နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 23 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပုလဲမြိုနယ် ကြံ့ခိုင်ရေးပါတီက တော်လှန်ရေးအင်အားစုဘက်သား ကျားသစ်နက် တပ်မတော်ကို မော်တော်ယာဥ်တစ်စီး လက်ဆောင်ပေး

မတ်လ (၈) ရက်။

စစ်ကိုင်းတိုင်း၊ ပုလဲမြိုနယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီက ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲဖြစ်တဲ့ ကျားသစ်နက်တပ်မတော်ကိုမော်တော်ယာဥ်တစ်စီး လက်ဆောင်ပေးအပ်ခဲ့တယ်လို့ ကျားသစ်နက်တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။

မတ်လ ၆ ရက် နေ့မနက်ပိုင်းက ပုလဲမြိုနယ်ကြံ့ခိုင်ရေးပါတီဘက်က ဖုန်းနဲ့ဆက်သွယ်ပြီး မော်တော်ယာဥ်ကို မြိုနယ်ရုံးမှာ လာရောက်ပြင်ဆင်ပြီးယူဆောင်ဖို့ ကမ်းလှမ်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ကားက ရပ်ထားတာကြာလို့ တာယာနဲ့ ဘက်ထရီတွေတော့ မကောင်းတော့ပေမယ့် ကျန်တာအကုန်ကောင်းသေးတယ်လို့ သိရပါတယ်။

အခုလို ပုလဲမြိုနယ် ကြံ့ခိုင်ရေးပါတီကပေးအပ်တဲ့ ကားဟာ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ အောင်နိုင်ရေးနဲ့ မဲဆွယ်စည်းရုံးရေးတွေမှာ သုံးစွဲခဲ့တာဖြစ်ပြီးဘယ်လိုရည်ရွယ်ချက်နဲ့ အခုလို ပြည်သူ့ကာကွယ်ရေးတပ်ကိုပေးအပ်တာလဲဆိုတာကိုတော့ မသိရသေးဘူးလို့ သိရပါတယ်။

ကျားသစ်နက်တပ်မတော်က မော်တော်ယာဥ်ကို ယူဆောင်သွားပြီးနောက်ပိုင်း တစ်နာရီကျော်အကြာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး အနီးအနားက ဒေသခံတွေကိုစစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်ခဲ့သလို ကြံ့ခိုင်ရေးရုံးဘေးမှာရှိတဲ့ တာဝန်ထမ်းဆောင်ဆဲ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ စ.ရ.ဖ ဝန်ထမ်းတစ်ဦးရဲ့ နေအိမ်ကိုလည်း မီးရှိဖျက်ဆီးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ကျားသစ်နက်တပ်မတော်ဟာ ယင်းမာပင်ခရိုင်တပ်ရင်း(၁၁) နဲ့ ပခုက္ကူခရိုင် တပ်ရင်း (၁၅) တို့ ပူးပေါင်းထားတာ ဖြစ်တယ်လို့ သိရပါတယ်။

ပြည်သူတွေဘက်ကတော့ GPS တပ်ထားပြီး နောက်ကလိုက်မှာကို စိုးရိမ်နေကြပါတယ်။ ကျားသစ်နက်တပ်မတော်ဘက်ကတော့ အားလုံး ကြည့်ရှုစစ်ဆေးပြီးပြီဖြစ်လို့ စိတ်ပူစရာမလိုကြောင်း ပြောထားပါတယ်။

စစ်ကောင်စီဝါဒဖြန့်မီဒီယာတွေဘက်ကတော့ ခြိမ်းခြောက်ခံရလို့ လှူတာလား၊ အသက်အန္တရာယ်အတွက် ဖားတာလား၊ ပါတီရန်ပုံငွေထဲက ထုတ်သုံးတာလား ဖရဲသီးအဖြစ်ရပ်တည်နေတာလားလို့ မေးခွန်းထုတ်နေကြပါတယ်။ ဒီကိစ္စအတွက် ပုလဲမြို့ကကြံ့ခိုင်ရေးပါတီဝင်တွေ တာဝန်ခံရမယ်လို့ ပြောဆိုထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

PLA အထိုင်စခန်းတွေကို NUG အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်း 

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 20 Views
မြင်းခြံခရိုင်ထဲက PLA တပ်တွေ ထွက်ခွာဖို့ အမိန့်ပေးထားတယ်လို့ဆို ဇွန်လ (၂၂)ရက်။ မနေ့ကစပြီး တောင်သာမြို့နယ်ရှိ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ တပ်စခန်းတွေကို NUG
မြန်မာသတင်း

ရေနံချောင်းမှာ တော်လှန်ရေးတပ်တွေရဲ့ ယာယီစခန်းအချို့ကို သိမ်းမိတယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 21 Views
ဇွန်လ (၂၂)ရက်။ ရေနံချောင်းမြို့မှာ တော်လှန်ရေးတပ်တွေရဲ့ ယာယီစခန်းအချို့ကို သိမ်းဆည်းရရှိခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ဒီကနေ့ထုတ် ဝါဒဖြန့်သတင်းစာမှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇွန်လ
မြန်မာသတင်း

မူးမြို့ရှိ စစ်တပ်ရဲ့ ခမရ(၄၃၉)တပ်စခန်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 19 Views
လယ်ဒိုမှာ စစ်မှုထမ်းတပ်သား (၁၆)ဦး KNDO ထံ အလင်းဝင်ခဲ့ ဇွန်လ (၂၂)ရက်။ ဇွန်လ (၂၀)ရက်နေ့ ည (၁၁)နာရီခန့်က မူးမြို့ ဒိုးဒိုရွာရှိ စစ်တပ်ရဲ့ ခမရ(၄၃၉)တပ်စခန်းကို တိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

စစ်တပ်ခိုင်းတာလုပ်မယ့် ရပ်ကျေးဥက္ကဋ္ဌတွေကို ပြင်းထန်စွာ အရေးယူမယ်လို့ အင်းလေး-PDF သတိပေး

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 20 Views
ဇွန်လ (၂၂)ရက်။ ဒီကနေ့ အင်းလေးဒေသ ညောင်ရွှေမြို့မှာ ရပ်ကျေးဥက္ကဋ္ဌတွေကို ပြန်လည်ရွေးချယ်သွားဖို့ရှိနေတယ်လို့ အင်းလေး-PDF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အာဏာသိမ်းတဲ့နောက်ပိုင်း အင်းလေးဒေသဟာ စစ်ကောင်စီရဲ့ အလိုတော် ရပ်ကျေးဥက္ကဋ္ဌဆိုးတွေကြောင့် ငရဲအိုးလိုမျိုး ပူလောင်ခြောက်သွေ့ခဲ့ရပြီးဖြစ်တယ်လို ဆိုပါတယ်။ သူတို့ဟာ
မြန်မာသတင်း

ရန်ကုန်တိုင်းစစ်ဌာနနယ်မြေရှိ တိုက်ပွဲတွေထဲ စစ်ကောင်စီတပ်ဖွဲဝင် (၁၃၀)နီးပါး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 31 Views
ဇွန်လ (၂၀)ရက်။ အခုနှစ် ဖေဖော်ဝါရီလ (၁)ရက်ကနေ မေလကုန်အထိ ရန်ကုန်တိုင်းစစ်ဌာန်မြေထဲ တိုက်ပွဲပေါင်း (၅)ကြိမ်ဖြစ်ပွားခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ထိတွေ့တိုက်ပွဲတွေဟာ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကို ခုခံကာကွယ်တဲ့အနေနဲ့ (၂)ကြိမ်၊ စစ်ကောင်စီတပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်တာ (၂)ကြိမ်နဲ့
မြန်မာသတင်း

ရေစကြိုမှာ တပ်ပြန် စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၇)ဦး ပြင်းထန်ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 28 Views
ဇွန်လ (၂၀)ရက်။ ဇွန်လ (၁၈)ရက်နေ့ နံနက်အစောပိုင်းက ရေစကြိုမှာ တပ်ပြန်လာတဲ့ စစ်တပ်စစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို ရေစကြိုမြိုနယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရေစကြိုတပ်ဆီပြန်လာတဲ့ ခွေးစစ်ကြောင်းကို ပကဖရဲဘော်တွေက အသင့်စောင့်ပြီး တိုက်ခိုက်ခဲ့တာ။ အဲ့ဒီတိုက်ပွဲက (၁)နာရီနီးပါးကြာတယ်။
မြန်မာသတင်း

အကြမ်းဖက်စစ်တပ်နဲ့ လက်ပါးစေတွေက ကရင်နီတော်လှန်ရေးကို ချိနဲ့သွားဖို့ လုပ်ဆောင်နေ

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 31 Views
ဇွန်လ (၂၀)ရက်။ အကြမ်းဖက်စစ်တပ်ဟာ ကရင်နီအမျိုးသား ခုခံတော်လှန်ရေးကို ချိနဲ့သွားစေဖို့ လုပ်ဆောင်နေတယ်လို့ ဒီကနေ့ (၁၅၁)နှစ်မြောက် ကရင်နီအမျိုးသားနေ့မှာ KNPP ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ရဲ့ မတရားဖိနှိပ်တာနဲ့ စစ်ဆင်ရေးတွေကြောင့် ကရင်နီပြည်သူတွေဟာ ရပ်ရွာနဲ့ အိုးအိမ်တွေကို
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ တော်လှန်ရေးကို သပ်လျှိုခွဲထုတ်ဖို့ စစ်အုပ်စု ကြိုးပမ်းနေ

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 25 Views
ဇွန်လ (၂၀)ရက်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တေယ်လှန်ရေးကြီးကို သပ်လျှိုခွဲထုတ်ဖို့ စစ်အုပ်စု နည်းလမ်းပေါင်းစုံ ကြိုးပမ်းနေတယ်လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မနေ့က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အခုအချိန်မှာ စစ်အုပ်စုက လူထုခေါင်းဆောင်ရဲ့ ကျန်းမာရေးနဲ့ လက်တွေ့