သြဂုတ်လ (၇) ရက်။
လွန်ခဲ့တဲ့သီတင်းပတ် ဇူလိုင်လ ၃၁ ရက်နေ့က တီဟီရန်မြို့မှာ လုပ်ကြံခံလိုက်ရတဲ့ ဟားမတ်စ် ခေါင်းဆောင် အစ္စမေးလ်ဟာနီယာရဲ့ နေရာမှာ အစားထိုးဖို့ ယာ့ယာစင်ဝါ (Yahya Sinwar) ကို သူတို့အပွေ့ရဲ့ နိုင်ငံရေးဗျူရိုအကြီးအကဲအဖြစ် ရွေးချယ်လိုက်ကြောင်း ဩဂုတ်လ (၆) ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
အသက် ၆၁ နှစ်အရွယ် စင်ဝါဟာ ၂၀၁၇ ခုနှစ်မှစတင်ပြီး ဂါဇာကမ်းမြောင်ဒေသရဲ့ ဟားမက်စ်ခေါင်းဆောင်အဖြစ် ရှိနေခဲ့ပါတယ်။
သူဟာ အစ္စရေးအကျဉ်းသားအဖြစ် နှစ်ပေါင်း ၂၀ ကျော်ကြာ နေထိုင်ခဲ့ရပြီး ၂၀၁၁ ခုနှစ်တွင် အစ္စရေးနဲ့ အကျဉ်းသားလဲလှယ်ရေးသဘောတူညီချက်အရ လွတ်မြောက်လာခဲ့သူဖြစ်ပါတယ်။
စင်ဝါကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်က အစ္စရေးကို တိုက်ခိုက်ရာတွင် အဓိက စီစဉ်သူများအနက် တစ်ဦးဖြစ်တယ်လို့ အစ္စရေးက ယုံကြည်ထားပါတယ်။