နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 23 ရက်

မြန်မာသတင်း

မြန်မာသတင်း

KIA ထိုးစစ်ဆင်နေတဲ့ လိုင်ဇာအနီးတိုက်ပွဲတွေမှာ AA က ပူးတွဲစစ်ရေးလှုပ်ရှားနေ

မတ်လ (၈)ရက်။

မနေ့က နံနက်ပိုင်းကစပြီး လိုင်ဇာမြို့အနီးနဲ့ မြစ်ကြီးနား-ဗန်းမော်လမ်းက စစ်ကောင်စီစခန်းတွေကို မဟာမိတ် KIA နဲ့အတူ AA က ပူးတွဲထိုးစစ်ဆင်နေတယ်လို့ ဒီကနေ့မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

KIA အနေနဲ့ ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးနဲ့ မြစ်ကြီးနား-ဗန်းမော်လမ်းရှိ စစ်ကောင်စီတပ်စခန်းတွေအပြင် ခါရာဘွမ်၊ အင်တပ်ဘွမ်၊ ဖုန်ပျံဘွမ်၊ ဘွမ်ရယ်ဘွမ်၊ ပွိုင့် (၉၃၆) ကုန်း၊ ခမ်းကိုင်ဘွမ်၊ ပွိုင့်(၂၅၉) လေယာဉ်ကွင်းစခန်း စတာတွေကို တစ်ပြိုင်နက်ထဲ တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

အဲ့ဒီတစ်ချိန်ထဲမှာ ရက္ခိုင့်တပ်တော်(AA)ကလဲ မိုးမောက်မြို့နယ်အနီးရှိ စစ်ကောင်စီရဲ့ တပ်မ (၈၈)လက်အောက်ခံ ခလရ (၁၀၃)တပ်ရင်း၊ ပွိုင့် (၂၅၉) လေယာဉ်ကွင်းစခန်းကုန်းနဲ့ ဒေါ့ဖုန်းယန်မြို့နယ်အနီးက စစ်ကောင်စီရဲ့ ပွိုင့် (၆၁၁) (Ntap Bum) စခန်းကုန်းကို ဆက်လင်ထိုးစစ်ဆင်နေတယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ရင်းတွေက လက်နက်ကြီးတွေနဲ့အပြင် လေကြောင်းကပါ တစ်ရက်လုံး ပစ်ခတ်တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တဲ့အတွက် လိုင်ဇာမြို့ ပြည်သူ့ဆေးရုံအနီးကို လက်နက်ကြီးထိမှန်ကျရောက်ခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒါ့ပြင် စစ်ကောင်စီတပ်ရင်းတွေက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးအချို့ဟာ လိုင်ဇာမြို့နဲ့ ထိစပ်နေတဲ့ တရုတ်နယ်စပ်မြို့ဘက်ကိုလဲ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ပြောဆိုထားပါတယ်။

KIA အနေနဲ့ တစ်ပြိုင်ထဲ ထိုးစစ်ဆင်တိုက်ခိုက်တာကြောင့် လိုင်ဇာမြို့အနီးက စစ်ကောင်စီရဲ့ ဖွန်းပကန်ဘွမ့်တပ်စခန်းအပါအ၀င် ရှေ့တန်းစခန်း (၁၀)ခုခန့်ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဗိုလ်မှူးကြီး နော်ဘူရဲ့ အတည်ပြုပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရန်ကုန်ရှိ ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီရုံးအနီး ပေါက်ကွဲမှုဖြစ်ပွား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 26 Views
ဒီဇင်ဘာလ (၂၂)ရက်။ မနေ့က ည (၇)နာရီကျော်က ရန်ကုန်၊ မင်္ဂလာတောင်ညွန့်မြို့နယ် အထက်ပန်းဆိုးတန်းလမ်းရှိ ပြည်သူ့ပါတီရုံးအနီး ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ မြို့နေပြည်သူတွေရဲ့ ပြောဆိုချက်တွေအရ
မြန်မာသတင်း

ယင်းမာပင်နယ်မှာ ကျေးရွာထဲ တပ်စွဲနေထိုင်တဲ့ အင်အား (၂၀၀)ပါ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၉)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 27 Views
တိုက်ပွဲထဲ စစ်တပ်က သူ့ဘက်သူ Gyrocopter နဲ့ ဗုံးသီးတွေမှားချတာကြောင့် အများအပြား သေဆုံးတာတွေရှိခဲ့တယ်လို့ဆို ဒီဇင်ဘာလ (၂၂)ရက်။ ဒီဇင်ဘာလ (၁၇)ရက်နေ့က
မြန်မာသတင်း

စစ်တပ်ရွေးကောက်ပွဲ ဝင်ပြိုင်သူတွေကို အမျိုးသားသစ္စာဖောက်အနေနဲ့ ကရင်နီပြည်လူငယ်အင်အားစု သတ်မှတ်ကြေညာ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 25 Views
ဒီဇင်ဘာလ (၂၂)ရက်။ ကရင်နီပြည်နယ်ထဲ စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကိုဝင်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေကို ကရင်နီအမျိုးသားသစ္စာဖောက်အနေနဲ့ သတ်မှတ်တယ်လို့ ကရင်နီပြည်လူငယ်အင်အားစုက မနေ့က ထုတ်ပြန်ကြေညာခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ကရင်နီပြည်လူငယ်ထုကိုယ်စားလှယ်တွေ ဦးဆောင်ပြီး ကရင်နီပြည် မြေပြင်တနေရာမှာ တွေ့ဆုံနှီးနှောဖလှယ်ပွဲ ကျင်းပကာ သဘောထားထုတ်ပြန်ခဲ့တာပါ။
မြန်မာသတင်း

ပလောနယ်မှာ CDM ဆရာမနဲ့ခင်ပွန်းကို သတ်ဖြတ်ခဲ့သူတွေကို ဖမ်းမိခဲ့တယ်လို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 20 Views
ပလောနယ်မှာ CDM ဆရာမနဲ့ခင်ပွန်းကို သတ်ဖြတ်ခဲ့သူတွေကို ဖမ်းမိခဲ့တယ်လို့ KNU ထုတ်ပြန် ဒီဇင်ဘာလ (၂၂)ရက်။ ပလောနယ် လယ်မူလားမြို့မှာ CDM ဆရာမ ဒေါ်အေးသီတာအောင်နဲ့ ခင်ပွန်းဖြစ်သူတို့ သတ်ဖြတ်ခံရတာမှာ ကျူးလွန်သူတွေကို ဖမ်းမိခဲ့တယ်လို့ KNU ရဲ့
မြန်မာသတင်း

ရွေးကောက်ပွဲမှာ စစ်တပ်နဲ့လက်တွဲဆောင်ရွက်နိုင်သူကို မဲပေးဖို့ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 19 Views
ဒီဇင်ဘာလ (၂၂)ရက်။ ရွေးကောက်ပွဲမှာ စစ်တပ်နဲ့ လက်တွဲဆောင်ရွက်နိုင်သူကို မဲပေးဖို့ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရောက်ရှိချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ မကြာမီ ရွေးကောက်ပွဲ ကျင်းပတော့မယ့်အတွက် မဲပေးတဲ့အခါ ဒို့တာဝန်အရေးသုံးပါး လိုက်နာစောင့်ထိန်းသူ၊ ဒေသနဲ့
မြန်မာသတင်း

“ဘယ်သူတွေကလမ်းမှားလျှောက်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 21 ရက်
  • 26 Views
NUG ကလမ်းတွေပျောက် တပ်ပေါင်းစုကလမ်းမှန်ရောက်” ဒီအပတ်တနင်္ဂနွေနေ့ ဆွေးနွေးမဲ့အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်များဆွေးနွေးတင်ဆက်မှု (၂၆)ကြိမ်မြောက်အဖြစ်ခေတ်မျက်လုံးက စစ်ခေါင်းဆောင်က NCA သဘောတူညီမှုကနေ ထွက်သွားသူများဟာလမ်းမှားလျှောက်နေသူများဖြစ်တယ်ဆိုတဲ့ပြောဆိုချက်၊ NUG သမတကြီးဒူးဝါးလရှီးလ က သူတို့အစိုးရအနေနဲ့ လက်တွေ့အလုပ်နဲ့ သက်သေပြမယ်ဆိုပြီး ကြုံးဝါးလိုက်တာ၊ NUG အောက်မှာမရှိတဲ့ အင်အားရှိတဲ့တော်လှန်ရေးတပ်ဖွဲ့
မြန်မာသတင်း

ဂျက်ဖရီအက်ဖ်ဖိုင်များထဲတွင် ဘာတွေပါဝင်သလဲ?

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 20 ရက်
  • 53 Views
၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၀ရက် အမေရိကန် တရားရေးဌာန (DOJ) က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ ဂျက်ဖရီ အက်က်စတိန်း (Jeffrey Epstein) နဲ့ ပတ်သက်တဲ့ ဖိုင်တွဲအသစ်တွေကို စတင်ထုတ်
မြန်မာသတင်း

မင်းတပ်မြို့မှာ ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလ လူစုလူဝေးနဲ့ ပွဲလမ်းသဘင်မလုပ်ဖို့ မြို့နယ်ပအဖ ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 20 ရက်
  • 54 Views
ဒီဇင်ဘာလ (၂၀)ရက်။ မင်းတပ်မြို့မှာ ခရစ္စမတ်ကာလနဲ့ နှစ်သစ်ကူးကာလထဲ လူစုလူဝေးနဲ့ ပွဲလမ်းသဘင် ကျင်းပတာတွေ မလုပ်ဖို့ မြို့နယ်ပအဖက မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့် မင်းတပ်မြို့ထဲ အဲ့ဒီကာလတွေမှာ ပွဲလမ်းသဘင် ကျင်းပတာတွေ မလုပ်ဖို့