အောက်တိုဘာလ (၈)ရက်။
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ မြန်မာအရေးဆွေးနွေးပွဲကို ပါဝင်တက်ရောက်ခဲ့တယ်လို့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဂျာကာတာမြို့မှာ မြန်မာအရေးဆွေးနွေးပွဲကို အောက်တိုဘာလ (၃)ရက်နေ့ကစပြီး (၅)ရက်နေ့အထိ (၃)ရက်ကြာ ကျင်းပပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီဆွေးနွေးပွဲကို RCSS အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအစုအဖွဲ့တွေလဲ ပါဝင်တက်ရောက်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
အခုလို RCSS က ထုတ်ပြန်လာတဲ့ ဆွေးနွေးပွဲကိစ္စရပ်နဲ့ပတ်သက်ပြီး ဘယ်လိုအကြောင်းအရာတွေကို ထည့်သွင်းဆွေးနွေးခဲ့တယ်ဆိုတာကိုတော့ ပြောဆိုထားတာမရှိပါဘူး။
အထက်ပါဆွေးနွေးပွဲကို ကုလသမဂ္ဂ၊ အီးယူနဲ့ အာဆီယံအပါအဝင် အင်ဒိုနီးရှားက ကိုယ်စားလှယ်တွေအပြင် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့(NUG)လဲ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။