နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 11 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်သွားတဲ့အပေါ် အထူးဝမ်းနည်းကြေကွဲကြောင်း NUG သဝဏ်လွှာပို့၊ အတုယူမော်ကွန်းတင်စရာ နိုင်ငံရေးသမားကောင်းအနေနဲ့ တည်ရှိနေမယ်လို့ဆို

အောက်တိုဘာလ (၇)ရက်။

ဒီကနေ့ နံနက်အစောပိုင်းအချိန်က မန္တလေးဆေးရုံကြီးမှာ သွေးကင်ဆာရောဂါနဲ့ NLD ပါတီ ဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်သွားတဲ့အပေါ် အထူးဝမ်းနည်းကြေကွဲကြောင်း NUG က သဝဏ်လွှာပေးပို့ခဲ့တယ်လို့ သိရပါတယ်။

ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်အနိစ္စရောက်သွားတာကို ကြားသိရတာကြောင့် NLD အပါအဝင် ဒီမိုကရေစီအင်အားစုတွေနဲ့အတူ NUG အနေနဲ့ ကျန်ရစ်သူ မိသားစုနဲ့ထပ်တူ စိတ်ထိခိုက်ဝမ်းနည်းရတယ်လို့ ဆိုပါတယ်။

ဒေါက်တာဇော်မြင့်မောင်ဟာ NLD စတင်ဖွဲ့စည်းတဲ့အချိန်ကနေ ကွယ်လွန်ချိန်အထိ ဒီမိုကရေစီလှုပ်ရှားတဲ့ ခရီးလမ်းတလျှောက်မှာ ဦးဆောင်ပါဝင်ခဲ့တာကြောင့် စစ်အာဏာရှင်အဆက်ဆက်ရဲ့ ဖမ်းဆီးအကျဉ်းချတာကို ခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

အခုအာဏာသိမ်းဖြစ်စဉ်မှာလဲ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရပြီး ကင်ဆာရောဂါခံစားနေရတာကို သိပေမယ့် လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်တာတွေ မရရှိဘဲ အကျဉ်းထောင်ထဲ ကွယ်လွန်ခဲ့ရတဲ့ နိုင်ငံရေးသမားကောင်းတစ်ဦးလို့ ဆိုပါတယ်။

‌NLD ပါတီရဲ့ ဒီမိုကရေစီခရီးကြမ်းမှာ ပြည်သူတွေနဲ့အတူ မားမားမတ်မတ်ရပ်တည်ပြီး ပါတီညီညွတ်ရေးနဲ့ ဒီမိုကရေစီအင်အားစုတွေကြား ညီညွတ်ရေးကိုပါ တည်ဆောက်နိုင်ဖို့ ကြိုးပမ်းခဲ့တဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲ (၄)ကြိမ်ဆက်တိုက် အနိုင်ရရှိခဲ့တဲ့ ကိုယ်စားလှယ်ကောင်းတစ်ဦးဖြစ်ရုံသာမက ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ သက်စွန့်ဆံဖျား လိုက်ပါဆောင်ရွက်ခဲ့သူဖြစ်ကာ တိုင်းဝန်ကြီးချုပ်အနေနဲ့ ထမ်းဆောင်ချိန်ကလဲ ကျင့်ဝတ်နဲ့အညီ တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်ခဲ့တဲ့ ဝန်ကြီးချုပ်ကောင်းတစ်ဦးဖြစ်တယ်လို့ ရေးသားထားပါတယ်။

ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်သွားပေမယ့် သူမျှော်မှန်းခဲ့တဲ့အတိုင်း နွေဦးတော်လှန်ရေး အမြန်ဆုံးပြီးမြောက်အောင်မြင်တဲ့အထိ ဆက်လက်အကောင်အထည်ဖော်သွားမယ်လို့ NUG က ထပ်လောင်းကတိပြုပြောဆိုထားပါတယ်။

ဒေါက်တာဇော်မြင့်မောင်ရဲ့ ဒီမိုကရေစီရရှိဖို့အတွက် စွန့်လွှတ်အနစ်နာခံတာတို့ဟာ ပြည်သူတွေရဲ့ ရင်ထဲမှာ အတုယူ မော်ကွန်းတင်စရာ နိုင်ငံရေးသမားကောင်းတစ်ဦးအနေနဲ့ ကမ္ဘာတည်သရွေ့ တည်ရှိနေမှာဖြစ်ပြီး အစဉ်အမြဲ သတိရ လေးစားဦးညွတ်တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 69 Views
အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့ ‌ဇွန်လ (၃)ရက်။ မေလ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က အုတ်ဖိုမြို့ ကျီးပြတ်ရွာမှာ
မြန်မာသတင်း

မင်းတပ်မြို့အနီး စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 69 Views
‌ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့ကစပြီး မင်းတပ်မြို့နဲ့ (၁၀)မိုင်ခန့်အကွာမှာ စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ မြို့နယ်စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲမှုကော်မတီထံက သိရပါတယ်။
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံးနေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 61 Views
‌ဇွန်လ (၃)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ ရေကြည်နဲ့ လေးမျက်နှာမြို့တို့မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသထဲစစ်ရေးသတင်းတွေထံက သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီက အတင်းအဓမ္မစုဆောင်းထားတဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြား သေဆုံးနေပြီး ရုပ်အလောင်းတွေကို ပြန်သယ်နိုင်တာမရှိဘူးလို့
မြန်မာသတင်း

လယ်ဒိုမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သား (၃)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 62 Views
ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့က လယ်ဒိုမြို့ အင်တိုင်းကုန်းရွာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ခမရ(၂၆၄)ကနေ ၁၅၅မမ ဟောင်ဝှစ်ဇာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ။ အင်တိုင်းကုန်းရွာထဲကျပြီး
မြန်မာသတင်း

ထားဝယ်တိုက်ပွဲ စစ်ကောင်စီတပ်သား (၂)ဦးသေဆုံးခဲ့တယ်လို့ ဒူကရစစ်ကြောင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 65 Views
ဇွန်လ (၂)ရက်။ မေလ (၂၀)ရက်နေ့က ထားဝယ်မြို့ ပခပ်အင်းရွာမှာ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒူကရစစ်ကြောင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပကာရီရွာဘက်ကနေ ရေဝိုင်းရွာဘက်ကို အင်အား(၂၀၀)လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စကစတပ်နဲ့ ပခပ်အင်းရွာမှာ တိုက်ပွဲဖြစ်ပွားတာ။
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 62 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
မြန်မာသတင်း

ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီး အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 40 Views
ဇွန်လ (၂)ရက်။ ဒီကနေ့ နံနက် (၇)နာရီအချိန်က ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ မင်းထင်ကိုကိုကြီးဟာ ကွယ်လွန်ချိန်မှာ အသက် (၆၅)နှစ်ရှိပြီဖြစ်ကာ နှစ်ပေါင်းများစွာကြာ အသည်းကင်ဆာရောဂါဝေဒနာကို ခံစားနေရပြီး ကုသမှုခံယူနေရတာပါ။ သူဟာ
မြန်မာသတင်း

စစ်ကောင်စီကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေ ပပျောက်ဖို့ ပုလဲမြို့နယ်ပအဖ စည်းကမ်းသတ်မှတ်ချက်တွေထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 39 Views
မေလ (၃၀)ရက်။ ပုလဲမြို့နယ်ထဲရှိ စစ်ကောင်စီကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေ လုံးဝပပျောက်ဖို့ မြို့နယ်ပအဖက စည်းကမ်းသတ်မှတ်ချက်တွေ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီစည်းကမ်းချက်တွေဟာ စစ်ကောင်စီနဲ့ပတ်သက်တဲ့ ကျောင်းတွေကို တော်လှန်ရေးနယ်မြေထဲက ကျောင်းသားမိဘတွေအနေနဲ့ ကျောင်းအပ်နှံတာ လုံးဝမပြုဖို့ ဆိုထားပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် စစ်ကောင်စီကျောင်းမှာ