နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 1 ရက်

မြန်မာသတင်း

မြန်မာသတင်း

မန်စီနဲ့ မိုးမောက်မြို့က ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်စခန်းကြီးတွေကို KIA နဲ့ပူးပေါင်းတပ်တွေ တိုက်ခိုက်နေ

မေလ (၈)ရက်။

ကချင်ပြည်နယ်၊ မန်စီနဲ့ မိုးမောက်မြို့က ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်စခန်းကြီးတွေကို KIA နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေက ဆက်လက်ပိတ်ဆို့တိုက်ခိုက်နေတယ်လို့ ကချင်စစ်ရေးသတင်းတွေအရ သိရပါတယ်။

“ အခုက မန်စီနဲ့ မိုးမောက်ကို KIA၊ KPDF နဲ့ တော်လှန်ရေးအဖွဲ့တွေက အကုန်သိမ်းလိုက်ပြီ။ ကျန်နေတဲ့ စစ်ကောင်စီတပ်စခန်းကြီးတွေကို ဝိုင်းထားပြီး တိုက်နေကြတာ၊ သိပ်မကြာခင် ရတော့မယ်လို့ထင်တယ်” လို့ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ဆိုပါတယ်။

မနေ့က နံနက် (၅)နာရီခန့်ကစပြီး ဗန်းမော်၊ မိုးမောက်နဲ့ မန်စီမြို့တွေက စစ်ကောင်စီတပ်စခန်း (၁၃)ခုခန့်ကို KIA၊ KPDF နဲ့ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေက တပြိုင်ထဲ ဝင်ရောက်တိုက်ခိုက်ခဲ့ကြတာလို့ သိရပါတယ်။

အဲ့ဒီလိုတိုက်ခိုက်ပြီးတဲ့နောက် ဗန်းမော်မြို့နယ်၊ စင်းခန်းရွာရှိ ဧရာဝတီမြစ်ကူးတံတား(စင်းခန်း)က လုံခြုံရေးဂိတ်နဲ့ နယ်မြေရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စခန်းတွေကို နေ့လယ်ပိုင်းအချိန်မှာ သိမ်းပိုက်ရရှိခဲ့ကြပါတယ်။

ဒါ့ပြင် မိုးမောက်နဲ့ မန်စီမြို့က စစ်ကောင်စီရဲစခန်းတွေကိုလဲ သိမ်းပိုက်ရရှိခဲ့ပြီး ဗန်းမော်မြို့ကို KIA နဲ့ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေက ဝိုင်းထားတဲ့အနေအထားဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ကချင်ဒေသထဲ KIA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းမဟာမိတ်တွေအနေနဲ့ မတ်လ (၇)ရက်နေ့ကစပြီး ထိုးစစ်ဆင်ခဲ့တဲ့ (၂)လတာကာလထဲ စစ်ကောင်စီတပ်စခန်းကြီး/ငယ် (၁၀၀)ကျော်ကို သိမ်းပိုက်ရရှိထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မင်းကင်းမှာ CDM ဆရာဝန်အမျိုးသမီးကို မြို့နယ်ပလဖက အကြမ်းဖက်ဖမ်းဆီးတဲ့ရုပ်သံ လူမှုကွန်ရက်မှာ ပျံ့နှံ့နေ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 1 ရက်
  • 6 Views
မင်းကင်းမှာ CDM ဆရာဝန်အမျိုးသမီးကို မြို့နယ်ပလဖက အကြမ်းဖက်ဖမ်းဆီးတဲ့ရုပ်သံ လူမှုကွန်ရက်မှာ ပျံ့နှံ့နေ ဒီဇင်ဘာလ (၁)ရက်။ စစ်ကိုင်းတိုင်းရှိ မင်းကင်းမြို့နယ်က CDM
မြန်မာသတင်း

စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ရှုံ့ချဖို့ ကရင်လူမှုအဖွဲ့တွေ တိုက်တွန်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 1 ရက်
  • 7 Views
ဒီဇင်ဘာလ (၁)ရက်။ အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲဟာ နိုင်ငံထဲရှိ နိုင်ငံရေးပဋိပက္ခပြဿနာတွေကို လုံးဝဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့ ကရင်လူမှုအဖွဲ့အစည်း (၂၅)ဖွဲ့က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
မြန်မာသတင်း

မိုးကုတ်မြို့အတွက် တောင်းပန်ဖို့ စကားလုံးမရှိလို့ TNLA ခေါင်းဆောင် ဗိုလ်ချုပ် တားဘုန်းကျော်ပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 1 ရက်
  • 8 Views
ဒီဇင်ဘာလ (၁)ရက်။ မိုးကုတ်မြို့နဲ့ပတ်သက်ပြီး တောင်းပန်ဖို့ စကားလုံးမရှိဘူးလို့ TNLA ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်ချုပ် တားဘုန်းကျော်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ “ နှင်းသီးကြွေ ခြေစုံခိုက် ရင်ဝယ်ဆူးစိုက် လောင်မြိုက်မျက်ရည် အို… မိုးကုတ်
မြန်မာသတင်း

