နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

(၅)ရက်တာကာလထဲ ခင်ဦးမြို့က ကျေးရွာ (၁၀)ရွာခန့်ကို စစ်ကောင်စီက အကြောင်းမဲ့ မီးရှို့ဖျက်ဆီး

စက်တင်ဘာလ (၇)ရက်။

(၅)ရက်တာကာလထဲ ခင်ဦးမြို့နယ်ရှိ ကျေးရွာ (၁၀)ရွာခန့်ကို စစ်ကောင်စီစစ်ကြောင်းက အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ People’s Defense Comrade ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ စက်တင်ဘာလ (၂)ရက်နေ့ကစပြီး ဒီကနေ့အထိ ခင်ဦးမြို့ မြောက်ဘက်ခြမ်းက မဒေါင်းလှပျူရွာနဲ့ အနီးပတ်ချာလည် ကျေးရွာပေါင်း (၁၀)ရွာကို စစ်ခွေးတွေက အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့တာ” လို့ ဆိုပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ စက်တင်ဘာလ (၂)ရက်နေ့က ငကြိုင်းရွာ၊ (၃)ရက်နေ့က အင်ကြင်းပင်ရွာ၊ စောကြီးရွာ၊ သနပ်စိန်ရွာ၊ ဖန်းခါးကုန်းရွာ၊ (၄)ရက်နေ့က ပေါက်တောရွာ၊ နှဲတွင်းနဲ့ (၅)ရက်နေ့က ဆီဆုံလေးရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့တာလို့ သိရပါတယ်။

ဒီကနေ့ နံနက်ပိုင်းအချိန်ကလဲ မဒေါင်းလှပျူရွာကနေ အနောက်ဘက်ကိုထွက်လာတဲ့ ဝါသ၀လက်အောက်ခံ စစ်ကောင်စီစစ်ကြောင်းက မဒေါင်းကြီးရွာနဲ့ ရွှေကာရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီစစ်ကြောင်းရဲ့ အကြောင်းမဲ့ မီးရှို့ဖျက်ဆီးတာခံရတဲ့ ကျေးရွာတွေရှိ နေအိမ်တွေ ပျက်စီးတဲ့ အခြေအနေ အသေးစိတ်ကိုတော့ အတည်မပြုနိုင်သေးဘူးလို့ People’s Defense Comrade က ပြောဆိုထားပါတယ်။

အခုလို စစ်ကောင်စီစစ်ကြောင်းရဲ့ အကြောင်းမဲ့ မီးရှို့ဖျက်ဆီးတာတွေကြောင့် မဒေါင်းကြီးရွာနဲ့ ရွှေကာရွာအနီး၀န်းကျင်က ကျေးရွာတွေအနေနဲ့ ဂရုစိုက်ပေးကြဖို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်တပ်ရဲ့ စီးပွားရေးနဲ့ ဝါဒဖြန့်ချိတဲ့ အကောင့်ပေါင်း (၂၇၀)ကို Facebook ဖယ်ရှား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 9 Views
ဇန်နဝါရီလ (၂၈)ရက်။ စစ်တပ်ရဲ့ လူမှုကွန်ရက်စာမျက်နှာက စီးပွားရေးနဲ့ ဝါဒဖြန့်ချိတဲ့ အကောင့်ပေါင်း (၂၇၀)ခုကို Facebook က ဖယ်ရှားလိုက်တယ်လို့ Justice
မြန်မာသတင်း

ကျိုက်ထိုမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် (၃)နှစ်အရွယ်အပါအဝင် ပြည်သူ (၂)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 16 Views
ဇန်နဝါရီလ (၂၈)ရက်။ ဇန်နဝါရီလ (၂၆)ရက်နေ့ ည (၉)နာရီ (၂၅)မိနစ်အချိန်က ဒူးသထူခရိုင်မှာ စစ်တပ်ရဲ့ ခမရ(၃)ကနေ ၁၂၀မမ လက်နက်ကြီး
မြန်မာသတင်း

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့ မဟာမိတ်တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းသွားမယ်လို့ KNPP ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 19 Views
ဇန်နဝါရီလ (၂၈)ရက်။ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့ မဟာမိတ်တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ KNPP က (၁၅)ကြိမ်မြောက် ပါတီကွန်ကရက်ဆိုင်ရာ ထုတ်ပြန်ကြေညာချက်မှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ KNPP အနေနဲ့ ပြည်နယ်/ဖက်ဒရယ်ယူနစ် အားကောင်းရေးကနေ ပြည်ထောင်စု အားကောင်းရေး ချဉ်းကပ်တဲ့ပုံစံနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် ယတြာချေဖို့ လပခဌာနချုပ်ထဲ တည်းခိုနေချိန် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်
  • 31 Views
ဇန်နဝါရီလ (၂၇)ရက်။ ဒီကနေ့ နံနက် (၄)နာရီခွဲအချိန်က မန္တလေးရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)ထဲ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မင်းအောင်လှိုင်က မန္တလေးမှာ မဲရုံတွေကိုလိုက်ကြည့်ပြီး အပြန် ယတြာချေဖို့ လပခထဲ
မြန်မာသတင်း

ပေးဆပ်တိုက်ပွဲဝင်ခဲ့တဲ့ အာဇာနည်ရဲဘော်တွေကို ဦးညွတ်အလေးပြုတယ်လို့ ကျားသစ်နက်စစ်ကြောင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်
  • 31 Views
တော်လှန်ရေးတပ်ပေါင်းစုတွေနဲ့အတူ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကတိပြုအသိပေး ဇန်နဝါရီလ (၂၇)ရက်။ နိုင်ငံအတွက် ပေးဆပ်တိုက်ပွဲဝင်ခဲ့ကြတဲ့ အာဇာနည်သူရဲကောင်းတွေ၊ ရဲဘော်ဟောင်းတွေနဲ့ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေကို ဦးညွတ်‌အလေးပြုတယ်လို့ ကျားသစ်နက်စစ်ကြောင်း တပ်ခွဲ(၂)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရဲဘော်တွေအနေနဲ့ စတင်ဖွဲ့စည်းချိန်ကစပြီး
မြန်မာသတင်း

NLD အစိုးရလက်ထက် ကျန်းမာရေးဝန်ကြီးအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာမြင့်ထွေး ကွယ်လွန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်
  • 25 Views
ဇန်နဝါရီလ (၂၇)ရက်။ NLD အစိုးရလက်ထက် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာမြင့်ထွေး ကွယ်လွန်သွားပြီဖြစ်တယ်လို့ ညီဖြစ်သူရဲ့ အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အကိုအကြီးဆုံး ဒေါက်တာ ဦးမြင့်ထွေးဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘာမင်ဂရက်ဆေးရုံမှာ ဒေသစံတော်ချိန်
မြန်မာသတင်း

အင်အားစုတွေအကြား သဘောထားကွဲလွဲတာတွေ ညှိနှိုင်းဖြေရှင်းဖို့ NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်
  • 30 Views
ဇန်နဝါရီလ (၂၇)ရက်။ ဇန်နဝါရီလ (၂၅)ရက်နေ့က တော်လှန်ရေးဦးဆောင်မှု ခိုင်မာဖို့နဲ့ နိုင်ငံရေးဆိုင်ရာကိစ္စရပ်တွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတွေ့ဆုံပွဲကို နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးနိုင်ဖို့ ရည်ရွယ်ပြီး
မြန်မာသတင်း

ပုလဲနယ်ထဲ BNRA ကို အကြောင်းပြချက်မရှိဘဲ ဆန္ဒပြဖို့ NUG က အတင်းအကြပ် စေခိုင်းနေတယ်လို့ဆို

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်
  • 36 Views
ဇန်နဝါရီလ (၂၆)ရက်။ ပြီးခဲ့တဲ့ရက်သတ္တပတ်က ပုလဲနယ်မှာ NUG က ဗိုလ်နဂါးဦးဆောင်တဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA)ကို အကြောင်းမဲ့ ဆန္ဒပြခိုင်းနေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ တိုက်နယ်အဖွဲ့တွေကို ဒေသခံတွေက BNRA အလိုမရှိဘူးဆိုပြီးတော့ ဆန္ဒပြခိုင်းတာပေါ့။ အဲ့လိုဆန္ဒပြခိုင်းတာမှာ