နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန် အရှေ့အလယ်ပိုင်း

ဂါဇာမူဝါဒက အမေရိကန်ကို အန္တရာယ်ဖြစ်စေကြောင်း အမေရိကန်အရာရှိဟောင်းများ ပြောကြား

++++++++++++++++++++++++++++++++++++++++++++++++

အစ္စရေးနှင့် ဂါဇာစစ်ပွဲအပေါ် မူဝါဒကြောင့် နှုတ်ထွက်ခဲ့သော ဘိုင်ဒင်အစိုးရအဖွဲ့မှ အရာရှိဟောင်း ၁၂ ဦးသည် အစိုးရ၏လုပ်ဆောင်ချက်များသည် အမေရိကန် အမျိုးသားလုံခြုံရေးကို အန္တရာယ်ဖြစ်စေသည်ဟု ပြောကြားခဲ့သည်။

မူဝါဒများသည် ထိုဒေသအတွင်း မတည်မငြိမ်ဖြစ်စေပြီး “အမေရိကန်၏ နောက်ကျောကို ဓားနှင့်ထိုးမည့်အနေအထားဖြစ်ကြောင်း” ပူးတွဲကြေညာချက်တွင် ဖော်ပြ ထားသည်။

အဆိုပါ ၁၂ ဦးအနက် တစ်ဦးမှာ အင်္ဂါနေ့တွင် အမေရိကန် ပြည်ထဲရေးဝန်ကြီးဌာနမှ နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။

ဂါဇာကမ်းမြောင်ဒေသရှိ အရပ်သားများ သေဆုံးဒဏ်ရာရမှုနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အရှိန်မြှင့်တင်ရန် ကြိုးပမ်းအားထုတ် မှုများကို ဝေဖန်ထောက်ပြပြီး အဆိုပါစွပ်စွဲချက်များကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ယခင်က ငြင်းဆိုထားသည်။

အရာရှိဟောင်းများ၏ ပူးတွဲကြေညာချက်တွင် “အမေရိကန်၏ သံတမန်ရေးရာ အကာအကွယ်ပေးမှုနှင့် အစ္စရေးသို့ လက်နက်များ အဆက်မပြတ် ပေးပို့နေမှုသည် ဂါဇာရှိ ပါလက်စတိုင်း ပြည်သူများကို သတ်ဖြတ်ခြင်းများတွင် ကြံရာပါအဖြစ် ပါဝင်ခြင်းနှင့် ငတ်မွတ်ခေါင်းပါးခြင်းများ ဖြစ်ပေါ်စေရန် ဖိအားသုံး ဆောင်ရွက်ခြင်းတို့တွင် ဆက်စပ်ပါဝင်နေခြင်းတို့သည် ငြင်းပယ်၍မရသော အမှန်တရား ဖြစ်သည်” ဟု ဖော်ပြထားသည်။

၎င်းထုတ်ပြန်ချက်သည် အမေရိကန်အရာရှိဟောင်းများထံမှ ပထမဆုံးသော ထုတ်ပြန်ချက် မဟုတ်ဘဲ အမေရိကန်ပြည်ထဲရေးဝန်ကြီးဌာနမှ အထူးလက်ထောက် တစ်ဦးဖြစ်သူ မေရီယန်ဟာဆန်နင် (Maryam Hassanein) ၏ အုပ်ချုပ်ရေးအဖွဲ့မှ နောက်ဆုံးနုတ်ထွက်မှုနှင့်အတူ ယခုကဲ့သို့ ထပ်မံထွက်ပေါ်လာခြင်းဖြစ်သည်။ ထိုကြေညာချက်ကိုလည်း သူမက လက်မှတ်ရေးထိုးပေးခဲ့သည်။

ပါလက်စတိုင်းပြည်သူများကို အကြီးအကျယ်ပျက်စီးဆုံးရှုံး စေရုံသာမက အစ္စရေးတို့ကိုလည်း အန္တရာယ်ဖြစ်စေသည့် “မအောင်မြင်သောပေါ်လစီ” ကို စွဲကိုင်ထားသည်ဟု အရာရှိဟောင်းများက စွပ်စွဲပြောကြားထားကာ လွတ်လပ်စွာ ပြောဆိုခွင့်ကို ပိတ်ပင်၍ နိုင်ငံတကာမှ လက်ခံထားသည့် စည်းမျဉ်းအပေါ် အမေရိကန်နိုင်ငံ၏ ကတိပြုထားမှုအပေါ်ယုံကြည် ကိုးစားမှုကို ပျက်ပြားစေသည်ဟုလည်း စွပ်စွဲထားသည်။

ပူးတွဲကြေညာချက်တွင် ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏တိုက်ခိုက်မှုများ ရှိနေသော်လည်း အစ္စရေးထံ ဆက်လက်ပြီး လက်နက်လွှဲပြောင်းပေးပို့နေမှုများသည် အရှေ့အလယ်ပိုင်းကို ပိုမိုမတည် မငြိမ်ဖြစ်စေပြီး အမေရိကန်ကို ပစ်မှတ်အဖြစ် ပြန်လည်ရောက်ရှိလာမည်ဖြစ်သည်ဟု ဆိုထားသည်။

“ကမ္ဘာကြီးဟာ ခေတ်သစ်မဟာဗျူဟာမြောက် ပြိုင်ဆိုင်မှုနဲ့ သွင်ပြင်လက္ခဏာ ပြောင်းလဲနေချိန်မှာ အမေရိကန်အပေါ် ယုံကြည်ကိုးစားမှုကို ကမ္ဘာနဲ့အဝှမ်း နက်နက်ရှိုင်းရှိုင်း ကျဆင်းနေချိန်မှာပဲ ဒေသတစ်ဝှမ်းမှာရှိတဲ့ ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး အကျိုးစီးပွားတွေလည်း သိသိသာသာ ထိခိုက်စေခဲ့ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထုတ်ပြန်ချက်ကို လက်မှတ်ရေးထိုးသူများထဲတွင် လွှတ်တော်တွင် လက်နက်လွှဲပြောင်းခြင်းဆိုင်ရာ ဆက်ဆံရေးကို ကြီးကြပ်သူ ဂျိုရှ် ပေါလ် (Josh Paul) လည်း ပါဝင်ပါ သည်။ သူသည် အောက်တိုဘာလတွင် အလုပ်မှ နှုတ်ထွက်ခဲ့သည်။

အိမ်ဖြူတော် အရာရှိဟောင်း၊ လေတပ်ဌာနမှ အမှုထမ်းဟောင်းနှစ်ဦးနှင့် ကာကွယ်ရေးထောက်လှမ်းရေး အေဂျင်စီမှတပ်မတော် အရာရှိဟောင်းတစ်ဦးတို့ လည်း လက်မှတ်ရေးထိုးခဲ့ကြသည်။

အကူအညီပေးရေး ဝန်ထမ်းလုပ်သားများကို အသေအပျောက်များစေသည့် တိုက်ခိုက်မှုအပြီးတွင် အစ္စရေးအပေါ် သမ္မတဘိုင်ဒင်၏ ဖိအားများသည် ဂါဇာရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို တားဆီးနိုင်ခဲ့ခြင်း မရှိကြောင်း လက်ရှိနှင့် ယခင်အရာရှိဟောင်းများအပါအဝင် အမေရိကန်အရာရှိခုနစ်ဦးမှ အစောပိုင်းတွင် BBC သတင်းဌာနသို့ ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်တွင် လူပေါင်း ၁၂၀၀ သေဆုံးစေခဲ့ပြီး ၂၅၁ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးသွားခဲ့သော ဂါဇာကမ်းမြောင်ဒေသကို သိမ်းပိုက်ထားသည့် ဟားမတ်စ်အဖွဲ့ကို လက်တုံ့ပြန်ချေမှုန်းရန် အစ္စရေးစစ်တပ်က စစ်ဆင်ရေးတစ်ရပ်ကို စတင်ခဲ့သည်။

ထိုအချိန်မှစ၍ ဂါဇာတွင် လူ ၃၇,၉၀၀ ကျော် သေဆုံးခဲ့ကြောင်း ဟားမတ်စ်လက်အောက်ခံကျန်းမာရေးဝန်ကြီးဌာန၏အဆိုအရ သိရသည်။

“ဗီယက်နမ်စစ်ပွဲပြီးကတည်းက ကျနော်တို့မှာ လမ်းကြောင်းတခုကို ထူထောင်ထားခဲ့ပါတယ်။ ဒီလမ်းကြောင်းက ပေါ်လစီနဲ့ပတ်သက်ပြီး သဘောမတူပါက အမှုထမ်းတွေကို ရှင်းလင်းစွာ ထုတ်ဖော်ပြောဆိုခွင့်ပေးထားပါတယ်၊ ဝန်ထမ်းတွေအနေနဲ့ သူတို့ရဲ့ကွပ်ကဲမှု ကွင်းဆက်ပြင်ပတွင် မူဝါဒသဘောထားကွဲလွဲမှုတွေကို ထုတ်ဖော်ပြသနိုင်ပြီး တုံ့ပြန်အရေးယူခံရမှာကို ကြောက်ရွံ့ခြင်း မရှိဘဲ အကြီးတန်းဌာနမှ အကြီးအကဲများထံ တိုက်ရိုက် ရောက်ရှိအောင် ဖော်ပြပေးနိုင်တဲ့အတွက် ဒီလိုလမ်းကြောင်းရှိနေတာကို ဂုဏ်ယူပါတယ်” ဟု အမေရိကန်အစိုးရဌာန ပြောရေးဆို ခွင့်ရှိသူတစ်ဦးက BBC သတင်းဌာနသို့ ပြောကြားခဲ့သည်။ “ဟုတ်ပါတယ်၊ သမ္မတက မူဝါဒကို ချမှတ်ပါတယ်” ဟု ပြောရေးဆိုခွင့် ရှိသူက ထပ်လောင်းပြောကြားခဲ့သည်။

“ဒါပေမယ့် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် (Antony Blinken) က လူသိရှင်ကြား ပြည်တွင်းမှာ ခဏခဏ ပြောခဲ့သလိုပဲ သူက သဘောထားကွဲလွဲတဲ့ ချန်နယ်တွေကို သူက ကြိုဆိုပြီး မတူကွဲပြားတဲ့ပြောကြားချက်တွေကို ကြားရတာ၊ မတူတဲ့ရှုထောင့်တွေကို သိရတာကြောင့် ကျေးဇူးတင်တယ်” ဟုဆိုသည်။

အောက်တိုဘာလ ၇ ရက်နေ့မှစပြီး အမေရိကန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန သည် “ပဋိပက္ခနှင့်ပတ်သက်သည့် မူဝါဒဆိုင်ရာ အကြံပြုချက်များအား ပေးနိုင်ရန် ရည်ရွယ်ပြုလုပ်ခဲ့သော ကြားနာမှု အများအပြား” ကို ပြုလုပ်ခဲ့ကြောင်း ပြောရေးဆို ခွင့်ရှိသူက ထပ်လောင်းပြောကြားခဲ့သည်။

အမေရိကန်သည် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေ ကို လိုက်နာရမည်ဟု အစ္စရေးနှင့် လူသိရှင်ကြားရော၊ လျှို့ဝှက်စွာပါ အမြင့်မားဆုံး တာဝန်ရှိသူများအဆင့်ဖြင့် ရှင်းလင်းပြောကြားခဲ့ပြီးဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီလတွင် ပြောကြားခဲ့သည်။

Ex-officials say Gaza policy has put US at risk အား TZK က ဘာသာပြန်ထားပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

ဖို့တ်ဝိန်းမြို့က မြန်မာတွေ နှင်ထုတ်ခံရနိုင်ခြေရှိတယ်လို့ မြို့တော်ဝန် တုံ့ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်
  • 15 Views
ဇန်နဝါရီ ၂၁ရက် သတင်း ၂၀၂၆ခုနှစ် Fort Wayne ဧရိယာရှိ မြန်မာနိုင်ငံသား ထောင်ပေါင်းများစွာ လာမည့်အပတ်မှစတင်၍ ပြည်နှင်ဒဏ်ပေးခံရမည့် အခြေအနေနှင့်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးလမ်းလျှောက်ကြွချီမှု လက်ရှိအခြေအနေ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်
  • 16 Views
၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ၂၇ရက် ‌ဗီယက်နမ်လူမျိုးဘိက္ခူအရှင်ပညာကာရ (Bhikkhu Paññākāra) ဦးဆောင်ပြီး အာလောက (Aloka) လို့ အမည်ပေးထားတဲ့ ကယ်ဆယ်ရေးခွေးလေးတစ်ကောင် ပါဝင်တဲ့
နိုင်ငံတကာသတင်း အမေရိကန်

မင်နီဆိုတာ (Minnesota) သတ်ဖြတ်မှုအပေါ် ကန့်ကွက်မှုများပြင်းထန်လာချိန်တွင် အိမ်ဖြူတော်က နောက်ဆုတ်မည့် အလားအလာများ စတင်ပြသလာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်
  • 21 Views
CNN -၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၇ရက် သမ္မတ ဒေါ်နယ်ထရန့်သည် ပြီးခဲ့သည့်နှစ်နှောင်းပိုင်းက မင်နီဆိုတာပြည်နယ်သို့ ဖက်ဒရယ်လူဝင်မှုကြီးကြပ်ရေးအေးဂျင့်များ အလုံးအရင်းနှင့်စေလွှတ်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် နောက်ဆုတ်မည့်လက္ခဏာများကို တနင်္လာနေ့တွင် ပြသခဲ့သည်။ ၎င်းသည် မြေပြင်မှ နှိမ်နင်းရေးအဖွဲ့ခေါင်းဆောင်ကို အစားထိုးလဲလှယ်ခဲ့ပြီး ပြည်နယ်၏ ဒီမိုကရက်တစ်
တရုတ် တောင်ကိုရီးယား နိုင်ငံတကာသတင်း ဥရောပ

