နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 7 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဇရပ်ကြီးမြိုရှိ စစ်ကောင်စီ တပ်ရင်းအား KNLA/BPLA, PDF အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်လို့ စစ်ကောင်စီထုတ်ပြန်လာ

ဖေဖေါ်ဝါရီလ (၈) ရက်။

ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြိုနယ်၊ ဇရပ်ကြီးမြိုရှိ စစ်ကောင်စီ တပ်ရင်းတွေကို KNLA၊ BPLA, PDF တော်လှန်ရေးတပ်ပွေ့တွေက ဖေဖေါ်ဝါရီလ (၇) ရက် မနက် ၄ နာရီမှာ စစ်ကောင်စီတပ်ရင်း ခလရ (၇၃) ရဲ့ မြောက်ဘက်၊ အနောက်ဘက်နဲ့ တောင်ဘက်ကနေ Drop Bomb တွေ၊ လက်နက်ကြီး၊ လက်နက်ငယ်တွေ အသုံးပြုပြီး အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာပါတယ်။

မြိုဆိုးတံတား လုံခြုံရေးစခန်းနဲ့ နှစ်တန့်ကူးတံတားလုံခြုံရေးစခန်းတွေနဲ့ ရဲစခန်းကိုလည်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က လေကြောင်းနဲ့ ပြန်လည်တုံ့ပြန်ခဲ့တဲ့အတွက် မြို့ခံများ တောင်ငူဘက်ကို စစ်ဘေးရှောင်နေကြရပြီး ထွက်လို့မရဘယ် ပိတ်မိနေတဲ့သူတွေလည်း ရှိနေတယ်လို့သိရပါတယ်။

Photo: ဇရပ်ကြီးမြိုနယ်ဂရု/စစ်ကောင်စီ

ယနေ့မနက် တောင်ငူသို့ထွက်ခွာနေကြသည့်မြို့ခံများနှင့် မြို့တွင်းအပျက်အစီးများနှင့် စစ်ကောင်စီထုတ်ပြန်ချက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရွေးကောက်ပွဲကို ထောက်ခံတာက နိုင်ငံရေးဆောင်ရွက်တာကို ထောက်ခံတာဆိုပြီး မင်းအောင်လှိုင်ပြော

  • 2026 ခုနှစ်၊ မေလ 7 ရက်
  • 1 Views
မေလ (၇)ရက်။ ရွေးကောက်ပွဲကို ထောက်ခံတာဟာ နိုင်ငံရေးအရ ဆောင်ရွက်တာတွေကို ထောက်ခံတာဆိုပြီး ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်က မနေ့က အမည်ခံအစိုးရအဖွဲ့အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့
မြန်မာသတင်း

တနင်္သာရီမှာ စစ်ကောင်စီတပ်သား (၂)ဦး လက်နက်ခဲယမ်းတွေနဲ့ KNU ဆီ အလင်းဝင်

  • 2026 ခုနှစ်၊ မေလ 7 ရက်
  • 11 Views
မေလ (၇)ရက်။ မနေ့က တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်သား (၂)ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ဝက်လက်နယ်မှာ စစ်တပ်ရဲ့ ဗုံးကြဲတာကြောင့် အရပ်သား (၃)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 26 Views
မေလ (၆)ရက်။ ဒီကနေ့ နေ့လယ်ပိုင်းအချိန်က ဝက်လက်မြို့ စခန်းသာရွာအနီးကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ နေ့လယ် (၁၂)နာရီကျော်လောက် စခန်းသာရွာနားကို စစ်တပ်ရဲ့ တံတားဦးတက်ကနေ ဂျက်ဖိုက်တာ (၃)စီးနဲ့ လေကြောင်းကနေ
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို မိသားစုနဲ့ ဆက်သွယ်ခွင့်ရဖို့ ဩစတြေးလျသံရုံး တောင်းဆို

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 24 Views
မေလ (၆)ရက်။ မတရားဖမ်းဆီးခံထားရတဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မိသားစုနဲ့ ဆက်သွယ်ခွင့်ရဖို့ ဩ‌စတြေးလျသံရုံးက ဒီကနေ့မှာ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ ထုတ်ပြန်ချက်ထဲ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်ပကျယ်ချုပ် ပြောင်းရွှေ့တာကို သိရပြီး မိသားစုအပါအဝင် ရှေ့နေတွေနဲ့ တွေ့ခွင့်ရဖို့နဲ့ ကျန်းမာရေးစောင့်ရှောက်မှုရစေဖို့
မြန်မာသတင်း

လေးကေစခန်းက ထွက်ပြေးတဲ့ စစ်ကောင်စီတပ်တွေ လိုက်လံချေမှုန်းခံရပြီး (၇)ဦးသေဆုံးကာ ဒုတပ်ရင်းမှူးအပါ (၁၈)ဦး ဖမ်းမိခဲ့

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 27 Views
မေလ (၆)ရက်။ ‌ဘီးလင်းမြို့ရှိ လေးကေစခန်းသိမ်းတိုက်ပွဲကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်တွေကို လိုက်လံချေမှုန်းခဲ့တယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲထဲ စစ်ကောင်စီတပ်သား (၇)ဦး သေဆုံးခဲ့ပြီး (၁၈)ဦးကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲက‌နေ ထွက်ပြေးသွားတဲ့
မြန်မာသတင်း

မော်လူးမြို့ကို ပြန်လည်ထိန်းချုပ်နိုင်တယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 28 Views
မေလ (၆)ရက်။ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မော်လူးမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မော်လူးမြို့ဟာ ကသာခရိုင် ‌အင်းတော်မြို့နယ်မှာ ပါဝင်ပြီး စစ်တပ်က ဧပြီလ (၃၀)ရက်နေ့မှာ အင်းတော်မြို့ကို သိမ်းပိုက်ပြီးနောက် ထပ်မံရရှိခဲ့တာလို့
မြန်မာသတင်း

NUG ချီးမြှင့်မယ့် ဘွဲ့နဲ့ဆုတံဆိပ်ကို လက်မခံဘူးလို့ ABSDF ပြော

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 22 Views
မေလ (၆)ရက်။ NUG ချီးမြှင့်မယ့် သူရဲကောင်းဘွဲ့နဲ့ ဆုတံ‌ဆိပ်ကို လက်ခံမှာမဟုတ်ဘူးလို့ ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲက မနေ့က ထုတ်ပြန်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ကျောင်းသားတပ်မတော်အနေနဲ့ အခုကာလမှာ ဘယ်အစိုးရကပေးတဲ့ ဘွဲ့ထူး ဂုဏ်ထူးတွေကိုမှ လက်ခံသွားမှာမဟုတ်ဘူး”
မြန်မာသတင်း

ဒေသအချို့မှာ ပြည်သူရဲ့ ယုံကြည်မှုကို ထိခိုက်စေတဲ့ အမှားအယွင်းတွေရှိခဲ့တယ်လို့ ဝန်ကြီးဦးရည်မွန်ပြော

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 20 Views
သိမ်းပိုက်ထားတဲ့ မြို့အချို့ကို စွန့်ခွာရတာအပါအဝင် မြေပြင်အခက်အခဲနဲ့ အတက်အကျတွေဟာ စစ်မက်ရေးရာရဲ့ သဘာဝလို့ဆို မေလ (၅)ရက်။ နေရာဒေသအချို့မှာ ပြည်သူရဲ့ ယုံကြည်မှုကို ထိခိုက်စေတဲ့ အမှားအယွင်းတွေ ရှိခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က PDF (၅)နှစ်ပြည့်မှာ