စက်တင်ဘာလ (၆)ရက်။
မနေ့က ညနေ (၄)နာရီအချိန်မှာ စလင်းမြို့ရှိ လင်းဇင်းတိုက်နယ်ရဲစခန်းက စစ်ကောင်စီရဲတပ်သားတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေါင်းညီနောင်မြို့ပြပြောက်ကျားအဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
လင်းဇင်းတိုက်နယ်ရဲစခန်းက စစ်ကောင်စီရဲတပ်သား မင်းသူဟာ ရဲစခန်းနဲ့ တစ်မိုင်ခန့်အကွာရှိ တော်လှန်ရေူတပ်တွေရဲ့ ကင်းပုန်း၀ပ်နေရာကို ရောက်ရှိလာခဲ့တာလို့ ဆိုပါတယ်။
တော်လှန်ရေးတပ်တွေရဲ့ ကင်းပုန်း၀ပ်နေရာကို ရောက်ရှိလာတဲ့ စစ်ကောင်စီရဲတပ်သား မင်းသူကို ဖမ်းဆီးဖို့ ကြိုးစားခဲ့ပေမယ့် ပြန်လည်ခုခံတာကြောင့် ပစ်ခတ်ခဲ့ရာ သေဆုံးသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
“ သူက ရဲစခန်းနဲ့ တစ်မိုင်အကွာ တော်လှန်ရေးတပ်တွေ ကင်းပုန်းနေတဲ့နားကို ရောက်လာလို့ ဖမ်းဆီးဖို့ ကြိုးစားခဲ့တာပါ။ ဒါပေမယ့် အဲ့ဒီရခက ခုခံဖို့ ကြိုးစားတာကြောင့် ပစ်ခတ်တာကနေ သေသွားတာ” လို့ အဖွဲ့က ပြောဆိုထားပါတယ်။
လင်းဇင်းတိုက်နယ်ရဲစခန်းက စစ်ကောင်စီရဲတွေဟာ ဘူးခါးရွာရှိ ပြည်သူပိုင် ကျွဲ၊ နွားနဲ့ ပစ္စည်းတွေကို လုယက်ခိုးယူ ရောင်းချနေပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေကြတာလို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။