နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 4 ရက်

၁၁၁၃ ရခိုင်စစ်ပွဲ

၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

မောင်တောမှာ ကျန်နေတဲ့ နခခ (၅) ကို အလုံးစုံ သိမ်းပိုက်လိုက်ပြီဟု သတင်းထွက်ပေါ်

ဒီဇင်ဘာလ (၇) ရက်။

ရခိုင်ပြည်နယ် မောင်တောမြိုနယ်တွင် နောက်ဆုံးကျန်ရှိနေတဲ့အမှတ် ၅ နယ်ခြားစောင့်ရဲတပ်ဖွဲဌာနချုပ် (နခခ ၅) ကို ဒီနေ့ ဒီဇင်ဘာလ (၇) နေ့မှာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး မြန်မာ-ဘဂ်လားဒေ့ရှ်နယ်စပ်တခုလုံးကို အာရက္ခ တပ်တော် (AA) က ထိန်းချုပ်လိုက်နိုင်ပြီလို့ မြေပြင်သတင်းရင်းမြစ်နဲ့ စစ်လော်ဘီတယ်လီဂရမ်ရဲ့ ဖော်ပြချက်တွေအရ သိရှိရပါတယ်။

အဲ့ဒီ နခခ (၅) ကို အာရက္ခ တပ်တော်က ၃ လကျော် ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ ဒီဇင်ဘာ ၅ ရက်တွင် နောက်ဆုံးခံတပ် ဘန်ကာတွေအထိ အနီးကပ်ဝင်ရောက် ထိုးစစ်ဆင်ခဲ့ပြီး ဒီနေ့ အလုံးစုံ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဒေသအခြေစိုက်သတင်းမီဒီယာတွေမှာလည်း ဖော်ပြကြပါတယ်။ AA ဘက်ကတော့ တရားဝင်သတင်းမထုတ်ပြန်သေးပါဘူး။

အာရက္ခတပ်တော်ရဲ့ မနေ့ညက သတင်းထုတ်ပြန်ချက်မှာ မောင်တော နခခ (၅) စခန်းအတွင်းမှ ခုခံနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဝေဟင်ကနေ ခဲယမ်း၊ ရိက္ခာ ဖြည့်တင်းပေးရုံကလွဲပြီး ကုန်းလမ်း၊ ရေလမ်းကနေ စစ်ကူလာရောက် ဖြည့်တင်းပေးနိုင်တဲ့ အခြေအနေမဟုတ်တော့တာကြောင့် နခခ (၅) ကိုလည်း မကြာမီသိမ်းပိုက် ရရှိနိုင်တော့မှာဖြစ်ပြီး အပြီးသတ်သိမ်းပိုက်ရရှိရေး ထိုးစစ်အရှိန်အဟုန်မြှင့် တိုက်ခိုက်နေတယ်လို့ ရေးသားထားပါတယ်။

ဂွမြို့ဘက်မှာလည်း စစ်ကူတက်လာတဲ့ စစ်ကြောင်းကို နိုဝင်ဘာ ၂၄ ရက်နေ့က ဖြတ်တောက်တိုက်ခိုက်နေရာ ဂွမြိုနယ် သံခဲချိုင်ကျေးရွာကမ်းခြေအနီး၊ သံခဲချိုင်ကျေးရွာနဲ့ ကင်းပုံကျေးရွာအကြားစတဲ့ နေရာတွေမှာ ၃ ရက်အတွင်း ချေမှုန်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၁၂၀ ကျော် သေဆုံးခဲ့တယ်လို့ သိရပြီး စစ်သုံပန်းအချိုနဲ့ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင် ပစ္စည်းတွေကိုလည်း သိမ်းပိုက်ရရှိခဲ့ပါတယ်။ ဂွမြို့ထဲကို AA တပ်ဖွဲ့ဝင်တွေ ဝင်ရောက်နေပြီလို့ ပြောဆိုနေကြပါတယ်။

စစ်ကောင်စီခန့် ရခိုင်ဝန်ကြီးချုပ် ဦးထိန်လင်းကတော့ မနေ့က စစ်တွေမြို့မှာ အထူးနေ့လယ်စာစားပွဲ တက်ရောက်နေတယ်လို့ စစ်ကောင်စီသတင်းတွေအရ သိရပါတယ်။

ဓာတ်ပုံ (ပုံဟောင်း)

၂၀၂၄ ဇွန်လအတွင်း မောင်တော နခခ ၆ အင်းဒင်စခန်းကို ထိန်းချုပ်ပြီးနောက် တွေ့ရသော AA တပ်ဖွဲဝင်များ/ AA Info Desk

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 41 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 41 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 39 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 43 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 34 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 42 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 42 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 33 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို