နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 2 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကမ္ဘာကျော် Dragon Ball ဇာတ်လမ်းဖန်တီးသူ ဂျပန်ကာတွန်းဆရာ တိုရီယာမ အာကီရာ ရုတ်တရက် သေဆုံး

မတ်လ (၈) ရက်။

ကမ္ဘာကျော် Dragon Ball နဲ့ Dr. Slump တို့လို ဂျပန်မန်းဂ (ကာတွန်း) လောကမှာ နာမည်ကြီးတဲ့ ကာတွန်းရေးဆွဲတဲ့ “တိုရီယာမ အာကီရာ” ဟာ ဦးခေါင်းခွံနှင့် ဦးနှောက်အောက်ရှိ အမြှေးပါးအကြား ပြင်းထန်တဲ့ သွေးကြောပေါက်မှုကြောင့် မတ်လ (၁) ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၆၈ နှစ် ရှိပြီဖြစ်ပါတယ်။ အာအိချိစီရင်စုမှာ မွေးဖွားခဲ့ပါတယ်။

သူဟာ နာမည်ကျော်ဇာတ်ကောင်မြောက်များစွာကို ဖန်တီးခဲ့တဲ့ ဒဏ္ဍာရီကာတွန်းရေးဆရာတစ်ဦး ဖြစ်ပါတယ်။ ဖော်ရွေပြီး အလွန်အသေးစိတ်တဲ့ ဇာတ်ကောင်တွေကို ဖန်တီးခဲ့သူအဖြစ် လူသိများတယ်။

“Dr Slump” ကာတွန်းကို ၁၉၈၀ မှာ စီးရီးအဖြစ် ဂျပန်ရုပ်သံမှာ စတင်ပြသခဲ့ပြီး လူကြိုက်များခဲ့ပါတယ်။ အဲ့ဒီနောက် ကမ္ဘာကျော် “Dragon Ball” စီးရီးကို ၁၉၈၄ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပါတယ်။ အာနီမဲနှင့် ရုပ်ရှင်အဖြစ် တစ်ခုပြီး တစ်ခု ဖန်တီးခဲ့ပြီး ဂျပန်နိုင်ငံမှာသာမက ကမ္ဘာတစ်ဝှမ်းလုံးက နှစ်သက်တဲ့ လက်ရာတစ်ခု ဖြစ်လာခဲ့ပါတယ်။ “Dragon Ball” မှာ စုစုပေါင်း ဇာတ်လမ်းတွဲ ၄၂ တွဲ ရှိပါတယ်။

တိုရီယာမဟာ ရှူးဟေးရှ ထုတ်ဝေရေးကုမ္ပဏီရဲ့ “Weekly Shonen Jump” စာစောင် ၅၂ မှာပါတဲ့ “Wonder Island´ ဇာတ်ကားနဲ့ ၁၉၇၈ ခုနှစ်မှာ ပွဲဦးထွက်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာ “Dr. Slump´ နဲ့ “Dragon Ball´ တို့လို ဇာတ်ကားတွေကို တီဗီအန်နီမေးရှင်းနဲ့ ရုပ်ရှင်တွေအဖြစ် ရိုက်ကူးခဲ့ပြီး ဂျပန်မှာသာမက ကမ္ဘာတစ်ဝှမ်းမှာပါ လူသိများလာခဲ့ပါတယ်။

သူဟာ မန်ဂါမှာသာမက Dragon Quest စီးရီးလိုမျိုးဂိမ်းတွေအတွက် ဇာတ်ကောင်ဒီဇိုင်းတွေမှာလည်း ပါဝင်ရေးသားနေသူဖြစ်ပါ။ အခုနှစ် မတ်လ ၄ ရက်နေ့မှာ ရိုက်ကူးထားတဲ့ “SAND LAND” ပရောဂျက် မိတ်ဆက်ပွဲကို ကျင်းပခဲ့ပြီး အန်နီမေအသစ် “Dragon Ball DAIMA” ကိုလည်း ထုတ်ဝေရန် စီစဉ်ထားပါတယ်။

တိုရီယာမာကို ဂျပန်တင်မက တစ်ကမ္ဘာလုံးက ချစ်ခင်ကြတဲ့အတွက် သူရုတ်တရက်သေဆုံးသွားတဲ့သတင်းဟာ အလွှာပေါင်းစုံမှာ ဝမ်းနည်းကြေကွဲမှုတွေနဲ့ ပြည့်နှက်နေတယ်လို့ ဂျပန်သတင်းတွေမှာ ဖော်ပြနေကြပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 33 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 27 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 32 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 29 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 26 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 28 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 33 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 27 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို