နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကုလသမဂ္ဂမှာ မြန်မာကိုယ်စားပြုခွင့် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ရရှိ

ဒီဇင်ဘာလ (၇)ရက်။

ကုလသမဂ္ဂမှာ မြန်မာနိုင်ငံအတွက် ကိုယ်စားပြုခွင့်ကို သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ရရှိခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

မနေ့က နယူးယောက်မြို့မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂရဲ့ (၄၈)ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးကနေ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ကိုယ်စားလှယ်ရွေးချယ်ရေးနဲ့စပ်လျဉ်းပြီး ဆွေးနွေးအတည်ပြုခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီအစည်းအဝေးမှာ အရည်အချင်းစစ်ကော်မတီရဲ့ အစီရင်ခံစာကို အတည်ပြုကာ အစီရင်ခံစာပါ ဆုံးဖြတ်ချက်နဲ့ မဲမခွဲဘဲ တူညီဆန္ဒနဲ့ အတည်ပြု ချမှတ်ခဲ့တာလို့ ဖော်ပြထားပါတယ်။

အစီရင်ခံစာမှာ ကော်မတီဥက္ကဋ္ဌက မြန်မာနိုင်ငံ ကိုယ်စားပြုမှုကို စစ်ကောင်စီဘက်က တင်သွင်းထားတာကို လက်ခံရရှိထားပေမယ့် ရွေးချယ်ခန့်အပ်ဖို့ကို စဉ်းစားဆုံးဖြတ်နိုင်ဖို့ ရွှေ့ဆိုင်းထားဖို့ အဆိုပြုခဲ့ပြီး အဲ့ဒီအဆိုပြုချက်ကို မဲမခွဲဘဲ အတည်ပြုခဲ့တာလို့ ရေးသားထားပါတယ်။

အခုလို သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကိုယ်စားပြုခွင့် ဆက်လက်ရရှိထားတာကြောင့် အရင်နှစ်တွေအတိုင်း ကုလသမဂ္ဂညီလာခံမှာ ဆက်လက်ပါဝင်သွားမှာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် (၇၉)ကြိမ်မြောက် ကုလညီလာခံထဲ ကျင်းပနေတဲ့ မျက်နှာစုံညီနဲ့ ပင်မကော်မတီအစည်းအဝေးတွေ၊ ကုလ ပင်မအင်္ဂါရပ်အဖွဲ့တွေရဲ့ အစည်းအဝေးတွေနဲ့ ဆက်လက်အစည်းအဝေးတွေကို တက်ရောက်သွားမယ်လို့ အသိပေးထားပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ စစ်တပ်အာဏာသိမ်းချိန်ကစပြီး စစ်ကောင်စီကို ဆန့်ကျင်ကာ နိုင်ငံထဲ စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်တာတွေ၊ အရပ်သားပြည်သူတွေအပေါ် ဖိနှိပ်ညှင်းပမ်းနှိပ်စက်တာတွေနဲ့ မြန်မာပြည်သူတွေရဲ့ဆန္ဒကို ကုလသမဂ္ဂမှာ တစိုက်မတ်မတ် ထုတ်ဖော်ပြောဆိုနေတာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရွေးကောက်ပွဲကျင်းပဖို့ နိုင်ငံရေးပါတီတွေနဲ့ စစ်ကောင်စီတွေ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 1 Views
ဇန်နဝါရီလ (၂၄)ရက်။ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ နိုင်ငံရေးပါတီတွေနဲ့ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းကော်မတီတို့ မနေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

တရုတ်နိုင်ငံရဲ့ မြန်မာ့ငြိမ်းချမ်းရေး အကူအညီပေးတာတွေကို တန်ဖိုးထားတယ်လို့ စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 2 Views
ဇန်နဝါရီလ (၂၄)ရက်။ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အကူအညီပေးတာတွေအပေါ် တန်ဖိုးထားတယ်လို့ စစ်ကောင်စီဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းရဲ့ မနေ့က တရုတ်နှစ်သစ်ကူးအခမ်းအနားမှာ
မြန်မာသတင်း

