ဒီဇင်ဘာလ (၇)ရက်။
ယုံကြည်ချက်၊ ခံယူချက်တွေ မယိမ်းယိုင်စေဖို့နဲ့ တပ်တွင်း စည်းလုံးညီညွတ်ဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ်က သင်တန်းဆင်းပွဲမှာ တိုက်တွန်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။
တပ်တွင်းစည်းလုံးညီညွတ်ဖို့အတွက် အထက်ကပေးတဲ့ အမိန့်နဲ့ တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်ပြီး လက်အောက်ကို ထိတွေမှုများများနဲ့ ဦးဆောင်ကာ တပ်တည်ဆောက်တဲ့ လုပ်ငန်းကြီး(၄)ရပ်ကို လုပ်ဆောင်ဖို့ ဆိုပါတယ်။
အခုအခါ ဆန့်ကျင်ဖက်အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်အချို့က စစ်တပ်အပေါ် ပြည်သူရဲ့ အထင်အမြင်လွဲမှားစေဖို့ လုပ်ဆောင်နေကြကာ ဒီလုပ်ရပ်တွေကို အသိ၊ သတိနဲ့ ဆင်ခြင်ပြီး တပ်ပြင်စည်းရုံးရေးလုပ်ငန်းတွေကို အလေးထားလုပ်ဆောင်ဖို့ ပြောဆိုခဲ့ပါတယ်။
နောက်ပြီး ဒီကနေ့ကာလမှာ ပြည်တွင်းပြည်ပကနေ ဆိုရှယ်မီဒီယာကို လက်နက်လိုအသုံးပြုပြီး စစ်တပ်နဲ့ ပြည်သူအကြား သွေးကွဲအောင်နဲ့ စည်းလုံးညီညွတ်မှု ပြိုကွဲအောင် တိုက်ခိုက်နေကြတယ်လို့ ဆိုထားပါတယ်။
ဒါ့အပြင် စစ်တပ်ဖြိုခွဲဖို့အတွက် လုပ်ဆောင်နေတာတွေကို နားမယောင်ဖို့လိုပြီး တာဝန်ကျတဲ့နေရာတွေကို ရောက်ရှိချိန်မှာလဲ တပ်သားနဲ့ မိသားစုဝင် ယုံကြည်ချက်တွေ မယိမ်းယိုင်ဖို့ဆိုပြီး စစ်ခေါင်းဆောင်က ပြောဆိုခဲ့တာပါ။
ရွေးကောက်ပွဲကျင်းပပြီး အဲ့ဒီရွေးကောက်ပွဲကနေ ထွက်ပေါ်လာမယ့် အစိုးရိကို နိုင်ငံတာဝန်တွေ လွှဲအပ်နိုင်ဖို့ ကျရာအခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်ဖို့ တိုက်တွန်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။