တော်လှန်ရေးအင်အားစုတွေ စစ်မှုထမ်းဥပဒေအရေး တုံ့ပြန်ဖြေရှင်းနိုင်ဖို့ အလွန်အားနည်းနေတယ်လို့ဆို

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 1 ရက်
  • 8 Views
ဒီဇင်ဘာလ (၁)ရက်။ တော်လှန်ရေးအင်အားစုတွေဟာ စစ်မှုထမ်းဥပဒေအရေး တုံ့ပြန်ဖြေရှင်းနိုင်ဖို့ ပြင်ဆင်လုပ်ဆောင်တာ အလွန်အားနည်းနေတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ ‌လေ့လာရေးအဖွဲ့(MDSI)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ရည်မှန်းချက်အတိုင်း ပြည်သူ့စစ်မှုထမ်းဥပဒေကို အောင်မြင်စွာ အကောင်အထည်ဖော် လုပ်ဆောင်နိုင်ပြီး တန်ပြန်ထိုးစစ်တွေမှာ
မြန်မာသတင်း

ဒါရိုက်တာ မိုက်တီးနဲ့ သရုပ်ဆောင် (၂)ဦးကို ရွေးကောက်ပွဲကာကွယ်တဲ့ဥပဒေနဲ့ ထောင် (၇)နှစ်စီချခံရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 30 ရက်
  • 39 Views
နိုဝင်ဘာလ (၃၀)ရက်။ ဒါရိုက်တာ မိုက်တီး၊ သရုပ်ဆောင် ကျော်ဝင်းထွဋ်နဲ့ ဟာသသရုပ်ဆောင် အုန်းဒိုင်းတို့ကို စစ်တပ်က ထောင် (၇)နှစ်စီ ချမှတ်ခဲ့ရတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ စစ်တပ်က ဝါဒဖြန့်ရိုက်ကူးတဲ့ ‌” ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” ရုပ်ရှင်ကို
မြန်မာသတင်း

မိုးကုတ်မြို့ထဲ စစ်ကော်မရှင်တပ်တွေ ဝင်ရောက်လာ၊ 

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 30 ရက်
  • 41 Views
တိုက်ပွဲပြန်ဖြစ်မှာ စိုးရိမ်တာကြောင့် မြို့ခံအားလုံးနီးပါး တိမ်းရှောင်နေပြီး တိတ်ဆိတ်ခြောက်ကပ်နေ နိုဝင်ဘာလ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်ကစပြီး မန္တလေးတိုင်း မိုးကုတ်မြို့ထဲကို စစ်ကော်မရှင်တပ်တွေ စတင်ဝင်ရောက်လာခဲ့တယ်လို့ မြို့ခံတွေရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။ “ မနေ့က ည‌ပိုင်းလောက်ကစပြီး မြို့ထဲကို
မြန်မာသတင်း

မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းနိုင်ခဲ့တဲ့အပေါ် NUG ဂုဏ်ပြုသဝဏ်လွှာပေးပို့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 30 ရက်
  • 39 Views
နိုဝင်ဘာလ (၃၀)ရက်။ မန္တလေးလွှတ်တော်က မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ အတည်ပြုဖွဲ့စည်းနိုင်ခဲ့တဲ့အပေါ် NUG က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မနေ့က ကျင်းပခဲ့တဲ့ မန္တလေးလွှတ်တော်ရဲ့ ပထမအကြိမ်အစည်းအဝေးမှာ မန္တလေးကြားကာလအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းပေးခဲ့တာနဲ့ ကောင်စီဝင်တွေက ကတိသစ္စာပြုခဲ့တာတို့ကို
မြန်မာသတင်း

“အမေရိကန်ဖိအားနဲ့ TPSနဲ့နေထိုင်တဲ့မြန်မာတွေရဲ့ဘဝ”

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 30 ရက်
  • 39 Views
“တရုတ်ဖိအားနဲ့ မြစ်ဆုံ ရေကာတာပြန်စတော့မဲ့စိုးရိမ်ချက်” ဒီအပတ်တနင်္ဂနွေနေ့မှာ အမေရိကန်နိုင်ငံမှာ ယာယီကာကွယ်စောင့်ရှောက် ထားရေး အစီအစဥ် (TPS)နဲ့ ရောက်လာတဲ့မြန်မာနိုင်ငံသားများအပါအဝင် နိုင်ငံတော်တော် များများက ပြည်သူများကို ပေးအပ်ထားတဲ့အခွင့်အရေးကိုရုတ်သိမ်းလိုက်ပြီလို့ အမိမြေလုံခြုံရေး ဝန်ကြီး ဌာနက ထုတ်ပြန်ပြောကြားလာပါတယ်။ ဒီကိစ္စဟာဘယ်လိုဖြစ်လာသလဲအမေရိကန်နိုင်ငံမှာရောက်နေတဲ့ TPS