နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 10 ရက်

Japan News

Japan News ဂျပန် နိုင်ငံတကာသတင်း

ငလျင်ဘေးသင့်ပြီးတစ်ပတ်အကြာ ဂျပန်နိုင်ငံရဲ့အခြေအနေ


ဂျပန်နိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းမှာ ကြီးမားတဲ့ငလျင်ကြီး လှုပ်ခတ်ပြီးတစ်ပတ်ကြာတဲ့အထိ ထောင်နဲ့ချီတဲ့ ဒေသခံ​တွေဟာ ရေနဲ့ လျှပ်စစ်မီးပြတ်တောက်မှုရင်ဆိုင်နေကြရသလို ပြန်လည်တည်ဆောက်ရေး အစီအစဉ်တွေ ဘယ်အချိန်စမလဲဆိုတာကိုလည်း မသိကြရသေးပါဘူး။

ပြီးခဲ့တဲ့တစ်ပတ်က လှုပ်ခတ်သွားခဲ့တဲ့ ရစ်ချ်တာစကေး 7.6 အဆင့်ရှိ ငလျင်ကြောင့် ဂျပန်နိုင်ငံအနောက်ဘက်ကမ်းမှာ အနည်းဆုံးလူ 168 ဦး သေဆုံးခဲ့ရပြီး လူ 300 ကျော် ပျောက်ဆုံးနေကြောင်း ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါက ဇန်နဝါရီလ 6 ရက်နေ့က အတည်ပြုပြောဆိုခဲ့ပါတယ်။

အပူချိန် 0 ဒီဂရီအောက်သာရှိပြီး ထူထပ်တဲ့ နှင်းကျမှုနဲ့ မိုးရွားသွန်းမှုတွေကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် အခက်အခဲတွေနဲ့ရင်ဆိုင်နေရတာပါ။ ရာသီဥတုအခြေအနေကြောင့် ကူညီကယ်ဆယ်ရေးနဲ့ ထောက်ပံ့ရေးပစ္စည်းတွေ မထိရောက်သလို သတင်းအချက်အလက် ရရှိမှုလည်း နည်းပါးနေတာဖြစ်ပါတယ်။

ကာနာဇာဝါပြည်နယ်အနီးက လူ 1000 လောက်ရှိတဲ့ နီရှီယာရာယာရွာလိုမျိုး ပျက်ဆီးဆုံးရှုံးမှုနည်းပါးတဲ့ရွာတွေမှာတော့ ဒေသခံတွေဟာ သောက်သုံးရေအတွက် ဆီးနှင်းတွေကို အသုံးပြုနေရပါတယ်။ ဒေသခံတစ်ဦးဖြစ်တဲ့ ဟီရိုအဲ ကာဝါဘီက “ ပြန်လည်တည်ဆောက်ရေးတွေ ဘယ်အချိန် စလုပ်မှာလဲ ယာယီအိမ်တွေ ဘယ်တော့ဆောက်ပေးမှာလဲ ကျမတို့ အခုထိ မသိရသေးပါဘူး။ တည်ဆောက်ဖို့ လုပ်နေပြီဆိုရင်လည်း ကျမတို့ကို အသိပေးအကြောင်းကြားစေချင်ပါတယ်။ ဒီမှာ ကျမတို့ဆက်နေလို့ မရတော့ဘူးဆိုရင်လည်း ထွက်ခွါဖို့ စဉ်းစားရတော့မှာပါ။ သောက်သုံးရေအတွက် ဘယ်အချိန်လာယူရမှာလဲ မသိရသေးသလို၊ နောက်ဖေးသွားဖို့က အစ အပြင်ကို လမ်းလျှောက်သွားနေရတာက အရမ်းခက်ခဲပါတယ်”လို့ ပြောပါတယ်။

ဂျပန်ဝန်ကြီးချုပ် ကီရှီဒါကတော့ ငလျင်ဒဏ်ကြောင့် ထိခိုက်မှုတွေကို ပြန်လည်တည်ဆောက်ရေးအတွက် ဘက်ဂျက် ဒေါ်လာ 32 သန်းကျော် အသုံးပြုသွားမယ်လို့ ကတိပြုထားပေမယ့် ရာသီဥတုဆိုးရွားမှုက ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ဟန့်တားနေသလိုဖြစ်နေတယ်လို့ ဆိုပါတယ်။ “ကူညီကယ်ဆယ်ရေးအဖွဲ့တွေဟာ ဆီးနှင်းတွေကြားမှာ ခက်ခက်ခဲခဲနဲ့ လုပ်ဆောင်နေရပါတယ်။ အပျက်အဆီးတွေကြားကနေ ကယ်ဆယ်ရေးအဖွဲ့တွေကို စောင့်မျှော်နေတဲ့ မိသားစုဝင်တွေကို မရ ရအောင် ကယ်ထုတ်ဖို့ ကျတော်တို့ တိုက်တွန်းထားပါတယ်” လို့ ကီရှီဒါက ပြောသွားခဲ့တာပါ။

နီရှီယာရာယာရွာက မီးသတ်ဌာနအကြီးအကဲကတော့ သူတို့အတွက် အကြီးမားဆုံးစိန်ခေါ်မှုဟာ ထူထပ်တဲ့ ဆီးနှင်းတွေကို ဖယ်ရှားဖို့ ဖြစ်ပြီး အဲဒီနှင်းထုကြောင့် ဒုတိယမြောက် သဘာဝဘေးအန္တရာယ်ထပ်ဖြစ်လာမှာကို စိုးရိမ်မိတယ်လို့ ဆိုပါတယ်။ ဂျပန်နိုင်ငံမှာ လာမယ့်ရက်တွေအတွက် ဆီးနှင်းနဲ့ မိုးတွေ ဆက်ရွာဖွယ်ရှိနေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ပူတင်၏ သဘောထား တင်းမာမြဲဖြစ်သော်လည်း ရုရှားပြည်တွင်း၌ စစ်ပွဲနှင့်ပတ်သက်၍ လူထုအမြင် ပြောင်းလဲလာနေသလား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 44 Views
ရေးသားသူ- ဘီဘီစီ ရုရှားအယ်ဒီတာ စတီ့ဗ် ရိုစင်ဘာ့ဂ်(Steve Rosenberg) BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် မူလက စစ်ဆင်ရေးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပဉ္စမမြောက် ရေတပ်စုဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 36 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် ဟယ်လင် ရီဂန် (Helen Regan) ရေးသားသည်။ အီရန်နှင့်ဆက်နွှယ်နေသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့် ကက်ရှ်မ်ကျွန်း (Qeshm Island) ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုများကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့သည် ဒေသတွင်းရှိ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အပစ်အခတ်ရပ်စဲရေး မသေချာမရာဖြစ်နေစဉ် အမေရိကန်နှင့် အီရန်တို့ ရက်သတ္တပတ်များအတွင်း အပြင်းထန်ဆုံး အပြန်အလှန်တိုက်ခိုက်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 37 Views
CNN- ဂျက်ဆီ ယန်း (Jessie Yeung) ရေးသားသည်။ ပြီးခဲ့သည့် ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးသော ညသန်းခေါင်ယံ တိုက်ခိုက်မှုတစ်ခုအဖြစ် အမေရိကန်နှင့် အီရန်တို့သည် အပြန်အလှန် စစ်ရေးအရ တုံ့ပြန်ခဲ့ကြသည်။ ရက်အနည်းငယ်ကြာ အပြန်အလှန်
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 52 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
နိုင်ငံတကာသတင်း လက်ဘနွမ် အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ဘနွန်အရေးကြောင့် ဆွေးနွေးပွဲများမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ပြီးနောက် သံတမန်ရေးရာလမ်းကြောင်း ပြန်လည်စတင်ပြီဖြစ်ကြောင်း အီရန် အရိပ်အမြွက်ပြသ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 44 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၂)ရက် အီရန်နှင့် ဝါရှင်တန်တို့ကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အီရန်မီဒီယာ များက အရိပ်အမြွက် ဖော်ပြခဲ့ကြသော်လည်း၊ လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက်ရှိနေပါက အခြေအနေကို ပိုမိုတင်းမာအောင် ပြုလုပ်သွားမည်ဟု အီရန်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

လက်ဘနွန်နှင့် အစ္စရေးတို့ကြား ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ပြင်ဆင်နေစဉ် ဟစ်ဇဘိုလာနှင့် အစ္စရေးတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 43 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ(၂)ရက် လက်ဘနွန်နှင့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့များသည် အင်္ဂါနေ့တွင် နောက်ထပ်ဆွေးနွေးပွဲတစ်ခုအတွက် ပြင်ဆင်နေကြသော်လည်း၊ လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာလက်နက်ကိုင်အဖွဲ့နှင့် အစ္စရေးစစ်တပ်တို့သည် လက်ဘနွန်တောင်ပိုင်းတွင် ညတွင်းချင်း ဆက်လက်၍ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ ဟစ်ဇဘိုလာ၏ တိုက်ခိုက်မှုများကို