင်ရဲ့ သတ်ဖြတ်တာခံခဲ့ရတယ်လို့ ယူကေသံရုံးရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် သတင်းသမား (၂၀၀)ကျော် ဖမ်းဆီးခံခဲ့ရကာ အခုအခါ သတင်းသမား (၅၁)ဦး ဆက်လက်ဖမ်း‌ဆီးခံထားရပြီး
မြန်မာသတင်း

ကန့်ဘလူမှာ မြို့နယ်ပအဖတံဆိပ်တုံး အတုလုပ်တာနဲ့ အခွန်ငွေအလွဲသုံးစားပြုလုပ်တဲ့ အခွန်အရာရှိ (၇)ဦးကို ဖမ်းဆီး

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 3 ရက်
  • 22 Views
‌နိုဝင်ဘာလ (၃)ရက်။ ကန့်ဘလူမြို့မှာ မြို့နယ်ပအဖတံဆိပ်တုံးအတုပြုလုပ်တာနဲ့ အခွန်ငွေအလဲသုံးစားပြုလုပ်မှုနဲ့ မြို့နယ်အခွန်အရာရှိ မြင့်ကျော်(ခ)အာခိုင်အပါအဝင် အခွန်အရာရှိ (၇)ဦးကို မြို့နယ်နဲ့ ခရိုင်ပအဖက ဖမ်းဆီးထားတယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ ကန့်ဘလူမြို့နယ်အခွန်အရာရှိ မြင့်ကျော်(ခ)အာခိုင်ဟာ Non-CDM အချုပ်သူတဦးကို အဓမ္မပြုကျင့်တာကြောင့် မုဒိန်းမှုနဲ့
မြန်မာသတင်း

“တရုတ်ဖိအားနဲ့ပြောင်းလဲသွားတဲ့တော်လှန်ရေး”

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 2 ရက်
  • 51 Views
အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်များကို လေ့လာသုံးသပ်ကြည့်ခြင်း (၁၉) ခေတ်မျက်လုံးရဲ့အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်များကို လေ့လာသုံးသပ်တင်ပြလာတာအခုဆိုရင် (၁၉) ကြိမ်မြောက် ရှိလာပါပြီ။ ဒီအပတ်တနင်္ဂနွေနေ့မှာ ဆွေးနွေးတင်ပြမဲ့ အကြောင်းအရာ ကတော့ နွေဦးတော်လှန်ရေးစစခြင်း တပြည်လုံး စစ်အာဏာ သိမ်းတာကို ဆန့်ကျင်တော်လှန်ကြပေမဲ့ လက်နက်ခဲယမ်း အခက်အခဲကြောင့် တော်လှန်ရေး
မြန်မာသတင်း

တလထဲ တအာင်းပြည်မှာ စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူ (၅၀)နီးပါး သေဆုံးခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 1 ရက်
  • 57 Views
နိုဝင်ဘာလ (၁)ရက်။ အောက်တိုဘာလထဲ တအာင်းပြည်မှာ စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ပြည်သူ (၄၉)ဦး သေဆုံးခဲ့ရတယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တအာင်းပြည်ထဲ စစ်တပ်ရဲ့ လေကြောင်းအပါအဝင် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် သေဆုံးသူထဲ
မြန်မာသတင်း

ရွေးကောက်ပွဲကာကွယ်တဲ့ဥပဒေနဲ့ ဖမ်းဆီးခံထားရသူ (၈၈)ဦးအထိရှိလာ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 1 ရက်
  • 54 Views
ရွေးကောက်ပွဲ နှောင့်ယှက်သူတွေကို ဆက်လက်ဖမ်းဆီးဖို့ စစ်ကော်မရှင်ညွှန်ကြားထား ‌နိုဝင်ဘာလ (၁)ရက်။ အောက်တိုဘာလ (၂၉)ရက်နေ့အထိ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကာကွယ်တဲ့ဥပဒေနဲ့ ဖမ်းဆီးခံရသူ (၈၈)ဦးအထိရှိပြီလို့ မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ ရွေးကောက်ပွဲလုံခြုံရေးဆိုင်ရာအစည်းအဝေးရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကော်မရှင်ဟာ သူတို့ပြုလုပ်မယ့် ရွေးကောက်ပွဲ