နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 2 ရက်

မြန်မာသတင်း

မြန်မာသတင်း

အင်းစိန်မြို့ရှိ ဈေးကုန်းအနောက်ရပ်ကွက်ရုံး ဖောက်ခွဲတိုက်ခိုက်ခံရ

ဖေဖော်ဝါရီလ (၈)ရက်။

ဒီကနေ့ နေ့လယ် (၁၂)နာရီ (၂၅)မိနစ်အချိန်က အင်းစိန်မြို့ရှိ ဈေးကုန်းအနောက်ရပ်ကွက်ရုံးကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Dark Shadow ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အင်းစိန်မြို့က ဈေးကုန်းအနောက်ရပ်ကွက်ရုံးကို Dark Shadow တပ်ဖွဲ့နဲ့ မဟာမိတ် GOD အဖွဲ့တို့ ပူးပေါင်းကာ အဝေးထိန်းစနစ်အသုံးပြုပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီအုပ်ချုပ်ရေးမှူးရုံးဟာ ပြည်သူကို အမြဲ ဒုက္ခပေးနေပြီး စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တယား လည်ပတ်အောင် ရပ်ကွက်ထဲက ပြည်သူတွေကို မတရား အနိုင်ကျင့်၊ ငွေညှစ် အုပ်ချုပ်နေတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့ကြောင့် ဈေးကုန်းအနောက်ရပ်ကွက်ရုံးကို ပစ်မှတ်အနေနဲ့ သတ်မှတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး နောက်ပစ်မှတ်တွေကိုလဲ ဆက်လက်တိုက်ခိုက်ချေမှုန်းသွားမယ်လို့ ရေးသားထားပါတယ်။

ပြည်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ ပတ်သက်တဲ့ နေရာတွေ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စုဝေးရာနေရာတွေကို မသွားကြဖို့နဲ့ ဝေးဝေးကရှောင်ရှားသွားလာကြဖို့ မေတ္တာရပ်ခံထားပါတယ်။

ဖောက်ခွဲတိုက်ခိုက်ခံရတဲ့ ရပ်ကွက်ရုံးဟာ အင်းစိန်အကျဉ်းထောင်နဲ့ မီးသတ်ရုံးအနီး တည်ရှိတာဖြစ်ပြီး တိုက်ခိုက်ခံရတာကြောင့် အငှားယာဉ်တစ်စီး ထိခိုက်ပျက်စီးခဲ့တယ်လို့ မြို့နေပြည်သူတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဝက်လက်မြို့မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ကလေးငယ်အပါအဝင် (၅)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 2 ရက်
  • 19 Views
ဒီဇင်ဘာလ (၂)ရက်။ ဒီကနေ့ နံနက် (၁၂)နာရီကျော်အချိန်က ဝက်လက်မြို့အရှေ့ခြမ်း နတ်မှော်ဦးရွာထဲကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “
မြန်မာသတင်း

စစ်တပ် လွတ်ငြိမ်းနဲ့ နိုင်ငံရေးအကျဉ်းသား (၂၆၈)ဦး ပြန်လွတ်လာတယ်လို့ PPNM ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 2 ရက်
  • 17 Views
ဒီဇင်ဘာလ (၂)ရက်။ ဒီဇင်ဘာလ (၁)ရက်နေ့က စစ်တပ်ရဲ့ လွတ်ငြိမ်းနဲ့ အကျဉ်းထောင်တွေကနေ နိုင်ငံရေးအကျဉ်းသား (၂၆၈)ဦး ပြန်လွတ်လာခဲ့တယ်လို့ PPNM ရဲ့
မြန်မာသတင်း

CDM ဆရာဝန်အမျိုးသမီးကို ဖမ်းဆီးတာနဲ့ပတ်သက်ပြီး NUG က ပြည်သူတွေကို တောင်းပန်ထား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 2 ရက်
  • 12 Views
ဒီဇင်ဘာလ (၂)ရက်။ မင်းကင်းမြို့မှာ CDM ဆရာဝန် ဒေါက်တာဒေါ်ခင်သူသူလွင်(ခ)Dr တူးကို ဖမ်းဆီးခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး NUG ပြည်ထဲရေးဝန်ကြီးဌာနက မနေ့က သတင်းထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ဒေါက်တာဒေါ်ခင်သူသူလွင်ဟာ မြို့နယ်ပအဖတာဝန်ခံအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ပြီး ရပ်နားတဲ့အချိန်မှာ လုပ်ငန်းဆိုင်ရာ စာရင်းဇယားတွေ၊ ရုံးလုပ်ငန်းသုံးပစ္စည်းတွေနဲ့
မြန်မာသတင်း

