နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဥရောပ

မီရှယ် ဘာနီရေ (Michel Barnier) ကို ပြင်သစ်ဝန်ကြီးချုပ်သစ်အဖြစ် ခန့်အပ်

+++++++++++++++++++++++++++++++++++++++++++

စက်တင်ဘာလ (၆) ရက်၊ CNN သတင်း။

ဥရောပသမဂ္ဂ ၏ ဗြိတိသျှနှုတ်ထွက်မှု (Brexit) တွင် စေ့စပ်ညှိနှိုင်းရေးမှူးဟောင်း မီရှယ် ဘာနီရေ (Michel Barnier) သည် ပြင်သစ်နိုင်ငံ၏ ဝန်ကြီးချုပ်သစ်အဖြစ် ခန့်အပ်ခံရကြောင်း ပြင်သစ်သမ္မတရုံးက ပြောကြားပြီး ပါလီမန်ရွေးကောက်ပွဲများအပြီး နှစ်လကြာ မတည်မငြိမ်ဖြစ်မှုများကို အဆုံးသတ်လိုက်ကြောင်း သိရသည်။ ကြာသပတေးနေ့တွင် အီလက်ဆီနန်းတော် (Elysée Palace) ၏ ထုတ်ပြန်ချက်တွင်“ သမ္မတက မီရှယ်ဘာနီရေကို ဝန်ကြီးချုပ်အဖြစခန့်အပ်ခဲ့သည်။ တိုင်းပြည်နှင့် ပြင်သစ်ပြည်သူများအတွက် တာဝန်ထမ်းဆောင်ဖို့ စည်းလုံးညီညွတ်သည့် အစိုးရတစ်ရပ်ဖွဲ့စည်းရမည်ဖြစ်သည်။” ဟု ဖော်ပြသည်။

တည်ငြိမ်သောအစိုးရ ဖြစ်ရန်သေချာစေရန် မီရှယ်ဘာနီရေကို ခန့်အပ်မှုသည် “မကြုံစဖူး ညှိနှိုင်းမှုသံသရာ” အပြီးတွင် ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ ခိုင်မာအားကောင်းသော ဥရောပစည်းလုံးမှုကို အလေးထားသူ (Europhile) တဦးဖြစ်သည့် အသက် ၇၃ နှစ်အရွယ် ဘာနီရေသည် ရိုးရာအခွင့်အရေးကို ကိုယ်စားပြုသည့် ရီပတ်ဘလီကန်ပါတီ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ ဥရောပသမဂ္ဂမှ ဗြိတိန်နှုတ်ထွက်ရေးကို ကြားဝင်ဖျန်ဖြေရာတွင် ၎င်း၏အခန်းကဏ္ဍအတွက် နိုင်ငံတကာစင်မြင့်တွင် လူသိများသည်။

ပြင်သစ်နှင့် ဥရောပနိုင်ငံရေးတွင် နှစ် ၄၀ ကြာ ဝါရင့်နိုင်ငံရေးသမား မီရှယ်ဘာနီရေသည် နိုင်ငံခြားရေး၊ စိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးစသည့် ပြင်သစ်နိုင်ငံ၌ ဝန်ကြီးနေရာ ရာထူးအသီးသီးကို ထမ်းဆောင်ခဲ့သည်။ သူသည် ဥရောပကော်မရှင်နာအဖြစ် နှစ်ကြိမ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆာလာဗွန်ဒါလီယန် (Ursula von der Leyen) ၏ အကြံပေးတစ်ဦးလည်းဖြစ်သည်။ ၂၀၂၁ ခုနှစ်တွင် ဘာနီရေသည် ၎င်း၏ သမ္မတရွေးကောက်ပွဲအတွက် ဝင်ရောက်ရန် ကြေညာခဲ့သော်လည်း ၎င်း၏ ပါတီအတွင်း လုံလောက်သော ထောက်ခံမှု မရရှိခဲ့ပေ။

ပြင်သစ်နိုင်ငံ၏ ဒုတိယအကျော့ ပါလီမန်ရွေးကောက်ပွဲတွင် ၎င်း၏ဗဟိုဖြစ်သော Ensemble မဟာမိတ်အဖွဲ့ ရှုံးနိမ့်ပြီးနောက် ဝန်ကြီးချုပ်ဟောင်း Gabriel Attal နှင့် ၎င်း၏ အစိုးရနုတ်ထွက်စာကို သမတ မက်ခရွန် (Macron) က ဇူလိုင်လတွင် လက်ခံခဲ့သည်။ သမ္မတသည် ဝန်ကြီးချုပ်အသစ်ကို အမည်ပေးရန်အတွက် နိုင်ငံရေး အကွဲအပြဲများကြားမှ တောင်းဆိုမှုများနှင့် ရင်ဆိုင်နေရသည်။ ပြီးခဲ့သည့်အပတ်က မက်ခရွန်သည် ဆာဗီယား (Serbia) သို့ သွားရောက်လည်ပတ်စဉ်တွင် သူသည် ဝန်ကြီးချုပ်ရာထူးအတွက် တစုံတယောက်၏ အမည်ကို အပြီးသတ်ရန် ရွေးချယ်ရန် “လိုအပ်သမျှ ကြိုးပမ်းအားထုတ်မှု” ကို လုပ်ဆောင်နေသည်ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။

အစိုးရဖွဲ့စည်းခြင်း။

ဘာနီရေ၏ တည်ငြိမ်သော အစိုးရဖွဲ့ရန် အလားအလာမှာ မရှင်းလင်းပေ။ လက်ရှိတွင် ပြင်သစ်၏ လက်ယာစွန်းအမျိုးသားစုဝေးပွဲ (RN)ပါတီသည် ဇူလိုင်လအစောပိုင်း ရွေးကောက်ပွဲအပြီး ပါလီမန်တွင် အကြီးဆုံးပါတီများထဲမှ တစ်ခုဖြစ်သည်။ ဘာနီရေနှင့် လက်တွဲလုပ်ဆောင်ရန် ပွင့်လင်းမြင်သာမှု ရှိနိုင်သည်ဟု ယခင်က အကြံပြုထားပြီး သူတို့သည် ဘာနီရေအစိုးရကို ချက်ချင်းပင် ဗီတိုအာဏာသုံးမည်မဟုတ်ဟု ဆိုသည်။

သို့တိုင် RN နိုင်ငံရေးသမား လောရင့် ဂျက်ကော့ဘယ်လီ (Laurent Jacobelli) သည် ဘာနီရေအား ပြင်သစ်ရုပ်မြင်သံကြားကွန်ရက် TF1 သို့ ပြောရာတွင် “ပြင်သစ်နိုင်ငံကို နှစ်ပေါင်း ၄၀ အုပ်ချုပ်ခဲ့တဲ့သူတို့ဟာ လုံးဝမသုံးဘဲ ချောင်ထိုးထားသူကို ထုတ်သုံးနေတယ်” ဟု ဆိုသည်။ ပြင်သစ်၏ အဓိကလက်ယာစွန်းနှင့် လက်ဝဲစွန်းနိုင်ငံရေးပါတီများမှ ခေါင်းဆောင်များသည် ကြာသပတေးနေ့တွင် ဘာနီရေကို ခန့်အပ်ခြင်းအား တုံ့ပြန်ခဲ့ပြီး ယင်းဆုံးဖြတ်ချက်ကို လက်ဝဲစွန်းက ရှုတ်ချခဲ့သည်။ လက်ယာစွန်းအမျိုးသားစုဝေးပွဲပါတီ (NR) ၏ ဥက္ကဋ္ဌ ဂျော်ဒန်ဘရတ်ဒဲလာ (Jordan Bardella) က ဘာနီရေ၏ ကျမ်းသစ္စာကျိန်ဆိုပွဲတွင် ပြောကြားခဲ့သည် “အထွေထွေ မူဝါဒမိန့်ခွန်း၊ သူ၏ဘတ်ဂျက်ဆိုင်ရာ ဆုံးဖြတ်ချက်များနှင့် ၎င်း၏လုပ်ဆောင်ချက်များအပေါ် အခြေခံ၍ “အကဲဖြတ်မည်” ဟု ဆိုရှယ်မီဒီယာတွင် ပြောကြားခဲ့သည်။

ဘရတ်ဒဲလာပါတီ လုပ်ဖော်ကိုင်ဖက် မာရိန်လီပင်း (Marine Le Pen) သည် ဘာနီရေက ၎င်း၏ မူဝါဒအစီအစဉ်များကို မဖော်ပြမချင်း ပါတီသည် “မည်သည့်အစိုးရတွင်မဆိုပါဝင်မည်မဟုတ်ကြောင်း” ရုပ်မြင်သံကြားတွင် အလေးပေးပြောကြားခဲ့ပါသည်။

လီပင်းသည် ဝါရင့်နိုင်ငံရေးသမားအား “ကွဲပြားသော နိုင်ငံရေးအင်အားစုများအတွင်းရှိ လေးစားထိုက်သောသူတစ်ဦး” နှင့် သူမ၏ ပါတီကို “ပြောဆိုနိုင်စွမ်းရှိသူ” အဖြစ် ဖော်ပြကာ ဘာနီရေကို အဆင့်တစ်ဆင့်ပေးကာ ချီးမွမ်းခဲ့သည်။ ထိုအတောအတွင်း လက်ဝဲစွန်း ဦးမညွှတ်သောပြင်သစ် (France Unbowed) ပါတီမှ ရှောင်းလူ့မီလန်ချောင် (Jean-Luc Melenchon) သည် ဇူလိုင်လတွင် ကျင်းပခဲ့သော ပါလီမန်ရွေးကောက်ပွဲများကို “ခိုးယူ” သည်ဟု စွပ်စွဲကာ သမ္မတ မက်ခရွန်အား ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့သည်။

“သမ္မတက သူကိုယ်တိုင် ကျင်းပပေးထားတဲ့ ဥပဒေပြုလွှတ်တော် ရွေးကောက်ပွဲ ရလဒ်တွေကို တရားဝင် ငြင်းဆိုထားပါတယ်။ သူ (ဘာနီရေ) သည် ဥပဒေပြုရေး ရွေးကောက်ပွဲတွင် အနည်းဆုံး နေရာရခဲ့တဲ့ပါတီတစ်ခုရဲ့ အဖွဲ့ဝင်တစ်ဦးသာဖြစ်ပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲကို ပြင်သစ်ပြည်သူတွေဆီက ခိုးယူခဲ့တာပါ” ဟု မီလန်ချောင်က ရုပ်မြင်သံကြား မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

လက်ဝဲယိမ်းခေါင်းဆောင်က ဘာနီရေ ခန့်အပ်မှုကို ဆန့်ကျင်ကန့်ကွက်ရန် ပြင်သစ်ပြည်သူများအား ယခုစနေနေ့မှစ၍ တောင်းဆိုခဲ့သည်။ဘာနီရေသည် ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်စဉ်အတွင်း စေ့စပ်ညှိနှိုင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ လန်ဒန်နှင့် ဘရပ်ဆဲလ် အကြား ရှည်လျားသော ဆွေးနွေးပွဲများသည် ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ကြာမြင့်ခဲ့ပြီး UK ရှိ Brexiteers များအကြားတွင် အလျှော့ပေးမှုကြောင့် လူသိများသည်။ ၁၉၅၁ ခုနှစ် ဇန်နဝါရီလတွင် Grenoble ၏ Alpine မြို့ ဆင်ခြေဖုံးတွင် မွေးဖွားခဲ့ပြီး ဘာနီရေသည် အသက် ၂၇ နှစ်တွင် ပါလီမန်၌ ပထမဆုံး ရွေးချယ်ခံခဲ့ရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 88 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 85 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 87 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 84 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 84 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 100 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက