နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်

မြန်မာ့နိုင်ငံရေး

မြန်မာ့နိုင်ငံရေး မြန်မာသတင်း

မုံရွာတိုးဂိတ်အနီးက စစ်ကောင်စီတပ် မိုင်းခွဲခံရပြီး (၆)ဦးသေဆုံးခဲ့

ဩဂုတ်လ (၈)ရက်။

မနေ့က နံနက် (၇)နာရီခန့်မှာ မုံရွာတိုးဂိတ်အနီးက စစ်ကောင်စီတပ်တွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ PDF-South Monywa ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

မြပုလဲစစ်ဆေးရေးဂိတ်ကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င်တွေဟာ မုံရွာတိုးဂိတ်အနီး လမ်းသွားလမ်းလာပြည်သူတွေကို နေ့တိုင်း တားဆီးစစ်ဆေးပြီး အနိုင်ကျင့်လုယက်နေတာလို့ ဆိုပါတယ်။

ပြည်သူတွေကို အနိုင်ကျင့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င်တွေ စုဖွဲ့တဲ့နေရာနားကို အသင့်ပြင်ထားတဲ့ ထန်းလုံးမိုင်း (၂)လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။

မိုင်းခွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သား (၆)ဦး သေဆုံးခဲ့ကာ အများအပြား ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ မြေပြင်သတင်းတွေကို ကိုးကားပြီး ရေးသားထားပါတယ်။

မိုင်းခွဲခံရတာကြောင့် အထိနာသွားတဲ့ စစ်ကောင်စီတပ်တွေဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့ပေမယ့် ပြည်သူတွေပို့သတဲ့ မေတ္တာကြောင့် ကာကွယ်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လာနိုင်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။

စစ်ကောင်စီတပ်တွေကို People’s Defence Force-South Monywa က Youth Vigor Revolution Force နဲ့ လက်တွဲပြီး တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပုဂံ ညောင်ဦးမြို့မှာ NUG လက်အောက်ခံ လက်နက်ကိုင်တစ်စုက လူသတ်ဓါးပြတိုက်မှုတွေ ကျူးလွန်နေကြတယ်လို့ ဒေသခံတွေပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 2 Views
ဇန်နဝါရီလ (၁၉) ရက်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလပိုင်းကစပြီး ပုဂံ ညောင်ဦးမြို့နယ်က ဒေသခံဆိုင်ပိုင်ရှင်အချို့ကို လက်နက်ကိုင်လူတစ်စု လူသတ်ဓါးပြတိုက်ပြီး ခြိမ်းခြောက်တာတွေ ရှိနေတယ်လို့
နိုင်ငံတကာသတင်း မြန်မာသတင်း အမေရိကန်

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ရဲ့ နှုတ်ဆက်မိန့်ခွန်း ကောက်နှုတ်ချက်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 12 Views
+++++++++++++++++++++++++++++ ကျွန်ုပ်ရဲ့ လေးစားအပ်သော အမေရိကန်များကို ဘဲဥပုံရုံးကနေကျွန်ုပ်ခင်ဗျားတို့ကို ဒီနေ့ည စကားပြောပါ့မယ်ဆိုတဲ့စကားနဲ့အစချီပြီး အမေရိကန်သမတကြီးဂျိုးဘိုင်ဒင်က အစပဏာမမှာ သူ့အနေနဲ့နောက်တက်လာမယ့်သမတထရန့်နဲ့ အခြေအတင် ဖြစ်ခဲ့မှုတွေ
မြန်မာသတင်း

ညောင်လေးပင်မြို့နယ်ရှိ စစ်ကောင်စီ အထိုင်ချဂိတ်စခန်းတွေ တိုက်ခိုက်ချေမှုန်းခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 10 Views
ဇန်နဝါရီလ (၁၈)ရက်။ ဇန်နဝါရီလ (၁၆)ရက်နေ့ နံနက် (၁)နာရီခန့်က ညောင်လေးပင်မြို့နယ်ရှိ စစ်ကောင်စီရဲ့ အထိုင်ချဂိတ်စခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ Fire Dragon PDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနက် (၁)နာရီလောက်ကစပြီး
မြန်မာသတင်း

ကိုဗစ်ချေးငွေတွေကို သတိပေးစာနဲ့ ပြန်တောင်းဖို့ စစ်ကောင်စီ စီစဉ်နေ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 10 Views
ဇန်နဝါရီလ (၁၈)ရက်။ ကိုဗစ်-၁၉ ချေးငွေတွေအနေနဲ့ ထုတ်ချေးပေးထားတာတွေကို ပြန်တောင်းဖို့ဆိုပြီး စစ်ကောင်စီက အစည်းအဝေးပြုလုပ်ကာ စီစဉ်နေတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုဗစ်ချေးငွေတွေ ပြန်တောင်းဖို့ကို ဇန်နဝါရီလ (၁၆)ရက်နေ့က ကော်မတီအစည်းအဝေးတရပ် ခေါ်ယူပြီး စစ်ကောင်စီရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်ဆံရေးဝန်ကြီးက
မြန်မာသတင်း

ဆီဆိုင်မြို့မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းကြောင့် ပအိုဝ်းပြည်သူထောင်နဲ့ချီ ထွက်ပြေးနေရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 10 Views
ဇန်နဝါရီလ (၁၈)ရက်။ ဆီဆိုင်မြို့နယ်အရှေ့ဘက်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်တွေက လက်နက်ကြီး၊ ဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူထောင်နဲ့ချီ ထွက်ပြေးနေရတယ်လို့ PNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒီကနေ့ နံနက်ပိုင်းက စစ်ကောင်စီဟာ
မြန်မာ့နိုင်ငံရေး

(၄)နှစ်တာထဲ အကြမ်းဖက်စစ်အုပ်စုကြောင့် ကလေးငယ် (၇၀၀)နီးပါးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 10 Views
ဇန်နဝါရီလ (၁၈)ရက်။ အာဏာသိမ်း (၄)နှစ်တာကာလထဲ အကြမ်းဖက်စစ်အုပ်ကြောင့် နိုင်ငံတဝန်းရှိ အသက် (၁၈)နှစ်အောက် ကလေးငယ် (၆၉၃)ဦး သေဆုံးခဲ့တယ်လို့ AAPP ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီကာလထဲ အသက် (၁၈)နှစ်အောက် ကလေးငယ်သေဆုံးခဲ့တာမှာ
မြန်မာသတင်း

မုံရွာအခြေစိုက် နမခ ရှော့တိုက်ဒုံး (၃၀)လုံးနဲ့ ပစ်ခတ်ခံရ၊ တိုင်းစစ်ဦးစီးချုပ်ရဲ့ PSO အပါအဝင် (၁၀)ဦးကျော်သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 10 Views
ဇန်နဝါရီလ (၁၈)ရက်။ ဇန်နဝါရီလ (၁၄)ရက်နေ့ ည (၉)နာရီ (၄၇)မိနစ်အချိန်က မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကို ရှော့တိုက်ဒုံး (၃၀)လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwin Rocket Brother ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မုံရွာအခြေစိုက်
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ရွှေသောင်ယံရှိ ကျေးရွာတွေကို စစ်ကောင်စီက လက်နက်ကြီးတွေ ရမ်းသန်းပစ်ခတ်တာကြောင့် ဒေသခံတွေ တိမ်းရှောင်နေရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 13 Views
ဇန်နဝါရီလ (၁၈)ရက်။ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့နယ်ခွဲရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က ညအချိန်မတော် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေကြောင့် ဒေသခံပြည်သူတွေ တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ “ စကစတပ်က ရွှေသောင်ယံမြို့နယ်ခွဲတကြောက ကျေးရွာတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ညအချိန်မတော်