နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပဋိပက္ခတွေကြောင့် အရှေ့အလယ်ပိုင်းဒေသတွင်းကို စစ်မီးကူးစက်လာနိုင်

ဂါဇာကမ်းမြောင်မှာဖြစ်ပွါးနေတဲ့ အစ္စရေး-ဟားမက်စ်စစ်ပွဲဟာ ဒေသတွင်းကို အလျင်အမြန်ပြန့်နှံ့လာနိုင်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘီလင်ကန်က အရှေ့အလယ်ပိုင်းခရီးစဉ်မှာ ထုတ်ဖော်ပြောသွားခဲ့ပါတယ်။ ကာတာဝန်ကြီးချုပ် အဲလ်သာနီနဲ့တွေ့ဆုံခဲ့ပြီးနောက်မှာ ဘီလင်ကန်က ဒေသတွင်းမတည်ငြိမ်မှုက မလုံခြုံမှုနဲ့ ပင်ပန်းဆင်းရဲမှုကို ဖြစ်စေလိမ့်မယ်လို့ ပြောသွားခဲ့တာပါ။

ဘီလင်ကန်ဟာ ဂါဇာပဋိပက္ခစတင်ဖြစ်ပွါးခဲ့တဲ့ 2023 အောက်တိုဘာလ 7 ရက်နေ့နောက်ပိုင်း အရှေ့အလယ်ပိုင်းဒေသကို 4 ကြိမ်မြောက်ရောက်ရှိလာခဲ့တာဖြစ်ပြီး သံခန်းတမန်ခင်းကိစ္စတွေကို ဆောင်ရွက်နေတာဖြစ်ပါတယ်။ အီဂျစ်နဲ့ အစ္စရေးနိုင်ငံတွေကို သွားရောက်မလည်ပတ်ခင် ယူအေအီး၊ ဆော်ဒီနိုင်ငံတွေက အာရပ်ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံခဲ့ပါသေးတယ်။

အစ္စရေး-လက်ဘနွန်နယ်စပ်၊ အီရတ်-ဆီးရီးယားပြဿနာနဲ့ ပင်လယ်နီထဲက လုံခြုံရေးကိစ္စတွေအတွက် အဓိကထားဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ အခုဖြစ်ပွါးနေတဲ့ ပြဿနာတွေရဲ့နောက်ကွယ်မှာ လက်ဘနွန်နဲ့ ယီမင်နိုင်ငံထဲမှာရှိတဲ့ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာနဲ့ ဟူသီသူပုန်တွေ ရှိနေတာကို အမေရိကန်ဘက် ထောက်ပြခဲ့ပါတယ်။ ဘီလင်ကန်ဟာ အခုတစ်ပတ်အတွင်း တဲအဗစ်နဲ့ ဂျော်ဒန်အနောက်ဘက်ကမ်းတွေမှာ အစ္စရေးခေါင်းဆောင်တွေနဲ့တွေ့ဆုံဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်သွားမှာဖြစ်ပါတယ်။

“အပြစ်မဲ့တဲ့ ပါလက်စတိုင်းပြည်သူတွေ ထိခိုက်သေဆုံးမှုမရှိအောင် လိုအပ်တာတွေကို ထပ်မံလုပ်ဆောင်သွားရမှာပါ”လို့ ဘီလင်ကန်က သတင်းထောက်တွေကို ပြောသွားခဲ့တာပါ။ အစ္စရေးကတော့ သူတို့အနေနဲ့ ဟားမက်စ်မဟုတ်တဲ့ တပ်ဖွဲဝင်တွေကို တိုက်ခိုက်ဖို့ ကြိုးစားမှာ မဟုတ်ဘူးလို့ ထုတ်ပြန်ထားသလို ဟားမက်စ်တွေဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်ပြီး အရပ်သားအဆောက်အဦတွေကို ခြေကုပ်ယူထားတယ်လို့ စွပ်စွဲထားပါတယ်။

အစ္စရေး-ဟားမက်စ်စစ်ပွဲကြောင့် ဂါဇာမှာ အရပ်သားသေဆုံးမှု နှစ်သောင်း ၃ ထောင်နီးပါး ရှိလာခဲ့တာကြောင့် အာရပ်နိုင်ငံတွေနဲ့ ကမ္ဘာ့ခေါင်းဆောင်တွေက အပစ်အခတ်ရပ်စဲဖို့ တောင်းဆိုမှုတွေ ဆက်တိုက်ပြုလုပ်နေပေမယ့် တိုက်ပွဲတွေဟာ အခုထိ မရပ်သေးဘဲ အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံးကို ကူးစက်လာဖွယ်ရှိနေတာပါ။ အဲဒီစစ်ပွဲနဲ့ပတ်သက်ပြီး ဘီလင်ကန်က အပစ်အခတ်မရပ်စဲပေမယ့် တိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှု နည်းပါးရေးနဲ့ လူသားချင်းစာနာမှုဆိုင်ကာ အကူအညီပေးရေးအတွက် သေချာဂရုစိုက်ဆောင်ရွက်ဖို့ အရေးကြီးပါတယ်လို့ ထုတ်ဖော်ပြောသွားခဲ့ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ယင်းမာပင်ခရိုင်တပ်ရင်းထဲ ရဲဘော်တဦးက တပ်ရင်းမှူးကို သေနတ်နဲ့ပစ်သတ်မှုဖြစ်ပွားခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 15 Views
ဇွန်လ (၂၆)ရက်။ ဒီကနေ့ ယင်းမာပင်ခရိုင်အမှတ်(၆)တပ်ရင်းမှာ ရဲဘော်တဦးကို တပ်ရင်းမှူးကို သေနတ်နဲ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို PDF စစ်ရုံးချုပ်ရဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ အချင်းချင်းပစ်ခတ်လို့ အမှတ် ၆ တပ်ရင်းမှူး ပုလဲမောင် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 14 Views
၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ ကွပ်ကဲရေးမှူးရှေ့တွင် ကွပ်ကဲရေးမှူး စွမ်းသူမောင်၏ ပီအေက တပ်ရင်းအမှတ် ၆ ရဲ့ တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်ကို ဒီကနေ့ ပြုလုပ်တဲ့ ခရိုင်ရုံးအစည်အဝေးမှာ ပစ်သတ်လိုက်ကြောင်းသိရသည်၊ ထိုကိစ္စကို
မြန်မာသတင်း

မြိုင်မြိုပေါ်မှာ ရိက္ခာထွက်ယူတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးတာတွေရှိခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
ဇွန်လ (၂၆)ရက်။ မနေ့က နံနက် (၆)နာရီ (၄၀)မိနစ်အချိန်က မြိုင်မြိုပေါ်ရှိ မီးသတ်စခန်းအနီး အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို မြိုနယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မီးသတ်စခန်းနားမှာ အထိုင်ချထားတဲ့ စကစတပ် ရိက္ခာထွက်ယူတာကို ဖရဲသီးရဲ့
မြန်မာသတင်း

လောင်းလုံးနယ်တိုက်ပွဲ တပ်စွဲဖို့လာတဲ့ စစ်တပ် အထိနာပြီး ပြန်ဆုတ်ခွာသွားခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 16 Views
ဇွန်လ (၂၆)ရက်။ လောင်းလုံးမြို့နယ် စပ်ပြဲရွာမှာ တပ်စွဲဖို့လာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ထားဝယ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲဟာ ဇွန်လ (၁၄)ရက်နေ့ နံနက် (၆)နာရီကနေ ဇွန်လ (၁၅)ရက်နေ့ နံနက်
မြန်မာသတင်း

တိုက်ပွဲမရှိဘဲ နတ်မောက်မြို့ကို စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်၊ မိသားစုတစုအပါအဝင် ဒေသခံ (၅)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
ဇွန်လ (၂၆)ရက်။ မနေ့က ညနေ (၄)နာရီ (၂၀)မိနစ်အချိန်က နတ်မောက်မြို့အရှေ့ခြမ်းရှိ သမုန်းကုန်းရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ နတ်မောက်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နတ်မောက်အရှေ့ခြမ်း သမုန်းကုန်းရွာကို စစ်တပ်က ဂျက်ဖိုက်တာ (၂)စီးနဲ့
မြန်မာသတင်း

သထုံမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အမွှာကိုယ်ဝန်သည်နဲ့ မိန်းကလေးငယ်တဦး သေဆုံးခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 23 Views
ဇွန်လ (၂၅)ရက်။ ဇွန်လ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က သထုံမြို့နယ်ထဲ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ရဲ့ လက်နက်ကြီး (၂)လုံးနဲ့
မြန်မာသတင်း

ကော်သူးလေတည်ဆောက်ဖို့ ကရင်အရပ်ဘက်အဖွဲ့တွေ သဘောထားချမှတ်ခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 20 Views
ဇွန်လ (၂၄)ရက်။ ပြီးခဲ့တဲ့ရက်သတ္တပတ်ထဲ ကရင်အရပ်ဘက်အဖွဲ့တွေ(KCBOs/KCSOs)ရဲ့ ဆွေးနွေးပွဲတရပ်ကို (၃)ရက်ကြာ ကျင်းပခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို KNU ရဲ့ ပညာပေးစည်းရုံးရေးနဲ့ ဖွဲ့စည်းတည်ဆောက်ရေစလုပ်ငန်းကော်မတီ(EIWC)က ဦးဆောင်စီစဉ်ခဲ့ပြီး KCBOs/KCSOs အဖွဲ့