နိုဝင်ဘာလ (၆) ရက်။
လက်ရှိအချိန် အတည်ပြုနိုင်သည့် ကိုယ်စားလှယ်မဲအရေအတွက်မှာ ဟားရစ်က ၂၂၄ ဒေါ်နယ်ထရန့်က ၂၆၇ ဖြစ်ပေမယ့် Swing ပြည်နယ်တွေဖြစ်ကြတဲ့ ပြည်နယ် ၇ ခုမှာ ဒေါ်နယ်ထရန့်က အသာရနေတယ်ဆိုတဲ့အချက်တွေကြောင့် ဒေါ်နယ်ထရန့်က သူ အနိုင်ရရှိကြောင်းထောက်ခံသူတွေရှေ့မှာ အောင်မြင်မှုမိန့်ခွန်းပြောဆိုခဲ့ပါတယ်။
ကာမရာဟားရစ်ကတော့ လက်ရှိအချိန်ထိ ရှုံးနိမ့်ကြောင်း မကြေညာသေးသလို ထောက်ခံသူတွေရှိရာကိုလည်း မလာရောက်သေးပါဘူး။
ဒေါ်နယ်ထရန့်ရဲ့ မိန့်ခွန်းထဲမှာ သူလုပ်ကြံခံရမှုနဲ့ပတ်သက်ပြီး အောက်ပါအတိုင်း ထည့်သွင်းပြောကြားသွားပါတယ်။
“ ဘုရားသခင်က ကျွန်တော်ရဲ့ အသက်ကို အကြောင်းပြချက်တစ်ခုနဲ့ သေခွင့်မပေးခဲ့ပါဘူး အဲ့ဒီအကြောင်းက ကျွန်တော်တို့နိုင်ငံကို ကယ်တင်ဖို့ ဖြစ်တယ်လို့ လူအများက ပြောကြတယ်”