မတ်လ (၆) ရက်။
ဒီကနေ့ မတ်လ (၆) ရက်နေ့ ကနီစခန်းသိမ်းတိုက်ပွဲ ၄ ရက်မြောက်နေ့တွင် စစ်ကောင်စီဘက်က ဂျက်တိုက်လေယာဉ် ၆ စီး၊ ကလေးဘက်ကတက်လာတဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ် ၂စီး စုစုပေါင်း ၈ စီးနဲ့ လေကြောင်းတိုက်ခိုက်မှု အပြင်းအထန် ပြုလုပ်ခဲ့ပေမယ့် တော်လှန်ရေးအင်အားစုတွေ ထိခိုက်မှု မရှိဘူးလို့ တော်လှန်ရေးအင်အားစုတွေဘက်က သိရပါတယ်။ ရဲစခန်းဝန်ထမ်းအိမ်းရာတွေနဲ့ ဘန်ကာတွေကို ဖျက်စီးနိုင်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်ဆီက သိရပါတယ်။
ရဲတပ်ဖွဲ့ဝင် အယောက် ၃၀ ကို ညနေ ၆ နာရီ ၁၈ မိနစ်ဝန်းကျင်မှာ အရှင်ဖမ်းဆီးမိတယ်လို့ ရှေ့တန်းမြေပြင်သတင်းရင်းမြစ်ဆီက သိရပါတယ်။ မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ကလည်း ဟုတ်မှန်တယ်လို့ အတည်ပြုပေးပါတယ်။
ဒီကနေ့ ညနေ ၇ နာရီ ၄၅ မိနစ်အချိန်ကလည်း နန့်ဆန်ကတက်လာတဲ့ ဂျက်တိုက်လေယာဉ် ၂ စီးနဲ့ ကနီမြို့ကို လေကြောင်းကတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။