နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 10 ရက်

မြန်မာသတင်း

မြန်မာသတင်း

တရုတ်နဲ့ လုံခြုံရေးကုမ္ပဏီတည်ထောင်နိုင်ဖို့ နားလည်မှုစာချွန်လွှာရေးထိုးဖို့ စစ်ကောင်စီက လုပ်ငန်းကော်မတီဖွဲ့

ဒီဇင်ဘာလ (၆)ရက်။

တရုတ်နိုင်ငံနဲ့ Joints Venture Security Company တည်ထောင်နိုင်ဖို့အတွက် နားလည်မှူစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ဖို့ စစ်ကောင်စီက လုပ်ငန်းကော်မတီဖွဲ့စည်းထားတယ်လို့ စစ်လော်ဘီချန်နယ်တွေရဲ့ ဒီကနေ့မှာ ဖော်ပြထားချက်တွေအရ သိရပါတယ်။

အဲ့ဒီလုပ်ငန်းကော်မတီမှာ စစ်ကောင်စီပြည်ထဲရေးဒုဝန်ကြီးက ဥက္ကဋ္ဌအနေနဲ့ တာဝန်ယူထားပြီး (၁၄)ဦးနဲ့ ဖွဲ့စည်းထားကာ အဲ့ဒီကော်မတီဖွဲ့ဖို့ကို တရုတ်ဘက်က အဆိုပြုပေးပို့လာတာလို့ ဆိုပါတယ်။

ကော်မတီရဲ့ လုပ်ငန်းတာဝန်ထဲမှာ နိုင်ငံအချုပ်အခြာအာဏာကို ထိပါးနိုင်တာ ရှိမရှိ စစ်ဆေးတာ၊ မူဝါဒတွေနဲ့ ကိုက်ညီမှုရှိမရှိ၊ ကာကွယ်ရေးနဲ့ လုံခြုံရေး မထိခိုက်စေဖို့နဲ့ တည်ဆဲဥပဒေတွေနဲ့ ဆန့်ကျင်မှုရှိမရှိ စစ်ဆေးဖို့ ပါဝင်ပါတယ်။

နောက်ပြီး နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးကို ထိခိုက်စေတာ ရှိမရှိ စစ်ဆေးတာအပြင် သက်တမ်းကာလ သတ်မှတ်ချုပ်ဆိုပေမယ့် နားလည်မှုစာချွန်လွှာ ရပ်စဲမယ့်ကာလမှာ ကုမ္ပဏီပါ ဖျက်သိမ်းဖို့ လိုမလို စိစစ်ဖို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ပြည်ပကနေ တင်သွင်းလာမယ့် လက်နက်တွေ၊ အထူးကိရိယာတန်ဆာပလာတွေ(ဆက်သွယ်ရေးစက်တွေအပါအဝင် အခြားကြီးကြပ်ကန့်သတ်ပစ္စည်းတွေ)နဲ့ပတ်သက်ပြီး ဘယ်လိုတင်သွင်းခွင့်ပြုမယ်၊ ဘယ်လိုထိန်းချုပ်သုံးစွဲမယ်ဆိုတဲ့အချက်ကို ဖြည့်စွက်ဖို့ လိုမလို စိစစ်ဖို့လဲ ရေးသားထားပါတယ်။

လုံခြံရေးကုမ္ပဏီ တည်ထောင်ပြီးပါက အဲ့ဒီကုမ္ပဏီက လုံခြုံရေးကိစ္စတွေ၊ နည်းပညာကိစ္စတွေအပြင် တည်ဆဲဥပဒေ၊ ယဉ်ကျေးမှု၊ ထုံးတမ်းအစဉ်အလာတွေအပေါ် ဖောက်ဖျက်ကျူးလွန်ရင် ဘယ်လိုအရေးယူမလဲဆိုတာကို ဖြည့်စွက်ဖို့ လိုမလို စိစစ်ဖို့ ညွှန်ကြားထားပါတယ်။

လုံခြုံရေးနဲ့ပတ်သက်ပြီး ထုတ်ပြန်တဲ့စည်းကမ်းချက်တွေကို လိုက်နာဆောင်ရွက်ဖို့အချက်နဲ့ အရင်သမ္မတရုံးရဲ့ ၄၁/၂၀၁၈ နဲ့ထုတ်ပြန်တဲ့ “သဘောတူစာချုပ်များ ချုပ်ဆိုရာမှာ လိုက်နာဆောင်ရွက်ရမယ့်လမ်းညွှန်ချက်”နဲ့ ညီညွှတ်မှု ရှိမရှိ စိစစ်ဖို့ ပြောဆိုထားပါသေးတယ်။

အခုလို တရုတ်နဲ့ စစ်ကောင်စီ ပူးပေါင်းတည်ထောင်ဖို့ ပြင်ဆင်နေတဲ့ လုံခြုံရေးကုမ္ပဏီဟာ ပိုးလမ်းမစီမံကိန်းတွေကို ကာကွယ်ဖို့ ရည်ရွယ်ထားပေမယ့် တော်လှန်ရေးအင်အားစုတွေကို ချေမှုန်းတာမှာ ပါဝင်လာနိုင်တယ်လို့ သုံးသပ်ပြောဆိုချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 80 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 74 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 68 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 63 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 56 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 69 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 60 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 52 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို