နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 16 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပင်လည်ဘူးမြို့ကို KIA နဲ့ PDF ပူးပေါင်းတပ်တွေ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့၊ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် (၃၀၀)ကျော် လက်နက်ချအညံ့ခံ

အောက်တိုဘာလ (၈)ရက်။

ဒီကနေ့ နံနက် (၈)နာရီအချိန်က စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့ကို KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။

“ ပင်လည်ဘူးမြို့ကို တစ်လကျော်လောက် တော်လှန်ရေးတပ်တွေက ပိတ်ဆို့ဖြတ်တောက်ထားလိုက်တာကြောင့် မြို့ကို သိမ်းပိုက်နိုင်ခဲ့တာ။ စစ်ကောင်စီဘက်က စစ်ကူတွေမပို့နိုင်အောင် ပိတ်ဆို့ထားတော့ နောက်ဆုံး အခုလို လက်နက်ချအညံ့ခံတာတွေရှိလာတယ်” လို့ ဆိုပါတယ်။

ပင်လည်ဘူးမြို့ကို ဩဂုတ်လပိုင်းကစပြီး တော်လှန်ရေးတပ်တွေဘက်က ပိတ်ဆို့ဖြတ်တောက်နိုင်ခဲ့ကာ မြို့ထဲ အင်အား (၅၀၀)ခန့်နဲ့ နောက်ဆုံးကျန်ရှိတဲ့ ရဲစခန်းရိပ်သာထဲက စစ်ကောင်စီတပ်က လက်နက်ချအညံ့ခံဖို့ တောင်းဆိုလာတာလို့ သိရပါတယ်။

စစ်ကောင်စီဟာ ပင်လည်ဘူးမြို့ကို ရဟတ်ယာဉ်တွေနဲ့ လေကြောင်းကနေ (၃)ကြိမ်တိုင်တိုင် စစ်ကူပို့ခဲ့ပေမယ့် ပိတ်ဆို့ဖြတ်တောက်ခံရတာကြောင့် ရိက္ခာကအစ အခက်တွေ့ပြီး မြို့ကို စွန့်ခွာဖို့အထိ စစ်ကောင်စီတပ်ဖွဲ့‌ဝင်တွေက တောင်းဆိုခဲ့ကြပါတယ်။

ဒါ့ကြောင့် နံနက်အစောပိုင်း (၄)နာရီခန့်မှာ မြို့မကျဖို့ ခုခံနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၃၀၀)ကျော်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအညံ့ခံပြီးနောက် သူတို့ရဲ့ မိသားစုဝင်တွေကို ဝန်းသိုမြို့ကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

စစ်ကူလာတဲ့ စစ်‌ကောင်စီတပ်ဖွဲ့ဝင်တွေကိုလဲ တော်လှန်ရေးတပ်တွေဘက်က မြို့ထဲဝင်ရောက်လို့မရအောင် တိုက်ခိုက်ခဲ့တာကြောင့် အများအပြားသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့ကာ ထွက်ပြေးသူတွေလဲရှိတယ်လို့ ဆိုပါတယ်။

ပင်လည်ဘူးမြို့မှာ စစ်ကောင်စီတပ်က ကျောက်တိုင်ကုန်း၊ ဆေးရုံနဲ့ ရဲစခန်းရိပ်သာ စတဲ့ နေရာ (၃)ခုမှာ စခန်းအထိုင်ချခဲ့ကာ တော်လှန်ရေးတပ်တွေက ကျောက်တိုင်ကုန်းနဲ့ ဆေးရုံအထိုင်စခန်းတို့ကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ရဲစခန်းရိပ်သာစခန်းကို ထပ်မံသိမ်းပိုက်နိုင်ခဲ့တာပါ။

ပင်လည်ဘူးမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာနဲ့ပတ်သက်ပြီး တရားဝင် သတင်းထုတ်ပြန်သွားမယ်လို့ MOD က ပြောဆိုထားကာ စစ်ကောင်စီက လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ ပင်လည်ဘူးမြို့ကို လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အတွေးအခေါ် တော်လှန်‌ရေး စဖို့လိုနေပြီ

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 14 Views
နွေဦးတော်လှန်ရေးဟာ လက်နက်ကိုင်တော်လှန်‌ရေးဖြစ်တယ်၊ လက်နက်ကိုင်တော်လှန်ရေး အောင်မြင်ပြီးမှ ခေတ်နောက်ပြန်ဆွဲနေတဲ့ ထုံးတမ်းစဥ်လာတွေ၊ မိန်းမယောက်ျား ခွဲခြားမှုတွေ၊ ဘာသာရေးခေါင်းတွေက မလိုလားအပ်တဲ့ အမိန့်စည်းကမ်းတွေကိုပြုပြင်မယ်ဆိုရင်အချိန်အများကြီးယူရအုံးမယ်၊ စစ်အုပ်စုအဆက်ဆက်
မြန်မာသတင်း

သံလွင်မြစ်ကြောင်းထဲ လက်နက်ကြီးလေ့ကျင့်ပစ်ခတ်ဖို့ စစ်တပ် စီစဉ်

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 13 Views
ဇွန်လ (၉)ရက်။ မနက်ဖြန် ဇွန်လ (၁၀)ရက်နေ့ ဘားအံမြို့ရှိ သံလွင်မြစ်ကြောင်းထဲ စစ်တပ်က လက်နက်ကြီးလေ့ကျင့်ပစ်ခတ်ဖို့ စီစဉ်ထားတယ်လို့ အကြောင်းကြားချက်တွေအရ သိရပါတယ်။
မြန်မာသတင်း

အာဆီယံဘုံသဘောတူညီချက် (၅)ရက်ကို တတ်နိုင်သလောက် ဆောင်ရွက်နေတယ်ဆိုပြီး မင်းအောင်လှိုင်ပြော

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 14 Views
ဇွန်လ (၉)ရက်။ မနေ့က နေပြည်တော််မှာ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Mr. Sugiono ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ သမ္မတတုမင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ တွေ့ဆုံပွဲထဲ မင်းအောင်လှိုင်က အာဆီယံဘုံသဘောတူညီချက် (၅)ရပ်အပေါ် တတ်နိုင်သလောက် ဆောင်ရွက်ပေးနေပြီး အကောင်းဆုံး ပူးပေါင်းဆောင်ရွက်နေတယ်လို့
မြန်မာသတင်း

ကနေဒါနိုင်ငံမှာ SCEF ကိုယ်စားလှယ်အဖွဲ့ လူထုတွေ့ဆုံပွဲပြုလုပ်

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 13 Views
ဇွန်လ (၉)ရက်။ ဇွန်လ (၆)ရက်နေ့က ကနေဒါနိုင်ငံမှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF) ကိုယ်စားလှယ်အဖွဲ့က လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ SCEF ကိုယ်စားလှယ်အဖွဲ့ဟာ လူထုတွေ့ဆုံပွဲကို ကနေဒါနိုင်ငံအရှေ့ပိုင်းမှာ (၂)ကြိမ်နဲ့ အနောက်ပိုင်းရှိ ဗန်ကူးဗားမြို့မှာ
မြန်မာသတင်း

IPDF ရဲဘော်(၂)ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးရမိခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 14 Views
ပတ်သက်ဆက်နွယ်သူတွေ၊ ကျေးရွာတာဝန်ခံတွေနဲ့ ရဲဘော်တွေ အရေးပေါ်ရှောင်ရှားကြဖို နှိးဆော်ထား ဇွန်လ (၈)ရက်။ ဒီကနေ့ ရွာမကျေးရွာမှာ ရဲဘော် (၂)ဦးကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ(IPDF)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့ ဖမ်းဆီးခံရသူတွေဟာ ရဲဘော် အငယ်ကောင်(ခ)ကျော်ဖြိုးလင်းနဲ့
မြန်မာသတင်း

ရွှေကူမြို့အဝင်နဲ့ လမ်းမကြီးတွေကို KIA သွားလာခွင့်ပိတ်

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 12 Views
မြို့ထဲနေပြည်သူတွေ ထွက်ခွာတိမ်းရှောင်ဖို့ သတိပေးထား ဇွန်လ (၈)ရက်။ ရွှေကူမြို့အဝင်လမ်းနဲ့ လမ်းမကြီးတွေကို ရက်အကန့်အသတ်မရှိ သွားလာခွင့်ပိတ်ထားတယ်လို့ KIA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တပ်မဟာ(၁၁)၊ အမှတ်(၁၂)တပ်ရင်းနယ်မြေဖြစ်တဲ့ ရွှေကူမြို့အဝင်လမ်းမကြီးနဲ့ ငါးအိုး-ရွှေဘိုလမ်းမကြီးတွေကို KIA က
မြန်မာသတင်း

မင်းတပ်မြို့အရှေ့ခြမ်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးအလုံး(၅၀)ခန့် ဆက်တိုက်ကြဲချ

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 12 Views
ဇွန်လ (၈)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီကျော်အချိန်ကစပြီး မင်းတပ်မြို့အရှေ့ခြမ်း တနေရာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ (၁၀)နာရီ (၂၃)မိနစ်ကနေ (၁၁)နာရီ (၁၅)အထိ မင်းတပ်မြို့အရှေ့ခြမ်းတနေရာကို ဂျက်ဖိုက်တာ (၂)စီး၊
မြန်မာသတင်း

စ်ရေးတင်းမာနေတဲ့ လောင်းလုံးမြို့မှာ စစ်တပ်က ကျောင်းကြို/ပို့ကားတွေကို အကာအကွယ်ယူ လှုပ်ရှားနေ

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 12 Views
ဇွန်လ (၈)ရက်။ လောင်းလုံးမြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာနေတယ်လို့ အမှတ်(၈၀၀၃)တပ်ရင်း-PDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ လောင်းလုံးမြို့နယ်မှာ နှစ်ဖက်တပ်တွေ စစ်ရေးတင်းမာနေသလို အရပ်သားပြည်သူတွေကို စစ်ကောင်စီတပ်က လူသားဒိုင်းပုံစံ အသုံးပြုနေတယ်လို့ ဆိုပါတယ်။ အခုနောက်ပိုင်းမှာ