နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 1 ရက်

မြန်မာသတင်း

မြန်မာသတင်း

ထိုင်းမှာ စက်ရုံပိတ်သိမ်းတာကြောင့် အခက်အခဲဖြစ်နေတဲ့ မြန်မာလုပ်သား (၃၀၀)ကျော် နစ်နာကြေးရရှိအောင် NUG ဆောင်ရွက်ပေးခဲ့

ဩဂုတ်လ (၆)ရက်။

ထိုင်းနိုင်ငံမှာ စက်ရုံပိတ်သိမ်းတာကြောင့် အခက်အခဲဖြစ်နေတဲ့ မြန်မာလုပ်သား (၃၀၀)ကျော်ကို နစ်နာကြေးရရှိစေဖို့ ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ NUG ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

မဟာချိုင်မြို့ရှိ စက္ကူစက်ရုံတခုက ဇူလိုင်လ ဒုတိယအပတ်မှာ ကြိုတင်အကြောင်းကြားတာမရှိဘဲ စက်ရုံပိတ်သိမ်းတာကို စကားပြန်ကနေတဆင့် အလုပ်သမားတွေကို ပြောဆိုခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီအတွက်ကြောင့် မြန်မာအလုပ်သမား (၃၀၀)ကျော်အပါအ၀င် စုစုပေါင်း ရွှေ့ပြောင်းအလုပ်သမား (၃၈၀)ကျော်ခန့်ဟာ အလုပ်လက်မဲ့ဖြစ်ပြီး အခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့ကြောင့် M.H.A.C မဟာမိတ်အဖွဲ့ကို အကူအညီတောင်းခဲ့ပြီး NUG အလုပ်သမား၀န်ကြီးဌာနက တာ၀န်ရှိသူတွေ၊ LPN ဖောင်ဒေးရှင်းနဲ့အတူ ထိုင်းဥပဒေနဲ့အညီ နစ်နာကြေးရရှိဖို့ ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ ရေးသားထားပါတယ်။

NUG နဲ့ တာ၀န်ရှိသူတွေက ကူညီပေးခဲ့တဲ့အတွက် ဩဂုတ်လ (၄)ရက်နေ့မှာ အလုပ်သမား (၃၈၀)ဦးအတွက် နစ်နာကြေး ဘတ် (၁၈)သန်းကျော်ကို အလုပ်ရှင်က သဘောတူပေးချေခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် အလုပ်သမားတွေ အလုပ်ရှာနေချိန်မှာ လူမှုဖူလုံရေးကြေး (၂)လစာရရှိဖို့ လူမှုဖူလုံရေးရုံးကို တင်ပြတောင်းခံပေးထားပြီး ထောက်ပံ့ကြေးငွေတွေအပါအ၀င် အလုပ်ပြောင်းရွှေ့ခွင့်ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဝက်လက်နယ်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၂၈)ဦး သေဆုံးခဲ့ရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 1 ရက်
  • 2 Views
ဇန်နဝါရီလ (၁)ရက်။ ပြီးခဲ့တဲ့လထဲ ဝက်လက်နယ်အရှေ့ခြမ်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်တာ (၁၄)ကြိမ်အထိ ရှိခဲ့တယ်လို့ Wetlet information network ရဲ့
မြန်မာသတင်း

ကရင်နီပြည်သူတွေရဲ့ လွတ်လပ်ရေးတိုက်ပွဲကို နိုင်ငံတကာက ထောက်ပံ့ကူညီဖို့ Karenni-IEC ဥက္ကဋ္ဌ တောင်းဆို

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 1 ရက်
  • 3 Views
ဇန်နဝါရီလ (၁)ရက်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ကရင်နီပြည်သူတွေရဲ့ တရားမျှတတဲ့ လွတ်လပ်ရေး‌တိုက်ပွဲကို ထောက်ပံ့ကူညီပေးဖို့ Karenni-IEC ဥက္ကဋ္ဌ ခူဦးရယ်ရဲ့ ဒီကနေ့ နှစ်သစ်သဝဏ်လွှာမှာ
မြန်မာသတင်း

အကျဉ်းသား (၁၁၀)ဦးကို NUG ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 1 ရက်
  • 3 Views
ဇန်နဝါရီလ (၁)ရက်။ အကျဉ်းထောင်နဲ့ အကျဉ်းစခန်းတွေမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား/သူ (၁၁၀)ဦးကို NUG က ဒီကနေ့မှာ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် ပေးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒီကနေ့ကျရောက်တဲ့ နှစ်သစ်အခါသမယနေ့မှာ နွေဦးတော်လှန်ရေးရဲ့ အကျိုးစီးပွားကို ရှေ့ရှုပြီး လူသားစာနာမှုကို
မြန်မာသတင်း

အထူးတိုင်းစစ်ဌာနအောက် တပ်ရင်း(၁)ရင်းနဲ့ ဒရုန်းတပ်ဖွဲ့တဖွဲ့ အတည်ပြုဖွဲ့စည်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 30 ရက်
  • 51 Views
ဒီဇင်ဘာလ (၃၀)ရက်။ အထူးတိုင်းစစ်ဌာနရဲ့ ကွပ်ကဲမှုအောက်မှာ တပ်ရင်း (၁)ရင်းနဲ့ ဒရုန်းတပ်ဖွဲ့တဖွဲ့တို့ကို အတည်ပြုဖွဲ့စည်းလိုက်ပြီဖြစ်တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အတည်ပြုဖွဲ့စည်းလိုက်တဲ့ တပ်ရင်းနဲ့ ဒရုန်းတပ်ဖွဲ့ဟာ အမှတ်(၈၀၀၁)တပ်ရင်း Ye Guerilla Force(YGF)နဲ့ အမှတ်(၁၈၁၉)ဒရုန်းတပ်ဖွဲ့ Flying
မြန်မာသတင်း

ဂန့်ဂေါခရိုင်ထဲ ယောဒေသစစ်ဆင်ရေး ဂန့်ဂေါခရိုင်စစ်ဌာန စတင်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 30 ရက်
  • 55 Views
စစ်တပ်လက်အောက်ခံ ပျူစောထီးရွာတရွာကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ဆို ဒီဇင်ဘာလ (၃၀)ရက်။ ဒီဇင်ဘာလ (၂၇)ရက်နေ့ နံနက် (၅)နာရီအချိန်ကစပြီး ဂန့်ဂေါခရိုင်ထဲရှိ စစ်တပ်စခန်းတွေနဲ့ ပျူစောထီးရွာတွေကို ယောဒေသစစ်ဆင်ရေးအနေနဲ့ စတင်ထိုးစစ်ဆင်ခဲ့တယ်လို့ ဂန့်ဂေါခရိုင်စစ်ဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်ဆင်ရေးကို ဂန့်ဂေါခရိုင်စစ်ဌာနအနေနဲ့
မြန်မာသတင်း

ချောက်မြို့တိုက်ပွဲထဲ စစ်တပ်ဘက်က (၇)ဦးသေဆုံးပြီး (၂၀)ခန့် ပြင်းထန်ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 30 ရက်
  • 44 Views
ဒီဇင်ဘာလ (၃၀)ရက်။ ချောက်မြို့ရှိ စစ်တပ်ရဲ့ မြို့အဝင်ဂိတ်၊ တပ်စခန်းနဲ့ စစ်ကြောင်းတွေကို တိုက်ခိုက်ခဲ့တယ်လို့ မကွေးခရိုင်စစ်ဌာန-PDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒီဇင်ဘာလ (၂၃)ရက်နေ့ နံနက် (၅)နာရီအချိန်က ဖိုကုန်းရွာအနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို
မြန်မာသတင်း

၂၀၂၆ခုနှစ်မှာ တော်လှန်ရေး အောင်မြင်စွာ အဆုံးမသတ်နိုင်သေးဘူးလို့ ဒေါက်တာဇော်ဝေစိုးပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 30 ရက်
  • 26 Views
ဒီဇင်ဘာလ (၃၀)ရက်။ ၂၀၂၆ခုနှစ်မှာ တေယ်လှန်ရေးကို အောင်မြင်စွာ အဆုံးမသတ်နိုင်သေးဘူးလို့ NUG ဝန်ကြီးချုပ်ရုံးရဲ့ ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက မနေ့က PVTV နဲ့ မေးမြန်းခန်းမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ၂၀၂၆မှာ ဘာဖြစ်မလဲဆိုတာ တိတိကျကျ
မြန်မာသတင်း

ရွေးကောက်ပွဲအပိုင်း(၁)ကို အောင်မြင်စွာကျင်းပနိုင်တယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 30 ရက်
  • 31 Views
ရွေးကောက်ပွဲကာလ မြို့နယ်ပေါင်း (၅၀)ကျော် တိုက်ခိုက်ခံရတယ်လို့ဆို ဒီဇင်ဘာလ (၃၀)ရက်။ ရွေးကောက်ပွဲအပိုင်း(၁)ကို မြို့နယ်ပေါင်း (၁၀၂)မြို့နယ်မှာ အောင်မြင်စွာကျင်းပနိုင်တယ်ဆိုပြီး စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရွေးကောက်ပွဲကျင်းပတဲ့အချိန် (၁၀၂)မြို့နယ်ထဲက လွိုင်ကော်မြို့အပါအဝင် ပစ်ခတ်တိုက်ခိုက်ခံရတဲ့ မြို့နယ် (၁၁)ခုရှိခဲ့ပြီး