Breaking News:
Donate
Follow On:
နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်တပ်ဟာ အနှေးနဲ့အမြန် ပြိုလဲရှုံးနိမ့်တာကို ရင်ဆိုင်ရမယ်လို့ KNU က ထိုင်းလွှတ်တော်ဆွေးနွေးပွဲမှာ ပြောဆိုခဲ့

မတ်လ (၇)ရက်။

စစ်တပ်ဟာ အနှေးနဲ့အမြန် ပြိုလဲရှုံးနိမ့်တာကို ရင်ဆိုင်ရမယ်လို့ KNU နိုင်ငံခြားရေးဌာန အတွင်းရေးမှူး Saw Nimrod က ထိုင်းလွှတ်တော်မှာကျင်းပတဲ့ “ စစ်အာဏာသိမ်းပြီး ၃နှစ်အကြာ” ဆွေးနွေမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

“ လူငယ်တက်ကြွလှုပ်ရှားသူတွေအားလုံးက မြန်မာစစ်တပ်ကို အရင်က မကြုံဖူးသေးတဲ့ အရှိန်အဟုန်နဲ့ အစွမ်းကုန်တွန်းလှန်နေတာကြောင့် မြန်မာစစ်တပ်ဟာ အနှေးနဲ့အမြန် ပြိုလဲရှုံးနိမ့်တာကို ရင်ဆိုင်ရမယ်ဆိုတာ ယုံကြည်ပါတယ်” လို့ သူက ဆိုပါတယ်။

မြန်မာစစ်တပ် ပြိုလဲသွားတာကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းက စိုးရိမ်နေကြသလို မြန်မာပြည်ကြီးဟာ ယိုင်လဲသွားမှာမဟုတ်ဘူးလို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။

“ စစ်အာဏာရှင်ကို ဆန့်ကျင်တွန်းလှန်နေရင်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ထူထောင်လိုတဲ့ ပြည်သူတွေရဲ့ဆန္ဒနဲ့အညီ အောက်ခြေအုတ်မြစ်ကနေ ဒေသအသီးသီးကို ကိုယ်ထူကိုယ်ထ တည်ဆောက်နေသလို မဟာမိတ်အချင်းချင်းလဲ အပြန်အလှန် ယုံကြည်မှုတွေ တည်ဆောက်နေတယ်လို့” အထက်ပါပုဂ္ဂိုလ်က ဆိုပါတယ်။

စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့် သန်းနဲ့ချီ စစ်ဘေးရှောင်ဘဝရောက်နေကြရပြီး KNU နယ်မြေထဲမှာဘဲ နေအိမ်စွန့်ခွာပြေးနေရသူ (၇သိန်း၆သောင်းကျော်)ရှိနေတယ်လို့ သိရပါတယ်။

ဒါ့ကြောင့် ထိုင်းနိုင်ငံရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီဆောင်ရွက်မယ့်အစီအစဉ်ကို ကျေးဇူးတင်ကြိုဆိုပေမယ့် အကူအညီပေးရေးလုပ်ငန်းတွေကို စစ်ကောင်စီနဲ့နီးစပ်တဲ့ မြန်မာကြက်ခြေနီအသင်းနဲ့ချိတ်ဆက်လုပ်ဆောင်မယ့်အပေါ် စိုးရိမ်မကင်းဖြစ်ရတယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဒါ့ပြင် မြန်မာကြက်ခြေနီအသင်းအနေနဲ့ အကူအညီလိုအပ်တဲ့နေရာတွေကို သွားနိုင်မှာမဟုတ်တဲ့အတွက် ထိုင်းအစိုးရနဲ့ ထိုင်းကြက်ခြေနီအသင်းက TBC၊ CIDKP နဲ့ အခြားဒေသခံအရပ်ဖက်အဖွဲ့တွေနဲ့ ချိတ်ဆက်ဆောင်ရွက်ဖို့ KNU က တိုက်တွန်းခဲ့ပါတယ်။

KNU အနေနဲ့လဲ ထိုင်း-မြန်မာ နယ်စပ်အပြင် နယ်မြေလုံခြုံရေးကို တာဝန်ယူဆောင်ရွက်ပေးမှာဖြစ်ပြီး စစ်ကောင်စီထိန်းချုပ်မှုအောက်မှာရှိတဲ့ ပြည်သူတွေအတွက် လိုအပ်တဲ့အကူအညီတွေ ရရှိစေဖို့ လေကြောင်း၊ ရေကြောင်းနဲ့ ဆောင်ရွက်ဖို့ အကြံပြုတိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရန်ကုန်တိုင်းစစ်ဌာနနယ်မြေရှိ တိုက်ပွဲတွေထဲ စစ်ကောင်စီတပ်ဖွဲဝင် (၁၃၀)နီးပါး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 26 Views
ဇွန်လ (၂၀)ရက်။ အခုနှစ် ဖေဖော်ဝါရီလ (၁)ရက်ကနေ မေလကုန်အထိ ရန်ကုန်တိုင်းစစ်ဌာန်မြေထဲ တိုက်ပွဲပေါင်း (၅)ကြိမ်ဖြစ်ပွားခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ရေစကြိုမှာ တပ်ပြန် စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၇)ဦး ပြင်းထန်ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 26 Views
ဇွန်လ (၂၀)ရက်။ ဇွန်လ (၁၈)ရက်နေ့ နံနက်အစောပိုင်းက ရေစကြိုမှာ တပ်ပြန်လာတဲ့ စစ်တပ်စစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို ရေစကြိုမြိုနယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

အကြမ်းဖက်စစ်တပ်နဲ့ လက်ပါးစေတွေက ကရင်နီတော်လှန်ရေးကို ချိနဲ့သွားဖို့ လုပ်ဆောင်နေ

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 27 Views
ဇွန်လ (၂၀)ရက်။ အကြမ်းဖက်စစ်တပ်ဟာ ကရင်နီအမျိုးသား ခုခံတော်လှန်ရေးကို ချိနဲ့သွားစေဖို့ လုပ်ဆောင်နေတယ်လို့ ဒီကနေ့ (၁၅၁)နှစ်မြောက် ကရင်နီအမျိုးသားနေ့မှာ KNPP ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ရဲ့ မတရားဖိနှိပ်တာနဲ့ စစ်ဆင်ရေးတွေကြောင့် ကရင်နီပြည်သူတွေဟာ ရပ်ရွာနဲ့ အိုးအိမ်တွေကို
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ တော်လှန်ရေးကို သပ်လျှိုခွဲထုတ်ဖို့ စစ်အုပ်စု ကြိုးပမ်းနေ

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 22 Views
ဇွန်လ (၂၀)ရက်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တေယ်လှန်ရေးကြီးကို သပ်လျှိုခွဲထုတ်ဖို့ စစ်အုပ်စု နည်းလမ်းပေါင်းစုံ ကြိုးပမ်းနေတယ်လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မနေ့က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အခုအချိန်မှာ စစ်အုပ်စုက လူထုခေါင်းဆောင်ရဲ့ ကျန်းမာရေးနဲ့ လက်တွေ့
မြန်မာသတင်း

ရဲဘော်/ရဲမေ (၉)ဦးကို တပ်ပြေးတွေအနေနဲ့ မုံရွာခရိုင်အမှတ်(၃)တပ်ရင်း ကြေညာ

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 23 Views
ဇွန်လ (၂၀)ရက်။ ရဲဘော်/ရဲမေ (၉)ဦးကို ‌တပ်ပြေးတွေအနေနဲ့ မုံရွာခရိုင်အမှတ်(၃)တပ်ရင်းက ဒီကနေ့မှာ အသိပေးထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ သူတို့ဟာ တပ်ရင်းမှာ တာဝန်ထန်းဆောင်နေချိန် တရားဝင်နှုတ်ထွက်ခွင့် တင်ပြလာတာမရှိဘဲ သူတို့သဘောဆန္ဒနဲ့ တပ်ပြေးသွားတာလို့ ဆိုပါတယ်။ တပ်ပြေးအနေနဲ့ ကြေညာခံရသူတွေဟာ နေလင်းအောင်၊
မြန်မာသတင်း

လုံခြုံရေးတင်းကြပ်ထားတဲ့ ရန်ကုန်မှာ နှင်းဆီလှုပ်ရှားမှုပြုလုပ်

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 25 Views
ဇွန်လ (၁၉)ရက်။ ဒီကနေ့ နံနက်ပိုင်းက ရန်ကုန်မှာ နှင်းဆီလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ ရန်ကုန်တော်လှန်ညီနောင်(၄)ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့အနေနဲ့ နှင်းဆီလှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင်(၄)ဖွဲ့က လုံခြုံရေးတင်းကြပ်နေတဲ့ကြားက ဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။ ဒီလှုပ်ရှားမှုဟာ ပြည်သူအားလုံးရဲ့
မြန်မာသတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် စိုးရိမ်ရတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 30 Views
ဇွန်လ (၁၉)ရက်။ ဒီကနေ့မှာ အသက်(၈၁)နှစ်မြောက် မွေးနေ့ရှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မတရားဖမ်းဆီးချုပ်နှောင်ခံထားရတာ (၅)နှစ်ကျော်ရှိပြီလို့ CRPH နဲ့ NUG ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အာဏာရှင်အဆက်ဆက်က မတရားဖမ်းဆီးချုပ်နှောင်တာ၊ နေအိမ်အကျယ်ချုပ်ထားတာနဲ့ အသက်အန္တရာယ်ကိုပါ
မြန်မာသတင်း

နှင်းဆီလှုပ်ရှားမှု လုံခြုံရေး သတိပြုကြဖို အသိပေးနှိးဆော်ထား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 28 Views
ဇွန်လ (၁၈)ရက်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့အနေနဲ့ ပြည်လုံးကျွတ် နှင်းဆီလှုပ်ရှားမှု ပြုလုပ်မယ့်အပေါ် လုံခြုံရေးသတိပြုဖို အင်အားစုတွေက အသိပေးထားတယ်လို သိရပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ နှင်းဆီပန်းတွေ ရောင်းချတာ၊ ပန်ဆင်တာနဲ့ ကိုင်ဆောင်တာတိုကို ပြင်းပြင်းထန်ထန် ဖျက်ဆီးအရေးယူဖို ပြင်ဆင်နေတယ်လို