အမေရိကန်သည်မဟာမိတ်များအပေါ် တင်းမာနေချိန် တရုတ်သမတကကမ္ဘာ့ နိုင်ငံအများအပြားနှင့် သံတမန်ဆက်ဆံရေး ကဏ္ဍသစ်ဖွင့်လှစ်‌

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်
  • 23 Views
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက် ၂၀၂၆ ခုနှစ်၏ အစောပိုင်း သီတင်းပတ်များအတွင်း တရုတ်နိုင်ငံ၏ သမ္မတ ရှီကျင့်ဖျင်သည် ၊ ဥရောပ၊ မြောက်အမေရိက၊ ကမ္ဘာ့တောင်ဘက်ခြမ်းနှင့် တရုတ်နိုင်ငံ၏ အနီးဝန်းကျင် ဒေသများအထိသံတမန်ဆက်ဆံရေးကို နှစ်နိုင်ငံချင်းဖြစ်စေ၊
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

စစ်ပွဲကာလအတွင်း အမေရိကန်၊ ယူကရိန်းနှင့် ရုရှားတို့ ပထမဆုံးအကြိမ် သုံးပွင့်ဆိုင် ဆွေးနွေးမှုပြုလုပ်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက် ယူကရိန်း၊ အမေရိကန်နှင့် ရုရှားနိုင်ငံတို့မှ ညှိနှိုင်းရေးမှူးများသည် သောကြာနေ့က အာရပ် စော်ဘွားများပြည်ထောင်စု (UAE) တွင် ဆွေးနွေးမှုများ စတင်ခဲ့ကြသည်။ ယင်းသည် ၂၀၂၂
ကမ္ဘောဒီးယား တောင်ကိုရီးယား နိုင်ငံတကာသတင်း

နောင်တရနေသော ဆိုင်ဘာလိမ်လည်သူတစ်ဦး ကမ္ဘောဒီးယားအကျဉ်းစခန်းမှ မည်သို့လွတ်မြောက်ခဲ့သလဲ – သူကိုယ်တိုင် လိမ်လည်ခံခဲ့ရသူများနှင့် ပူးပေါင်းခြင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်
  • 19 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၆ရက် ဆိုးလ်မြို့ –ဒက်စ် (Dex) သည် မိမိကိုယ်ကိုယ် လိမ်လည်သူတစ်ဦးအဖြစ် မရှုမြင်ခဲ့ပေ။ ကမ္ဘောဒီးယားရှိ သူ၏ အလုပ်သစ်တွင် ပထမနှစ်လအတွင်း သူသည် အမိန့်များကိုသာ နာခံ ခဲ့သည်။ နေ့စဉ်နေ့တိုင်း
နိုင်ငံတကာသတင်း ရုရှား

ရုရှားသည် ပြည်ပရောက် ဝေဖန်ရေးသမားများကို ပစ်မှတ်ထားရန် အင်တာပိုလ်(Interpol) ၏ အလိုရှိသူစာရင်းကို အသုံးချနေကြောင်း ပေါက်ကြားလာသည့် အချက်အလက်များက ဖော်ပြခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်
  • 18 Views
BBC – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက် အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ (Interpol) မှ သတင်းပေးသူတစ်ဦးက ထုတ်ဖော်လိုက်သည့် ဖိုင်ပေါင်းထောင်ချီတွင် ရုရှားနိုင်ငံသည် ပြည်ပရောက် ၎င်း၏ ဝေဖန်ရေးသမားများကို ပစ်မှတ်ထားရန်အတွက် နိုင်ငံတကာရဲတပ်ဖွဲ့၏
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်နိုင်ငံမင်နီအာ့ပလစ် (Minneapolis) မြို့တွင် ဖြစ်ပွားခဲ့သည့် ကြေကွဲဘွယ် ပစ်သတ်ခံရသည့်သူနာပြု အဲလက်စ် ပရက်တီအကြောင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်
  • 25 Views
၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၆ရက် မင်နီယာပိုလစ် (Minneapolis) မြို့မှာ ဖြစ်ပွားခဲ့တဲ့ ဖက်ဒရယ်လူဝင်မှုကြီးကြပ်ရေး အရာရှိ များက ဝိုင်းပစ်ခတ်သည့်အတွက် သေဆုံးခဲ့ရသော အဲလက်စ် ပရက်တီ(Alex Pretti) နှင့် ပတ်သက်သည့်ကြေကွဲဘွယ် အကြောင်းအရာများကို အောက်တွင် ဖော်ပြပေးလိုက်သည်။ဖြစ်စဉ်အကျဉ်းအသက်