ဇန်နဝါရီလ (၉)ရက်။
ဇန်နဝါရီလ (၇)ရက် ည(၇)နာရီ(၁၆)မိနစ်အချိန်ကစပြီး သိန္နီခရိုင်၊ မိုင်းယော်ဒေသကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ လာရောက်ဗုံးကြဲခဲ့တယ်လို့ MNDAA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ မိုင်းယော်ဒေသတဝိုက်ကို တစ်နာရီနီးပါးကြာ (၄)ကြိမ်တိုင်တိုင် လာရောက်ဗုံးကြဲခဲ့တာကြောင့် အရပ်သား (၄)ဦးသေဆုံးကာ (၁)ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားနေအိမ် (၁၀)လုံးထက်မနည်း ထိမှန်ခဲ့ပြီး နေအိမ် (၉)လုံး ပျက်စီးသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
“ ၁၀၂၇ စစ်ဆင်ရေး” ကာလ စတင်တဲ့အချိန်ကနေ ဇန်နဝါရီလ (၇)ရက်အထိ ကိုးကန့်ဒေသထဲ စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်တာတွေကြောင့် အရပ်သား (၇၃)ဦးသေဆုံးကာ (၇၃)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။