နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 23 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဥရောပ

မီရှယ် ဘာနီရေ (Michel Barnier) ကို ပြင်သစ်ဝန်ကြီးချုပ်သစ်အဖြစ် ခန့်အပ်

+++++++++++++++++++++++++++++++++++++++++++

စက်တင်ဘာလ (၆) ရက်၊ CNN သတင်း။

ဥရောပသမဂ္ဂ ၏ ဗြိတိသျှနှုတ်ထွက်မှု (Brexit) တွင် စေ့စပ်ညှိနှိုင်းရေးမှူးဟောင်း မီရှယ် ဘာနီရေ (Michel Barnier) သည် ပြင်သစ်နိုင်ငံ၏ ဝန်ကြီးချုပ်သစ်အဖြစ် ခန့်အပ်ခံရကြောင်း ပြင်သစ်သမ္မတရုံးက ပြောကြားပြီး ပါလီမန်ရွေးကောက်ပွဲများအပြီး နှစ်လကြာ မတည်မငြိမ်ဖြစ်မှုများကို အဆုံးသတ်လိုက်ကြောင်း သိရသည်။ ကြာသပတေးနေ့တွင် အီလက်ဆီနန်းတော် (Elysée Palace) ၏ ထုတ်ပြန်ချက်တွင်“ သမ္မတက မီရှယ်ဘာနီရေကို ဝန်ကြီးချုပ်အဖြစခန့်အပ်ခဲ့သည်။ တိုင်းပြည်နှင့် ပြင်သစ်ပြည်သူများအတွက် တာဝန်ထမ်းဆောင်ဖို့ စည်းလုံးညီညွတ်သည့် အစိုးရတစ်ရပ်ဖွဲ့စည်းရမည်ဖြစ်သည်။” ဟု ဖော်ပြသည်။

တည်ငြိမ်သောအစိုးရ ဖြစ်ရန်သေချာစေရန် မီရှယ်ဘာနီရေကို ခန့်အပ်မှုသည် “ မကြုံစဖူး ညှိနှိုင်းမှုသံသရာ” အပြီးတွင် ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ ခိုင်မာအားကောင်းသော ဥရောပစည်းလုံးမှုကို အလေးထားသူ (Europhile) တဦးဖြစ်သည့် အသက် ၇၃ နှစ်အရွယ် ဘာနီရေသည် ရိုးရာအခွင့်အရေးကို ကိုယ်စားပြုသည့် ရီပတ်ဘလီကန်ပါတီ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ ဥရောပသမဂ္ဂမှ ဗြိတိန်နှုတ်ထွက်ရေးကို ကြားဝင်ဖျန်ဖြေရာတွင် ၎င်း၏အခန်းကဏ္ဍအတွက် နိုင်ငံတကာစင်မြင့်တွင် လူသိများသည်။

ပြင်သစ်နှင့် ဥရောပနိုင်ငံရေးတွင် နှစ် ၄၀ ကြာ ဝါရင့်နိုင်ငံရေးသမား မီရှယ်ဘာနီရေသည် နိုင်ငံခြားရေး၊ စိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးစသည့် ပြင်သစ်နိုင်ငံ၌ ဝန်ကြီးနေရာ ရာထူးအသီးသီးကို ထမ်းဆောင်ခဲ့သည်။ သူသည် ဥရောပကော်မရှင်နာအဖြစ် နှစ်ကြိမ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆာလာဗွန်ဒါလီယန် (Ursula von der Leyen) ၏ အကြံပေးတစ်ဦးလည်းဖြစ်သည်။ ၂၀၂၁ ခုနှစ်တွင် ဘာနီရေသည် ၎င်း၏ သမ္မတရွေးကောက်ပွဲအတွက် ဝင်ရောက်ရန် ကြေညာခဲ့သော်လည်း ၎င်း၏ ပါတီအတွင်း လုံလောက်သော ထောက်ခံမှု မရရှိခဲ့ပေ။