ဖာပွန်ရှိ ကတိုင်တိတပ်စခန်း မကျစေဖို့ စစ်ကောင်စီ အသည်းအသန်ခုခံနေ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 1 Views
ဇန်နဝါရီလ (၂၃)ရက်။ ဖာပွန်-ကမမောင်းလမ်းပိုင်းရှိ ကတိုင်တိတပ်စခန်း မကျစေဖို့ စစ်ကောင်စီတပ်က လေကြောင်းအပါအဝင် လက်နက်ကြီးတွေနဲ့ အသည်းအသန်ခုခံနေတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ “ ကတိုင်တိတပ်စခန်း တိုက်ပွဲပြင်းထန်နေတဲ့အချိန် စကစက ဂျက်လေယာဉ်နဲ့ စခန်းအနီးဝန်းကျင်တွေကို တောက်လျှောက် ဗုံးကြဲချတာ၊ နောက်ပြီး
မြန်မာသတင်း

မင်းလှမှာ စစ်ကောင်စီသတင်းပေး ပျူစောထီးတစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 13 Views
ဇန်နဝါရီလ (၂၃)ရက်။ ‌မနေ့က နံနက်(၇)နာရီခန့်က မင်းလှမြို့၊ ဂန့်ဂေါ်ပင်ရွာနေ ပျုစောထီး ရှမ်းလေး(ခ)မိုးကြီးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း(၃၈၀၂)၊ တပ်ခွဲ(၃)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဂန့်ဂေါ်ပင်ရွာက ပျုစောထီး ရှမ်းလေး(ခ)မိုးကြီးကို သူ့ရဲ့နေအိမ်မှာပဲ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ
မြန်မာသတင်း

ချောင်းဦးမြို့မှာ စစ်ကောင်စီယာဉ်တန်း ပစ်ခတ်တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 10 Views
ဇန်နဝါရီလ (၂၃)ရက်။ မနေ့က နေ့လယ် (၁၂)နာရီခွဲအချိန်က ချောင်းဦးမြို့ နတ်ရေကန်နဲ့ ရေပိုးစားကြားမှာ စစ်ကောင်စီယာဉ်တန်းကို ပစ်ခတ်ခဲ့တယ်လို့ မုံရွာခရိုင် အမှတ်(၁၁)တပ်ရင်းရဲ့ ဒီကနြေမှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စစ်ကိုင်း တပ်မ(၃၃)ကနေ ထွက်လာတဲ့ စခယာဉ်တန်း
မြန်မာသတင်း

ယူကရိန်းနဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးဖို့ ရုရှားသမ္မတ ပူတင်ကို ထရန့်ဖိအားပေး

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 8 Views
ဇန်နဝါရီလ (၂၃) ရက်။ ယူကရိန်းနဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးဖို့ ရုရှားသမ္မတ ပူတင်က သဘောမတူရင် ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်သွားမယ်လို့ အမေရိကန် သမ္မတထရန့်က ပြောပါတယ်။ ဇန်နဝါရီလ (၂၂) ရက်နေ့မှာ သမ္မတထရန့်က ယူကရိန်းကို
မြန်မာသတင်း

ကျားဖြန့်ဂိုဏ်းတွေကို နိုင်ငံတကာနဲ့ လက်တွဲတိုက်ဖျက်သွားမယ်လို့ BGF ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 13 Views
ဇန်နဝါရီလ (၂၃)ရက်။ ကျားဖြန့်ဂိုဏ်းတွေကို ဒေသအာဏာပိုင်အဖွဲ့တွေအပါအဝင် နိုင်ငံတကာတို့နဲ့ ပူးပေါင်းလက်တွဲ တိုက်ဖျက်သွားမယ်လို့ ဗိုလ်မှူးကြီး စောချစ်သူဦးဆောင်တဲ့ BGF က မနေ့က ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ BGF အနေနဲ့ ဒေသထဲလာရောက်ပြီး ဖွံ့ဖြိုးရေးလုပ်ကိုင်မယ့် လုပ်ငန်းရှင်တွေကိုသာ ဖိတ်ခေါ်လက်တွဲတာဖြစ်ပြီး
မြန်မာသတင်း

အခုနှစ်မှာ တော်လှန်ရေးအရှိန်မြှင့်တင်သွားမယ်လို့ NUG ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 8 Views
ဇန်နဝါရီလ (၂၃)ရက်။ အခု ၂၀၂၅ခုနှစ်မှာ တော်လှန်ရေးအရှိန်မြှင့်တင်သွားမယ်လို့ NUG သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်ရဲ့ ဇန်နဝါရီလ (၂၁)ရက်နေ့ကပြုလုပ်တဲ့ Press Briefing မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့ လုပ်ရပ်‌တွေ တားဆီးဖို့၊