နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီရဲ့ ဆေးရုံဆေးခန်းတွေကို အကြမ်းဖက်တိုက်ခိုက်တဲ့အပေါ် NUG ကျန်းမာရေးဝန်ကြီးဌာန ပြင်းထန်စွာရှုတ်ချ

ဇွန်လ (၆)ရက်။

စစ်ကောင်စီရဲ့ ဆေးရုံဆေးခန်းတွေနဲ့ ကျန်းမာရေးကဏ္ဍတွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့အပေါ် NUG ရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ပြင်းထန်စွာ ရှုတ်ချကြောင်း မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ကချင်ပြည်နယ်၊ ရွှေကူမြို့ရှိ မြို့ကုန်းဆေးရုံနဲ့ မကွေးတိုင်း ပေါက်မြို့ရှိ ခင်ရှည်ကျေးရွာဆေးခန်းတို့ကို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာတွေကြောင့် ထိခိုက်သေဆုံးတာတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီလို အကြမ်းဖက်စစ်ကောင်စီက ဆေးရုံဆေးခန်းတွေနဲ့ ကျန်းမာရေးကဏ္ဍအပေါ် ပစ်မှတ်ထားပြီး တိုက်ခိုက်တာတွေဟာ နိုင်ငံတကာဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဝန်ကြီးဌာနအနေနဲ့ သေဆုံးထိခိုက်ခဲ့ရတဲ့ ပြည်သူတွေ၊ ကျန်းမာရေးဝန်ထမ်းတွေအတွက် တရားမျှတမှုကို ဆောင်ကျဉ်းသွားမှာဖြစ်ပြီး စစ်ကောင်စီနဲ့ သူ့ရဲ့ကြံရာပါတွေကို တရားဥပဒေအရ ပြင်းထန်စွာ အရေးယူသွားမယ်လို့ ရေးသားထားပါတယ်။

လူစိတ်ပျောက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ လက်တွဲဆောင်ရွက်နေသူတွေ၊ ထောက်ခံအားပေးနေသူတွေအနေနဲ့ အခုလိုလုပ်ရပ်တွေကို ရပ်တန်းက ရပ်ကြဖို့ ဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ ရာဇဝတ်မှုတွေကို နိုင်ငံတကာအနေနဲ့ လစ်လျူရှုမထားဘဲ ဖြစ်နိုင်သမျှနည်းလမ်းတွေ အသုံးပြုကာ မြန်ဆန်ထိရောက်စွာ တားဆီးအရေးယူပြီး မြန်မာပြည်သူတွေဘက်က စာနာရပ်တည်ဖို့လိုတယ်လို့ ပြောဆိုထားပါတယ်။

NUG ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့လဲ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကို အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပြီး စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းဖို့ ပြည်သူတစ်ရပ်လုံးနဲ့ လက်တွဲတိုက်ပွဲဝင်သွားမယ်လို့ ကတိပြုပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

နမခမှာ လုံခြုံရေးတာဝန်ထမ်းဆောင်တဲ့ စစ်မှုထမ်းအပတ်စဉ်(၅)က စစ်ကောင်စီတပ်သား (၄)ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်
  • 3 Views
ဇန်နဝါရီလ (၂၀)ရက်။ မုံရွာအခြေစိုက် နမခတိုင်းစစ်ဌာနချုပ်မှာ လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ စစ်မှုထမ်းအပတ်စဉ်(၅)က စစ်ကောင်စီတပ်သား (၄) လက်နက်တွေနဲ့ အလင်းဝင်လာခဲ့တယ်လို့ Union Liberation
မြန်မာသတင်း

အုတ်တွင်းမြို့မှာ ကင်းလှည့်ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီး (၆)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်
  • 2 Views
ဇန်နဝါရီလ (၂၀)ရက်။ ဇန်နဝါရီလ (၁၈)ရက်နေ့ ည(၈)နာရီခွဲအချိန်က အုတ်တွင်းမြို့နယ် အုန်းပင်ရွာအုပ်စုရှိ သံတိုင်ခင်ကျေးရွာအနီး စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ မနေ့က
မြန်မာသတင်း

မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ် မိုင်းခွဲခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်
  • 4 Views
ဇန်နဝါရီလ (၂၀)ရက်။ မနေ့က နေ့လယ် (၁)နာရီအချိန်က မုံရွာ-ချောင်းဦးလမ်းပိုင်းတစ်နေရာမှာ ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ BLDF တပ်ခွဲ အညာမိုင်းရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မုံရွာ-မန္တလေးလမ်းပိုင်း ချောင်းဦးလမ်းတစ်နေရာမှာ ကင်းယူ ဆက်ကြေးကောက်နေတဲ့ စခတွေကို
မြန်မာသတင်း

မွန်တော်လှန်ရေး (၄)ဖွဲ့က ရာမညပူးတွဲစစ်ကြောင်း ဖွဲ့စည်း

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်
  • 8 Views
ဇန်နဝါရီလ (၂၀)ရက်။ မွန်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့(၄)ဖွဲ့က စစ်ဆင်ရေးလုပ်ငန်းတွေအတွက် “ ရာမည ပူးတွဲစစ်ကြောင်း” ဖွဲ့စည်းတာကို မနေ့က အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။ မွန်တော်လှန်ရေးအဖွဲ့ (၄)ဖွဲ့ဟာ ပူးတွဲစစ်ဆင်ရေးလုပ်ငန်းတွေအတွက် ရာမညပူးတွဲစစ်ကြောင်းကို ဖွဲ့စည်းပြီး ပူးတွဲစစ်ဆင်ရေးတွေ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။ မွန်တော်လှန်ရေးအဖွဲ့
မြန်မာသတင်း

မကွေးရှိ စစ်ကောင်စီရဲ့ ကပစ(၂၁) ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်
  • 16 Views
မကွေးရှိ စစ်ကောင်စီရဲ့ ကပစ(၂၁) ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခံရ ဇန်နဝါရီလ (၁၉)ရက်။ မနေ့က ညနေ (၄)နာရီခွဲခန့်ကစပြီး မကွေးတိုင်း ဆိပ်ဖြူမြို့နယ်ရှိ ကပစ(၂၁)ကို ၁၀၇မမ ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ No More Dictatorship PDF
မြန်မာသတင်း

မြောက်ဦးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေကို ထိန်းသိမ်းထားတဲ့နေရာ ဗုံးကြဲခံရပြီး (၂၈)ဦးထက်မနည်း သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 14 Views
ဇန်နဝါရီလ (၁၉)ရက်။ မနေ့က ညနေ (၄)နာရီခွဲအချိန်ကစပြီး မြောက်ဦးမြို့ ရမ်းချောင်းအနီး ဖမ်းမိထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေ ထိန်းသိမ်းထားတဲ့နေရာ ဗုံးကြဲခံခဲ့ရတယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရမ်းချောင်းအနီးတဝိုက်ကို ညနေ
မြန်မာသတင်း

တောင်သာမှာ စစ်ကောင်စီက စက်တပ်လေသီးနဲ့ ဗုံးသီးချတာကြောင့် အရပ်သား (၄)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 13 Views
ဇန်နဝါရီလ (၁၉)ရက်။ မနေ့က နံနက် (၁)နာရီခွဲခန့်က တောင်သာမြို့နယ် ညောင်ကုန်းရွာကို စစ်ကောင်စီက စက်တပ်လေတီးနဲ့ ဗုံးသီးကြဲချခဲ့တယ်လို့ လူထုလှုပ်ရှားမှုကော်မတီ(တောင်သာ)ရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။ “ နံနက် (၁)နာရီခွဲလောက် စကစက စက်တပ်လေထီးနဲ့ ပန်းပေါင်းအုပ်စု
မြန်မာသတင်း

စစ်ကောင်စီ အောင်ဇေယျစစ်ကြောင်းရဲ့ တပ်စခန်းကို သိမ်းပိုက်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 14 Views
ဇန်နဝါရီလ (၁၉)ရက်။ အခုတပတ်တာထဲ ကော့ကရိတ်-အာရှလမ်းရှိ စစ်ကောင်စီ အောင်ဇေယျစစ်ကြောင်းရဲ့ ယာယီတပ်စခန်းငယ်တစ်ခုကို သိမ်းပိုက်ရရှိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ လက်နက်ငယ် (၁၁)လက်၊ လက်နက်ကြီး (၁)လက်အပါအဝင် မိုင်း၊ ခဲယမ်းမျိုးစုံနဲ့ အခြားစစ်ဘက်သုံး