ထရမ့်၏ ပုဂ္ဂိုလ်ရေး ရှေ့နေဟောင်း အလီနာ ဟက်ဘာ (Alina Habba) သည် နယူးဂျာစီပြည်နယ် အမေရိကန် ရှေ့နေအဖြစ် တရားမဝင် တာဝန်ထမ်းဆောင်နေကြောင်း အယူခံတရားရုံးက ပြောကြား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 2 ရက်
  • 12 Views
CNN- ၂၀၂၅ခုနှစ် ဒီဇင်ဘာလ ၂ရက် တနင်္လာနေ့တွင် ဖက်ဒရယ် အယူခံတရားရုံးတစ်ခုက သမ္မတ ဒေါ်နယ်ထရမ့်၏ ပုဂ္ဂိုလ်ရေး ရှေ့နေဟောင်း အလီနာ ဟက်ဘာ သည် နယူးဂျာစီပြည်နယ် အမေရိကန် ရှေ့နေအဖြစ် တရားမဝင် တာဝန်ထမ်းဆောင်နေသည် ကို
မြန်မာသတင်း

ကျွန်းစုမြို့မှာ PDF နဲ့ ပကဖအမည်ခံပြီး ခြိမ်းခြောက်ငွေတောင်းသူတဦးကို မြို့နယ်ပကဖ ဖမ်းဆီးခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 1 ရက်
  • 30 Views
ဖမ်းဆီးခံရသူဟာ လက်ထိပ်ချွတ်ပြီး ခုခံထွက်ပြေးတာကြောင့် အသေပစ်သတ်ခဲ့ရ ဒီဇင်ဘာလ (၁)ရက်။ ကျွန်းစုမြို့ရှိ ကျေးရွာတွေမှာ PDF နဲ့ ပကဖအမည်ခံပြီး ခြိမ်းခြောက်ငွေတောင်းသူတွေထဲက ကျော်ဝင်း(ခ)ထောင်မှူးဆိုသူကို ဖမ်းဆီးရမိခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ကျော်ဝင်း(ခ)ထောင်မှူးဆိုသူအပါအဝင် (၅)ဦးစုဖွဲ့ပြီး
မြန်မာသတင်း

မင်းကင်းမှာ CDM ဆရာဝန်အမျိုးသမီးကို မြို့နယ်ပလဖက အကြမ်းဖက်ဖမ်းဆီးတဲ့ရုပ်သံ လူမှုကွန်ရက်မှာ ပျံ့နှံ့နေ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 1 ရက်
  • 26 Views
မင်းကင်းမှာ CDM ဆရာဝန်အမျိုးသမီးကို မြို့နယ်ပလဖက အကြမ်းဖက်ဖမ်းဆီးတဲ့ရုပ်သံ လူမှုကွန်ရက်မှာ ပျံ့နှံ့နေ ဒီဇင်ဘာလ (၁)ရက်။ စစ်ကိုင်းတိုင်းရှိ မင်းကင်းမြို့နယ်က CDM ဆရာဝန် ဒေါက်တာဒေါ်ခင်သူသူလွင်ကို မြို့နယ်ပလဖက အကြမ်းဖက်ဖမ်းဆီးတဲ့ရုပ်သံဖိုင် ဒီကနေ့ လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့ခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ရှုံ့ချဖို့ ကရင်လူမှုအဖွဲ့တွေ တိုက်တွန်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 1 ရက်
  • 28 Views
ဒီဇင်ဘာလ (၁)ရက်။ အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲဟာ နိုင်ငံထဲရှိ နိုင်ငံရေးပဋိပက္ခပြဿနာတွေကို လုံးဝဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့ ကရင်လူမှုအဖွဲ့အစည်း (၂၅)ဖွဲ့က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ဒီလို ပြည်သူလူထုအများစုရဲ့ ဆန္ဒမပါဘဲ အတင်းအကျပ်လုပ်ယူတဲ့ အဲ့ဒီအတုအယောင်ရွေးကောက်ပွဲကို ကရင်လူမှုအဖွဲ့တွေက အပြင်းအထန်ရှုံ့ချထားပါတယ်။ နောက်ပြီး
မြန်မာသတင်း

မိုးကုတ်မြို့အတွက် တောင်းပန်ဖို့ စကားလုံးမရှိလို့ TNLA ခေါင်းဆောင် ဗိုလ်ချုပ် တားဘုန်းကျော်ပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 1 ရက်
  • 30 Views
ဒီဇင်ဘာလ (၁)ရက်။ မိုးကုတ်မြို့နဲ့ပတ်သက်ပြီး တောင်းပန်ဖို့ စကားလုံးမရှိဘူးလို့ TNLA ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်ချုပ် တားဘုန်းကျော်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ “ နှင်းသီးကြွေ ခြေစုံခိုက် ရင်ဝယ်ဆူးစိုက် လောင်မြိုက်မျက်ရည် အို… မိုးကုတ်