ဖေဖော်ဝါရလ (၉) ရက်။
ရခိုင်ပြည်နယ် မြောက်ဦးမြိုရှိ စစ်ကောင်စီတပ်ရဲ့ လက်ကျန်တပ်စခန်းတစ်ခုဖြစ်တဲ့ ရဲတပ်ရင်း (၃၁) တပ်စခန်းကို ရက္ခိုင့်တပ်တော် (AA) က အပြီးသတ် ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ရှေ့ဟောင်းသမိုင်းဝင် အမွေအနှစ် မြိုဖြစ်တဲ့ မြောက်ဦးမြိုကို အလုံးစုံ ထိန်းချုပ်လိုက်ပြီလို့ ညီနောင်မဟာမိတ်က ဒီကနေ့ မနက်အစောပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
၁၀၂၇ စစ်ဆင်ရေးကာလ ရက်ပေါင်း ၁၀၅ ရက်အတွင်း မြောက်ဦးအပါအဝင် ကျောက်တော်နဲ့ မင်းပြား ၃ မြို့နယ်ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စစ်ရဲ့ ကြည်း၊ ရေ၊ လေ ပူးပေါင်းခုခံစစ်ကို တန်ပြန်တုံပြန်နိုင်ခဲ့ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၇) ရက်နဲ့ (၈) ရက်နေ့မှာလည်း စစ်ကောင်စီရဲ့ စစ်သင်္ဘော (၃) စီးကို ရခိုင်ပင်လယ်ထဲ နစ်မြှုပ်အောင် တိုက်ခိုက်နိုင်ခဲ့တယ်လို AA က ပြောပါတယ်။
ဓာတ်ပုံ။