နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 6 ရက်

မြန်မာသတင်း

မြန်မာသတင်း

နိုင်ငံရေးပါတီ‌တွေအနေနဲ့ ရွေးကောက်ပွဲရက်မတိုင်ခင် သတ်မှတ်ချက်တွေပြည့်မီဖို့ စစ်ကောင်စီရွေး/ကော်ပြော

ဒီဇင်ဘာလ (၈)ရက်။

နိုင်ငံရေးပါတီတွေအနေနဲ့ ရွေးကောက်ပွဲကျင်းပတဲ့ရက် မတိုင်ခင် သတ်မှတ်ကာလထဲ သတ်မှတ်ချက်တွေနဲ့အညီ ဆောင်ရွက်ကြဖို့ စစ်ကောင်စီ‌ရွေးကောက်ပွဲကော်မရှင်က မနေ့က တွေ့ဆုံချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

‌ရွေးကောက်ပွဲကျင်းပတဲ့ရက်မတိုင်မီ အနည်းဆုံး ရက်ပေါင်း (၉၀)ကြိုတင်ပြီး အမိန့်ကြေညာစာ ထုတ်ပြန်တဲ့နေ့ထဲ ပါတီဝင်အင်အားပြည့်မီဖို့နဲ့ ပါတီရုံးခန်းတွေ ဖွင့်လှစ်နိုင်ဖို့ သတ်မှတ်အရေအတွက် ပြည့်မီအောင်ဆောင်ရွက်ဖို့ တိုက်တွန်းထားတာပါ။

ပါတီရုံးခန်းဖွင့်တာ၊ ဆိုင်းဘုတ်တင်တာနဲ့ ပါတီအလံလွှင့်ထူတာတို့မှာ နိုင်ငံပိုင်အဆောက်အအုံ၊ ဘာသာရေးအဆောက်အအုံတွေကလွဲပြီး အခြားအဆောက်အအုံတွေမှာ သက်ဆိုင်ရာ ဒေသန္တရအဖွဲ့တွေရဲ့ ရုံးခန်းဖွင့်လှစ်ဖို့ ညွှန်ကြားထားပါတယ်။

နောက်ပြီး ကော်မရှင်အနေနဲ့ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ကြိုတင်ပြင်ဆင်နေတာအပြင် ပြည်တွင်းပြည်ပ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေ စောင့်ကြည့်လေ့လာခွင့်ပြုသွားမယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲမှာ စောင့်ကြည့်ခွင့်မပြုခဲ့ဘူးဆိုပြီး စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က စွပ်စွဲပြောဆိုထားကာ လာမယ့် ရွေးကောက်ပွဲကို ၂၀၁၅ခုနှစ် ရွေးကောက်ပွဲအတိုင်း ပြုလုပ်သွားမယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲမှာ စုံစမ်းစစ်ဆေးတွေ့ရှိချက်တွေ‌ကို ဘာသာစကား (၅)မျိုးနဲ့ ဖတ်ရှုနိုင်တဲ့ website ကိုလဲ နိုဝင်ဘာလကစပြီး လွှင့်တင်ထားကာ နိုင်ငံရေးပါတီတွေကိုလဲ ဖြန့်ဝေထားတာပါ။

စစ်ကောင်စီဟာ လာမယ့်နှစ်ထဲ ရွေးကောက်ပွဲပြုလုပ်မယ်လို့ ပြောဆိုထားသလို တရုတ်နဲ့ ရုရှားကလဲ အောင်မြင်စွာ ကျင်းပနိုင်ဖို့ ကူညီပေးမယ်လို့ သိရကာ တော်လှန်ရေးအင်အားစုတွေဘက်က ကန့်ကွက်ဆန့်ကျင်ဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 51 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 49 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 46 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 51 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 39 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 51 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 48 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 37 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို