နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 2 ရက်

မြန်မာသတင်း

မြန်မာသတင်း

တလထဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တဲ့အကြိမ်ရေ (၃၅၀)အထိရှိခဲ့၊ အရပ်သား (၂၀၀)ကျော်သေဆုံးပြီး (၃၀၀)ကျော်ဒဏ်ရာရရှိခဲ့

အောက်တိုဘာလ (၆)ရက်။

စက်တင်ဘာလထဲ တိုင်းနဲ့ပြည်နယ် (၉)ခုမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တဲ့အကြိမ်ရေ စုစုပေါင်း (၃၅၀)အထိရှိခဲ့တယ်လို့ Blood Money Campaign ရဲ့ မနေ့က ထုတ်ပြန်ထားချက်အသိရပါတယ်။

ရှမ်းမြောက်နဲ့ ရှမ်းတောင်အပါအဝင် ရခိုင်၊ ချင်း၊ ကချင်၊ ကရင်နီ၊ ကရင်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေးနဲ့ ပဲခူးတိုင်းတို့မှာ လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ပြီး ရှမ်းမြောက်မှာ (၁၁၈)ကြိမ်၊ စစ်ကိုင်းမှာ (၆၁)ကြိမ်နဲ့ ရခိုင်မှာ (၅၉)ကြိမ်ရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်အုပ်စုရဲ့ လေကြောင်းကနေ တိုက်ခိုက်တာတွေကြောင့် အရပ်သား (၂၁၇)ဦးသေဆုံးခဲ့ပြီး (၃၂၇)ဦး ဒဏ်ရာရခဲ့ကာ သေဆုံးသူတွေထဲ ကလေးငယ် (၁၅)ဦးနဲ့ အမျိုးသမီး (၄၈)ဦးပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် နေအိမ် (၃၀၃)လုံး၊ စာသင်ကျောင်း (၆)ကျောင်း၊ ဘာသာရေးအဆောက်အအုံ (၁၆)ခု၊ UN ရုံး တစ်ခု၊ အချုပ်ထောင် (၂)ထောင်၊ ဟိုတယ် (၃)လုံးနဲ့ ဈေးဆိုင်ခန်းအပါအဝင် စီးပွားရေးအဆောက်အအုံ (၁၆)ခု ပျက်စီးခဲ့တယ်လို့ ရေးသားထားပါတယ်။

နောက်ပြီး တနင်္သာရီတိုင်းနဲ့ ပဲခူးတိုင်းတို့မှာ လေကြောင်းကနောဒရုန်းနဲ့တိုက်ခိုက်တာ စုစုပေါင်း (၃၁)ကြိမ်ရှိခဲ့ပြီး ဒရုန်းတိုက်ခိုက်တာတွေကြောင့် ကလေး (၁)ဦးနဲ့ အမျိုးသမီး (၁၄)ဦးအပါအဝင် အရပ်သား (၂၃)ဦး သေဆုံးခဲ့ကာ (၃၇)ဦး ဒဏ်ရာရခဲ့တယ်လို့ ပြောဆိုထားပါတယ်။

အခုဖော်ပြထားတဲ့ လေကြောင်းတိုက်ခိုက်တာ‌တွေထဲ စက်တင်ဘာလ (၂၇)ရက်နေ့က လားရှိုးမြို့မဈေးကို လေကြောင်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ် မပါဝင်သေးဘဲ ဈေးဆိုင်ခန်း ပျက်စီးတာတွေကို အတည်ပြုနေဆဲဖြစ်တယ်လို့ ‌အသိပေးထားပါတယ်။

သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့(Blood Money Campaign)ရဲ့ ဖော်ပြချက်တွေဟာ ပြည်တွင်းသတင်းမီဒီယာတွေကို စောင့်ကြည့်၊ လေ့လာ၊ ကောက်ယူထားတဲ့ စာရင်းတွေသာ ဖြစ်တာကြောင့် မြေပြင်အခြေအနေနဲ့ ကွာဟနိုင်တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မင်းအောင်လှိုင်အပါ ဒုသမ္မတ (၃)ဦးကို အရည်အချင်းပြည့်မီတယ်ဆိုပြီး စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော် ကြေညာ

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 26 Views
ဧပြီလ (၂)ရက်။ ဒီကနေ့ ပြုလုပ်တဲ့ သမ္မတအရည်အချင်း စိစစ်ရေးကော်မတီရဲ့ ဒုသမ္မတ (၃)ဦးဟာ အရည်အချင်းကိုက်ညီတယ်ဆိုပြီး စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော်က ကြေညာခဲ့တယ်လို့
မြန်မာသတင်း

သံတွဲမြို့ ဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ ကလေးတွေအပါအဝင် မိသားစုလိုက် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 15 Views
စစ်ကော်မရှင်ရဲ့ တပ်ချုပ်သစ်လက်ထက် မိသားစုလိုက် စစ်ရာဇဝတ်မှုကျူးလွန်သတ်ဖြတ်ခံရတာလို့ AA ပြော ဧပြီလ (၂)ရက်။ မနေ့က နေ့လယ် (၁၁)နာရီကျော်အချိန်က သံတွဲမြို့ကို
မြန်မာသတင်း

“YDF နောက်ကွယ်က NUG ရဲ့ ခြေလှမ်းများ”

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 9 Views
၂၀၂၆ ခုနှစ် မတ်လအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ယောကာကွယ်ရေးတပ် YDF ရဲ့ သူ့တပ်ပြေးရာဇဝတ်သားတွေကို လိုက်လံနှိမ်နင်းမှုအပေါ် YDF က တော်လှန်ရေးတပ်ဖွဲ့ အချင်းချင်းအပေါ် သေနတ်ဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ယောကာကွယ်ရေးတပ်ကို ပုံမှားရိုက် နာမည်ဖျက်တိုက်ခိုက် ဘက်လိုက်ရေးသားမှုတွေကို သတင်းဌာနတချို့က
မြန်မာသတင်း

လယ်ဒိုမြို့ရှိ စစ်တပ်ဂိတ်စခန်းကို KNLA ပူးပေါင်းတပ်တွေ တိုက်ခိုက်ဖျက်ဆီးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 27 Views
ဧပြီလ (၁)ရက်။ မနေ့က ည (၁၀)နာရီခွဲအချိန်မှာ လယ်ဒိုမြို့ရှိ အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ KNLA ဦးဆောင်တဲ့ ပူးပေါင်းစစ်ကြောင်းက သာယာကုန်းနဲ့ ခြံကြီးကြား မီးရထားလမ်းက စစ်တပ်ဂိတ်စခန်းကို
မြန်မာသတင်း

AA ထိန်းချုပ်ထားတဲ့ သံတွဲမြို့ ငပလီကမ်းခြေကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 26 Views
ဧပြီလ (၁)ရက်။ ဒီကနေ့ နေ့လယ် (၁၂)နာရီအချိန်က သံတွဲမြို့ရှိ ငပလီကမ်းခြေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ ငပလီကမ်းခြေတလျှောက်ကို စကစက လေယာဉ် (၅)စီးလောက်နဲ့ ဆက်တိုက်ဗုံးလာကြဲသွားတာ။ အဲ့ဒီနေရာမှာ စစ်ရေးလှုပ်ရှားတာလဲမရှိဘဲ
မြန်မာသတင်း

သက်ငယ်မုဒိန်းမှုနဲ့ မြန်မာဘက် ထွက်ပြေးလာသူကို ထိုင်းဘက် NUG ပြန်လွှဲပြောင်းခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 29 Views
ဧပြီလ (၁)ရက်။ ထိုင်းနိုင်ငံထဲ ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်လာသူကို ထိုင်းအာဏာပိုင်တွေဆီ ပြန်လွဲပြောင်းပေးအပ်ခဲ့တယ်လို့ NUG လက်အောက်ခံ တနင်္သာရီတိုင်းစစ်ဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့နှစ် ဇွန်လပိုင်းက ထိုင်းနိုင်ငံ ဖက်ဘူရီခရိုင်မှာ နေထိုင်တဲ့ စောကဲလဲ (၃၇)နှစ်ဟာ
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးတာကို မင်းအောင်လှိုင် သက်သေပြဖို့ သားဖြစ်သူ တိုက်တွန်းထား

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 22 Views
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးတာကို မင်းအောင်လှိုင် သက်သေပြဖို့ သားဖြစ်သူ တိုက်တွန်းထား ဧပြီလ (၁)ရက်။ ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးတာကို သက်သေပြဖို့ သားဖြစ်သူ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက မင်းအောင်လှိုင်ကို တိုက်တွန်း ပြောဆို ထားတယ် လို့ သိရပါတယ်။
မြန်မာသတင်း

ပခုက္ကူခရိုင်ထဲ မိတ်ဖက်ပဋိပက္ခတွေကို ဆွေးနွေးအဖြေရှာဖို တော်လှန်ရေးအင်အားစုတွေ တိုက်တွန်း

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 26 Views
ဧပြီလ (၁)ရက်။ ပခုက္ကူခရိုင်ထဲ ဖြစ်ပွားနေတဲ့ မိတ်ဖက်ပဋိပက္ခကို ဆွေးနွေးအဖြေရှာဖို ဒေသထဲရှိ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်တိုက်တွန်းထားတယ်လို သိရပါတယ်။ ပခုက္ကူခရိုင်ထဲ သယံဇာတအရင်းအမြစ်နဲ့ပတ်သက်ပြီး တော်လှန်ရေးအင်အားစုတွေကြား ပွတ်တိုက်တာတွေ ဖြစ်ပွားနေတာကို ဝမ်းနည်းစွာ ကြားသိရတယ်လို ဆိုပါတယ်။ အဲ့ဒီဖြစ်ပွားနေတဲ့ မိတ်ဖက်ပဋိပက္ခဟာ