ပြင်သစ်နိုင်ငံ၏ ဒုတိယအကျော့ ပါလီမန်ရွေးကောက်ပွဲတွင် ၎င်း၏ဗဟိုဖြစ်သော Ensemble မဟာမိတ်အဖွဲ့ ရှုံးနိမ့်ပြီးနောက် ဝန်ကြီးချုပ်ဟောင်း Gabriel Attal နှင့် ၎င်း၏ အစိုးရနုတ်ထွက်စာကို သမတ မက်ခရွန် (Macron) က ဇူလိုင်လတွင် လက်ခံခဲ့သည်။ သမ္မတသည် ဝန်ကြီးချုပ်အသစ်ကို အမည်ပေးရန်အတွက် နိုင်ငံရေး အကွဲအပြဲများကြားမှ တောင်းဆိုမှုများနှင့် ရင်ဆိုင်နေရသည်။ ပြီးခဲ့သည့်အပတ်က မက်ခရွန်သည် ဆာဗီယား (Serbia) သို့ သွားရောက်လည်ပတ်စဉ်တွင် သူသည် ဝန်ကြီးချုပ်ရာထူးအတွက် တစုံတယောက်၏ အမည်ကို အပြီးသတ်ရန် ရွေးချယ်ရန် “ လိုအပ်သမျှ ကြိုးပမ်းအားထုတ်မှု” ကို လုပ်ဆောင်နေသည်ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။

အစိုးရဖွဲ့စည်းခြင်း။

ဘာနီရေ၏ တည်ငြိမ်သော အစိုးရဖွဲ့ရန် အလားအလာမှာ မရှင်းလင်းပေ။ လက်ရှိတွင် ပြင်သစ်၏ လက်ယာစွန်းအမျိုးသားစုဝေးပွဲ (RN)ပါတီသည် ဇူလိုင်လအစောပိုင်း ရွေးကောက်ပွဲအပြီး ပါလီမန်တွင် အကြီးဆုံးပါတီများထဲမှ တစ်ခုဖြစ်သည်။ ဘာနီရေနှင့် လက်တွဲလုပ်ဆောင်ရန် ပွင့်လင်းမြင်သာမှု ရှိနိုင်သည်ဟု ယခင်က အကြံပြုထားပြီး သူတို့သည် ဘာနီရေအစိုးရကို ချက်ချင်းပင် ဗီတိုအာဏာသုံးမည်မဟုတ်ဟု ဆိုသည်။

သို့တိုင် RN နိုင်ငံရေးသမား လောရင့် ဂျက်ကော့ဘယ်လီ (Laurent Jacobelli) သည် ဘာနီရေအား ပြင်သစ်ရုပ်မြင်သံကြားကွန်ရက် TF1 သို့ ပြောရာတွင် “ ပြင်သစ်နိုင်ငံကို နှစ်ပေါင်း ၄၀ အုပ်ချုပ်ခဲ့တဲ့သူတို့ဟာ လုံးဝမသုံးဘဲ ချောင်ထိုးထားသူကို ထုတ်သုံးနေတယ်” ဟု ဆိုသည်။ ပြင်သစ်၏ အဓိကလက်ယာစွန်းနှင့် လက်ဝဲစွန်းနိုင်ငံရေးပါတီများမှ ခေါင်းဆောင်များသည် ကြာသပတေးနေ့တွင် ဘာနီရေကို ခန့်အပ်ခြင်းအား တုံ့ပြန်ခဲ့ပြီး ယင်းဆုံးဖြတ်ချက်ကို လက်ဝဲစွန်းက ရှုတ်ချခဲ့သည်။ လက်ယာစွန်းအမျိုးသားစုဝေးပွဲပါတီ (NR) ၏ ဥက္ကဋ္ဌ ဂျော်ဒန်ဘရတ်ဒဲလာ (Jordan Bardella) က ဘာနီရေ၏ ကျမ်းသစ္စာကျိန်ဆိုပွဲတွင် ပြောကြားခဲ့သည် “အထွေထွေ မူဝါဒမိန့်ခွန်း၊ သူ၏ဘတ်ဂျက်ဆိုင်ရာ ဆုံးဖြတ်ချက်များနှင့် ၎င်း၏လုပ်ဆောင်ချက်များအပေါ် အခြေခံ၍ “အကဲဖြတ်မည်” ဟု ဆိုရှယ်မီဒီယာတွင် ပြောကြားခဲ့သည်။

ဘရတ်ဒဲလာပါတီ လုပ်ဖော်ကိုင်ဖက် မာရိန်လီပင်း (Marine Le Pen) သည် ဘာနီရေက ၎င်း၏ မူဝါဒအစီအစဉ်များကို မဖော်ပြမချင်း ပါတီသည် “မည်သည့်အစိုးရတွင်မဆိုပါဝင်မည်မဟုတ်ကြောင်း” ရုပ်မြင်သံကြားတွင် အလေးပေးပြောကြားခဲ့ပါသည်။

လီပင်းသည် ဝါရင့်နိုင်ငံရေးသမားအား “ကွဲပြားသော နိုင်ငံရေးအင်အားစုများအတွင်းရှိ လေးစားထိုက်သောသူတစ်ဦး” နှင့် သူမ၏ ပါတီကို “ပြောဆိုနိုင်စွမ်းရှိသူ” အဖြစ် ဖော်ပြကာ ဘာနီရေကို အဆင့်တစ်ဆင့်ပေးကာ ချီးမွမ်းခဲ့သည်။ ထိုအတောအတွင်း လက်ဝဲစွန်း ဦးမညွှတ်သောပြင်သစ် (France Unbowed) ပါတီမှ ရှောင်းလူ့မီလန်ချောင် (Jean-Luc Melenchon) သည် ဇူလိုင်လတွင် ကျင်းပခဲ့သော ပါလီမန်ရွေးကောက်ပွဲများကို “ခိုးယူ” သည်ဟု စွပ်စွဲကာ သမ္မတ မက်ခရွန်အား ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့သည်။

“သမ္မတက သူကိုယ်တိုင် ကျင်းပပေးထားတဲ့ ဥပဒေပြုလွှတ်တော် ရွေးကောက်ပွဲ ရလဒ်တွေကို တရားဝင် ငြင်းဆိုထားပါတယ်။ သူ (ဘာနီရေ) သည် ဥပဒေပြုရေး ရွေးကောက်ပွဲတွင် အနည်းဆုံး နေရာရခဲ့တဲ့ပါတီတစ်ခုရဲ့ အဖွဲ့ဝင်တစ်ဦးသာဖြစ်ပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲကို ပြင်သစ်ပြည်သူတွေဆီက ခိုးယူခဲ့တာပါ” ဟု မီလန်ချောင်က ရုပ်မြင်သံကြား မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

လက်ဝဲယိမ်းခေါင်းဆောင်က ဘာနီရေ ခန့်အပ်မှုကို ဆန့်ကျင်ကန့်ကွက်ရန် ပြင်သစ်ပြည်သူများအား ယခုစနေနေ့မှစ၍ တောင်းဆိုခဲ့သည်။ဘာနီရေသည် ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်စဉ်အတွင်း စေ့စပ်ညှိနှိုင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ လန်ဒန်နှင့် ဘရပ်ဆဲလ် အကြား ရှည်လျားသော ဆွေးနွေးပွဲများသည် ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ကြာမြင့်ခဲ့ပြီး UK ရှိ Brexiteers များအကြားတွင် အလျှော့ပေးမှုကြောင့် လူသိများသည်။ ၁၉၅၁ ခုနှစ် ဇန်နဝါရီလတွင် Grenoble ၏ Alpine မြို့ ဆင်ခြေဖုံးတွင် မွေးဖွားခဲ့ပြီး ဘာနီရေသည် အသက် ၂၇ နှစ်တွင် ပါလီမန်၌ ပထမဆုံး ရွေးချယ်ခံခဲ့ရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 8 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် သုံးပုံနှစ်ပုံက အီရန်နှင့်စစ်ပွဲကို “ ရွေးချယ်မှုအရတိုက်ခိုက်သောစစ်ပွဲ” ဟု CBS News ၏ စစ်တမ်းအသစ်တွင် ဖော်ပြ

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 11 Views
၂၀၂၆ခုနှစ်၊ မတ်လ ၂၂ရက် CNN- ဂျနီဖာ အာဂီယက်စတာ (Jennifer Agiesta) ရေးသားသည်။ CBS News နှင့် YouGov တို့၏ စစ်တမ်းအသစ်အရ အမေရိကန်နိုင်ငံသား သုံးပုံနှစ်ပုံက အီရန်နှင့်စစ်ပွဲကို လိုအပ်ချက်အရတိုက်ခိုက်ခြင်းထက် မိမိတို့ရွေးချယ်မှုအရ
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

ရှီ-ထရန့် ထိပ်သီးအစည်းအဝေး ကြန့်ကြာမှုကြောင့် တရုတ်နိုင်ငံက ဘာကြောင့် ပိုမို အသာစီး ရလာနိုင်သလဲ။  ဆဲလ်ဗီ ဇောင်း (Sylvie Zhuang) ၏ သုံးသပ်ချက်

  • 2026 ခုနှစ်၊ မတ်လ 21 ရက်
  • 25 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၂၁)ရက် ဟောင်ကောင် — အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နှင့် ပြုလုပ်မည့် အရေးပါသော ထိပ်သီးအစည်းအဝေးကို ရွှေ့ဆိုင်းရန် တောင်းဆိုလိုက်ခြင်းသည် ပေကျင်းအတွက် အကျိုးရှိသွားစေနိုင်ကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သည့် တရုတ်သတင်း ရင်းမြစ်အချို့က
ကနေဒါ နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ရုရှား၊ တရုတ်နှင့် အမေရိကန် – အီရန်စစ်ပွဲ၏ ကမ္ဘာ့အကျိုးအမြတ်ရရှိသူများနှင့် အရှုံးပေါ်သူများ

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 27 Views
BBC- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက် အရှေ့အလယ်ပိုင်းရှိ ရေနံထုတ်လုပ်သည့် နိုင်ငံများသည် ပဋိပက္ခကြောင့် ဟော်မုဇ် ရေလက်ကြား ပိတ်ဆို့မှုနှင့်အတူ ကြီးမားသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ ယော့ခ်ရှိုင်းယား (Yorkshire) ရှိ နေအိမ်များအတွက်
နိုင်ငံတကာသတင်း အမေရိကန်

လွှတ်တော်ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌက အက်ပ်စတိန်း (Epstein) စုံစမ်းစစ်ဆေးမှု အတွက် ရှေ့နေချုပ် ပမ် ဘွန်ဒီ (Pam Bondi) ကို ဆင့်ခေါ်

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 25 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက် လွှတ်တော်ကြီးကြပ်ရေးကော်မတီ (House Oversight Committee) ဥက္ကဋ္ဌ ဂျိမ်းစ် ကိုးမား (James Comer) သည် ဂျက်ဖရီ အက်ပ်စတိန်း (Jeffrey Epstein)
နိုင်ငံတကာသတင်း အမေရိကန်

တရားသူကြီးများအပေါ် ရန်လိုတိုက်ခိုက်မှုများ ‘ရပ်တန့်ရန် လိုအပ်ပြီ’ ဟု တရားသူကြီးချုပ် ဂျွန်ရောဘတ်စ် ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 23 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက် တရားစီရင်ရေးကဏ္ဍအပေါ် ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်မှုများ မပြုလုပ်ရန် တရားသူကြီးချုပ် ဂျွန်ရောဘတ်စ် (John Roberts) က သတိပေးလိုက်ပြီး၊ တရားရုံး၏ ဆုံးဖြတ်ချက်များအပေါ် ဝေဖန်ခြင်းမှာ သင့်လျော်သော်လည်း
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်အစိုးရ၏ လုပ်ရပ်များကြောင့် အစ္စရေး၏ ကျဆင်းနေပြီးသား ပုံရိပ်ကို မည်သို့ ထိခိုက်စေနိုင်သနည်း

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 26 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၂၀ရက် သမ္မတ ဒေါ်နယ်ထရန့်သည် အမေရိကန်နှင့် အစ္စရေး ဆက်ဆံရေးအတွက် မကောင်းသော အချိန်အခါမျိုးတွင် အစ္စရေးနှင့် ပူးပေါင်းကာ အီရန်စစ်ပွဲကို စတင်ခဲ့သည်။ ပထမဆုံး တိုက်ခိုက်မှုများ မပြုလုပ်မီ တစ်ရက်အလိုတွင် Gallup