နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 9 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရန်ကုန်က တိုက်ကိုတိုက်ရမယ့်မြို့လို့ အထူးစစ်ဆင်ရေးအဖွဲ့(SOF)ပြော

‌မတ်လ (၈)ရက်။

ရန်ကုန်ကို ဦးတည်တိုက်ခိုက်မှာဖြစ်တဲ့အတွက် ရန်ကုန်ဟာ တိုက်ကိုတိုက်ရမယ့်မြို့ဖြစ်တယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF)ရဲ့ မနေ့က သီးသန့်မေးမြန်းခန်းမှာ ထုတ်ပြန်ပြောဆိုထားတယ်လို့ သိရပါတယ်။

“ရန်ကုန်ကတော့ ကျနော်တို့ တိုက်ကို တိုက်ရမယ့် မြို့ပါ။ ပဲခူး၊ ဧရာ၀တီလဲပါတာပေါ့။ “လမ်းများအားလုံး နေပြည်တော်သို့” ဆိုတာတွေ၊ “ရန်ကုန်မှာ ပြန်ဆုံမယ်” ဆိုတာတွေက လေပေါ်မှာ တိုက်အိမ်ဆောက်နေတာမဟုတ်ဘဲ မြေပြင်မှာ အကောင်အထည်ပေါ်လာတာ အားလုံးအသိပါ”လို့ SOF တပ်ဖွဲ့မှူး ရဲဘော်အောင်စံရှားက ဆိုပါတယ်။

အခုအခါ တပ်အင်အားကို နှစ်ဆတိုးနေပြီး လက်နက်ခဲယမ်း လိုအပ်ချက်ရှိသေးပေမယ့် ပြည်သူတွေက ကူညီထောက်ပံ့တာတွေ၊ တိုက်ပြီး သိမ်းယူထားတာတွေနဲ့က တဖြည်းဖြည်း အင်အား ပိုခိုင်မာလာပြီလို့ သိရပါတယ်။

“ရှေ့ဆက်လုပ်မယ့် လမ်းပြမြေပုံ ရှိပြီးသားပါ။ တပ်ပေါင်းစုပုံစံနဲ့ ညီညီညာညာ လုပ်သွားဖို့နဲ့ ပြည်သူ့အားကို ကိုးစားပြီး ကြိုးစားသွားမှာပါ။ အဓိကကတော့ စကစရဲ့ အုပ်ချုပ်ရေး၊ စီးပွားရေးထောက်တိုင်တွေ အခိုင်အမာရှိတဲ့ မန္တလေး၊ ရန်ကုန်နဲ့ နေပြည်တော်ကို ဦးတည်တိုက်သွားမှာပါ”လို့ သူက ဆက်ပြောထားပါတယ်။

SOF အနေနဲ့ မြို့ပြစစ်ဆင်ရေးတွေဖြစ်တဲ့ “နန်းထိုက်အောင်”၊ “ပျံလွှားအောင်” စတဲ့ တောင်ပိုင်းစစ်ဌာနမှူးရဲ့ တာ၀န်ပေးချက်အရ ရန်ကုန်၊ ဧရာ၀တီနဲ့ မွန်တို့မှာ မြို့ပြစစ်ဆင်ရေးတွေ အများကြီးလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့ပြင် ကရင်မှာဆိုရင် KNU တပ်မဟာ (၆)ရှိ စစ်ကောင်စီအထိုင်စခန်း အားလုံးနီးပါး တိုက်ခိုက်ခဲ့ပြီး စခန်း (၅)ခု သိမ်းနိုင်ခဲ့ကာ ချောင်းနှစ်ခွက စစ်ကြောင်းဖြတ်တောက်တဲ့ စစ်ဆင်ရေးမှာလဲ လက်နက်(၈၀) သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

SOF ဟာ ဧရာ၀တီတိုင်းမှာ စစ်ကောင်စီ၀န်ကြီးချုပ်ယာဉ်တန်းကို တိုက်ခိုက်နိုင်ခဲ့သလို မွန်ပြည်နယ်ရှိ မော်လမြိုင်၊ ပေါင်၊ ဇင်းကျိုက်တို့မှာ စစ်ကောင်စီရဲစခန်းတွေ၊ ပျူစောထီးစခန်းတွေကို ၀င်တိုက်ခဲ့ပြီး လက်နက်တွေပါ သိမ်းဆည်းရမိခဲ့တယ်လို့ ပြောဆိုထားပါတယ်။

SOF တပ်ဖွဲ့ကို KNU တပ်မဟာ (၆) ၊ တပ်ရင်း (၁၈) နယ်မြေအတွင်းမှာ ပြုလုပ်တဲ့ ပထမဆုံး PDF အပတ်စဥ် (၁)ကနေ အထူးရွေးထုတ်ထားတဲ့ ကွန်မန်ဒိုရဲဘော် (၄၁) ဦးနဲ့ စနိုက်ပါရဲဘော် (၁၃) ဦးကို အခြေတည်ပြီး စတင်ဖွဲ့စည်းခဲ့ကာ တပ်ဖွဲ့၀င်အင်အား (၁၇၀)ဦးနဲ့ တပ်ရင်းတစ်ရင်း စတင်ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 69 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 66 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 58 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 58 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 50 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 60 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 57 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 49 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို