နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန် အရှေ့အလယ်ပိုင်း

ဂါဇာမူဝါဒက အမေရိကန်ကို အန္တရာယ်ဖြစ်စေကြောင်း အမေရိကန်အရာရှိဟောင်းများ ပြောကြား

++++++++++++++++++++++++++++++++++++++++++++++++

အစ္စရေးနှင့် ဂါဇာစစ်ပွဲအပေါ် မူဝါဒကြောင့် နှုတ်ထွက်ခဲ့သော ဘိုင်ဒင်အစိုးရအဖွဲ့မှ အရာရှိဟောင်း ၁၂ ဦးသည် အစိုးရ၏လုပ်ဆောင်ချက်များသည် အမေရိကန် အမျိုးသားလုံခြုံရေးကို အန္တရာယ်ဖြစ်စေသည်ဟု ပြောကြားခဲ့သည်။

မူဝါဒများသည် ထိုဒေသအတွင်း မတည်မငြိမ်ဖြစ်စေပြီး “အမေရိကန်၏ နောက်ကျောကို ဓားနှင့်ထိုးမည့်အနေအထားဖြစ်ကြောင်း” ပူးတွဲကြေညာချက်တွင် ဖော်ပြ ထားသည်။

အဆိုပါ ၁၂ ဦးအနက် တစ်ဦးမှာ အင်္ဂါနေ့တွင် အမေရိကန် ပြည်ထဲရေးဝန်ကြီးဌာနမှ နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။

ဂါဇာကမ်းမြောင်ဒေသရှိ အရပ်သားများ သေဆုံးဒဏ်ရာရမှုနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အရှိန်မြှင့်တင်ရန် ကြိုးပမ်းအားထုတ် မှုများကို ဝေဖန်ထောက်ပြပြီး အဆိုပါစွပ်စွဲချက်များကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ယခင်က ငြင်းဆိုထားသည်။

အရာရှိဟောင်းများ၏ ပူးတွဲကြေညာချက်တွင် “အမေရိကန်၏ သံတမန်ရေးရာ အကာအကွယ်ပေးမှုနှင့် အစ္စရေးသို့ လက်နက်များ အဆက်မပြတ် ပေးပို့နေမှုသည် ဂါဇာရှိ ပါလက်စတိုင်း ပြည်သူများကို သတ်ဖြတ်ခြင်းများတွင် ကြံရာပါအဖြစ် ပါဝင်ခြင်းနှင့် ငတ်မွတ်ခေါင်းပါးခြင်းများ ဖြစ်ပေါ်စေရန် ဖိအားသုံး ဆောင်ရွက်ခြင်းတို့တွင် ဆက်စပ်ပါဝင်နေခြင်းတို့သည် ငြင်းပယ်၍မရသော အမှန်တရား ဖြစ်သည်” ဟု ဖော်ပြထားသည်။

၎င်းထုတ်ပြန်ချက်သည် အမေရိကန်အရာရှိဟောင်းများထံမှ ပထမဆုံးသော ထုတ်ပြန်ချက် မဟုတ်ဘဲ အမေရိကန်ပြည်ထဲရေးဝန်ကြီးဌာနမှ အထူးလက်ထောက် တစ်ဦးဖြစ်သူ မေရီယန်ဟာဆန်နင် (Maryam Hassanein) ၏ အုပ်ချုပ်ရေးအဖွဲ့မှ နောက်ဆုံးနုတ်ထွက်မှုနှင့်အတူ ယခုကဲ့သို့ ထပ်မံထွက်ပေါ်လာခြင်းဖြစ်သည်။ ထိုကြေညာချက်ကိုလည်း သူမက လက်မှတ်ရေးထိုးပေးခဲ့သည်။

ပါလက်စတိုင်းပြည်သူများကို အကြီးအကျယ်ပျက်စီးဆုံးရှုံး စေရုံသာမက အစ္စရေးတို့ကိုလည်း အန္တရာယ်ဖြစ်စေသည့် “မအောင်မြင်သောပေါ်လစီ” ကို စွဲကိုင်ထားသည်ဟု အရာရှိဟောင်းများက စွပ်စွဲပြောကြားထားကာ လွတ်လပ်စွာ ပြောဆိုခွင့်ကို ပိတ်ပင်၍ နိုင်ငံတကာမှ လက်ခံထားသည့် စည်းမျဉ်းအပေါ် အမေရိကန်နိုင်ငံ၏ ကတိပြုထားမှုအပေါ်ယုံကြည် ကိုးစားမှုကို ပျက်ပြားစေသည်ဟုလည်း စွပ်စွဲထားသည်။

ပူးတွဲကြေညာချက်တွင် ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏တိုက်ခိုက်မှုများ ရှိနေသော်လည်း အစ္စရေးထံ ဆက်လက်ပြီး လက်နက်လွှဲပြောင်းပေးပို့နေမှုများသည် အရှေ့အလယ်ပိုင်းကို ပိုမိုမတည် မငြိမ်ဖြစ်စေပြီး အမေရိကန်ကို ပစ်မှတ်အဖြစ် ပြန်လည်ရောက်ရှိလာမည်ဖြစ်သည်ဟု ဆိုထားသည်။

“ကမ္ဘာကြီးဟာ ခေတ်သစ်မဟာဗျူဟာမြောက် ပြိုင်ဆိုင်မှုနဲ့ သွင်ပြင်လက္ခဏာ ပြောင်းလဲနေချိန်မှာ အမေရိကန်အပေါ် ယုံကြည်ကိုးစားမှုကို ကမ္ဘာနဲ့အဝှမ်း နက်နက်ရှိုင်းရှိုင်း ကျဆင်းနေချိန်မှာပဲ ဒေသတစ်ဝှမ်းမှာရှိတဲ့ ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး အကျိုးစီးပွားတွေလည်း သိသိသာသာ ထိခိုက်စေခဲ့ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထုတ်ပြန်ချက်ကို လက်မှတ်ရေးထိုးသူများထဲတွင် လွှတ်တော်တွင် လက်နက်လွှဲပြောင်းခြင်းဆိုင်ရာ ဆက်ဆံရေးကို ကြီးကြပ်သူ ဂျိုရှ် ပေါလ် (Josh Paul) လည်း ပါဝင်ပါ သည်။ သူသည် အောက်တိုဘာလတွင် အလုပ်မှ နှုတ်ထွက်ခဲ့သည်။

အိမ်ဖြူတော် အရာရှိဟောင်း၊ လေတပ်ဌာနမှ အမှုထမ်းဟောင်းနှစ်ဦးနှင့် ကာကွယ်ရေးထောက်လှမ်းရေး အေဂျင်စီမှတပ်မတော် အရာရှိဟောင်းတစ်ဦးတို့ လည်း လက်မှတ်ရေးထိုးခဲ့ကြသည်။

အကူအညီပေးရေး ဝန်ထမ်းလုပ်သားများကို အသေအပျောက်များစေသည့် တိုက်ခိုက်မှုအပြီးတွင် အစ္စရေးအပေါ် သမ္မတဘိုင်ဒင်၏ ဖိအားများသည် ဂါဇာရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို တားဆီးနိုင်ခဲ့ခြင်း မရှိကြောင်း လက်ရှိနှင့် ယခင်အရာရှိဟောင်းများအပါအဝင် အမေရိကန်အရာရှိခုနစ်ဦးမှ အစောပိုင်းတွင် BBC သတင်းဌာနသို့ ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်တွင် လူပေါင်း ၁၂၀၀ သေဆုံးစေခဲ့ပြီး ၂၅၁ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးသွားခဲ့သော ဂါဇာကမ်းမြောင်ဒေသကို သိမ်းပိုက်ထားသည့် ဟားမတ်စ်အဖွဲ့ကို လက်တုံ့ပြန်ချေမှုန်းရန် အစ္စရေးစစ်တပ်က စစ်ဆင်ရေးတစ်ရပ်ကို စတင်ခဲ့သည်။

ထိုအချိန်မှစ၍ ဂါဇာတွင် လူ ၃၇,၉၀၀ ကျော် သေဆုံးခဲ့ကြောင်း ဟားမတ်စ်လက်အောက်ခံကျန်းမာရေးဝန်ကြီးဌာန၏အဆိုအရ သိရသည်။

“ဗီယက်နမ်စစ်ပွဲပြီးကတည်းက ကျနော်တို့မှာ လမ်းကြောင်းတခုကို ထူထောင်ထားခဲ့ပါတယ်။ ဒီလမ်းကြောင်းက ပေါ်လစီနဲ့ပတ်သက်ပြီး သဘောမတူပါက အမှုထမ်းတွေကို ရှင်းလင်းစွာ ထုတ်ဖော်ပြောဆိုခွင့်ပေးထားပါတယ်၊ ဝန်ထမ်းတွေအနေနဲ့ သူတို့ရဲ့ကွပ်ကဲမှု ကွင်းဆက်ပြင်ပတွင် မူဝါဒသဘောထားကွဲလွဲမှုတွေကို ထုတ်ဖော်ပြသနိုင်ပြီး တုံ့ပြန်အရေးယူခံရမှာကို ကြောက်ရွံ့ခြင်း မရှိဘဲ အကြီးတန်းဌာနမှ အကြီးအကဲများထံ တိုက်ရိုက် ရောက်ရှိအောင် ဖော်ပြပေးနိုင်တဲ့အတွက် ဒီလိုလမ်းကြောင်းရှိနေတာကို ဂုဏ်ယူပါတယ်” ဟု အမေရိကန်အစိုးရဌာန ပြောရေးဆို ခွင့်ရှိသူတစ်ဦးက BBC သတင်းဌာနသို့ ပြောကြားခဲ့သည်။ “ဟုတ်ပါတယ်၊ သမ္မတက မူဝါဒကို ချမှတ်ပါတယ်” ဟု ပြောရေးဆိုခွင့် ရှိသူက ထပ်လောင်းပြောကြားခဲ့သည်။

“ဒါပေမယ့် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် (Antony Blinken) က လူသိရှင်ကြား ပြည်တွင်းမှာ ခဏခဏ ပြောခဲ့သလိုပဲ သူက သဘောထားကွဲလွဲတဲ့ ချန်နယ်တွေကို သူက ကြိုဆိုပြီး မတူကွဲပြားတဲ့ပြောကြားချက်တွေကို ကြားရတာ၊ မတူတဲ့ရှုထောင့်တွေကို သိရတာကြောင့် ကျေးဇူးတင်တယ်” ဟုဆိုသည်။

အောက်တိုဘာလ ၇ ရက်နေ့မှစပြီး အမေရိကန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန သည် “ပဋိပက္ခနှင့်ပတ်သက်သည့် မူဝါဒဆိုင်ရာ အကြံပြုချက်များအား ပေးနိုင်ရန် ရည်ရွယ်ပြုလုပ်ခဲ့သော ကြားနာမှု အများအပြား” ကို ပြုလုပ်ခဲ့ကြောင်း ပြောရေးဆို ခွင့်ရှိသူက ထပ်လောင်းပြောကြားခဲ့သည်။

အမေရိကန်သည် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေ ကို လိုက်နာရမည်ဟု အစ္စရေးနှင့် လူသိရှင်ကြားရော၊ လျှို့ဝှက်စွာပါ အမြင့်မားဆုံး တာဝန်ရှိသူများအဆင့်ဖြင့် ရှင်းလင်းပြောကြားခဲ့ပြီးဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီလတွင် ပြောကြားခဲ့သည်။

Ex-officials say Gaza policy has put US at risk အား TZK က ဘာသာပြန်ထားပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 82 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 75 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 75 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက