နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 9 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

၂၀၂၄ရွေးကောက်ပွဲမတိုင်မီ ဘိုင်ဒင်၏ အမေရိကန်လွှတ်တော်တွင် ပြောကြားခဲ့သည့် နိုင်ငံတော်အခြေပြမိန့်ခွန်း။

၂၀၂၄ သမတရွေးကောက်ပွဲ မတိုင်မီ မဲဆွယ်စည်းရုံးရေးလမ်းကြောင်းတလျှောက်တွင် သမတဘိုင်ဒင်မှ ထင်ရှားသည့် အကြောင်းအရာများဖြစ်သည့် လူဝင်မှုကြီးကြပ်ရေး၊ ကိုယ်ဝန်ဖျက်ချခြင်းဆိုင်ရာနှင့် ဒီမိုကရေစီအရေး အပါအဝင် တို့ကို အထူးအာရုံစိုက် လုပ်ဆောင်သွားမည် ဖြစ်သည်။

ဇန်နဝါရီလ ၆ ရက်နေ့ တွင် ဖြစ်ပွားခဲ့သည့်ဖြစ်ရပ်အပေါ် ရီပတ်ပလီကင်ပါတီနှင့် ထရန့် တို့ကို ထိပ်တိုက်တွေ့ခြင်း။

ဘိုင်ဒင်သည် ၎င်း၏ဗဟိုမဲဆွယ်စည်းရုံးရေး ခေါင်းစဉ်တစ်ခုဖြစ်သည့် အမေရိကန်ဒီမိုကရေစီကို ကာကွယ်ရန်ဆိုသည့် အကြောင်းအရာအတွက် အချိန်အကြာကြီး မယူခဲ့ပါ။ သူသည် တက်ရောက်လာသည့် လူစုလူဝေးထဲတွင်ရှိနေသည့် ရီပတ်ဘလစ်ကန်များကို ကြည့်ကာ ရင်ဆိုင်ခဲ့သည်။ “ ပုန်ကန်သောင်းကျန်းသူတွေ (ဇန်နဝါရီလ ၆ ရက်နေ့ တွင် လွှတ်တော်ကို ထရန့်ထောက်ခံသူများက အကြမ်းဖက်ပြီး လာရောက်ကျူးကျော်ဝင်ရောက်မှုကိုဆိုလိုသည်- ဘာသာပြန်သူ) ဟာ မျိုးချစ်စိတ်ရှိသူတွေ မဟုတ်ဘူး။ ငါ့ရဲ့ ယခင်သမတ (ထရန့်) နဲ့ မင်းတို့ထဲက တချို့က ဇန်နဝါရီလ (၆) ရက်မှာ အမှန်တရားကို မြှုပ်နှံဖို့ ကြိုးစားခဲ့ကြတယ်။ အဲဒီလိုလုပ်ရပ်မျိုးကို ငါမလုပ်ဘူး” ဟု ၎င်းက ဆိုသည်။ “ဒီအချိန်ဟာ အမှန်တရားကို ပြောရမယ့် အခိုက်အတန့်ပဲဖြစ်တယ်… ဒီ ရိုးရှင်းတဲ့ အမှန်တရားက မင်းကအနိုင်ရမှသာလျှင် မင်းနိုင်ငံကို ချစ်မယ်လို့မရဘူး။ “ကျွန်တော်အရင် သမ္မတ (ထရန့်) အနေနဲ့၊ အမေရိကန်ပြည်သူတွေအပေါ် ပေးဆောင်ရမယ့် အခြေခံအကျဆုံး သမ္မတတာဝန်ကို ပျက်ကွက်ခဲ့တယ်၊ အဲဒါက ပြည်သူတွေကို စောင့်ရှောက်ရမယ့်တာဝန်၊ “ ဒါက ခွင့်လွှတ်လို့ မရနိုင်ဘူးလို့ ကျွန်တော် ထင်ပါတယ်။”

နိုင်ငံခြားရေးပေါ်လစီ၏ အပေါ်ဝေဖန်မှုကို ကာကွယ်ရန် ကြိုးပမ်းနေသည့် ဘိုင်ဒင်သည် သမ္မတ ရော်နယ်ရီဂင်၏ ကျော်ကြားသော “ ဒီတံတိုင်းကို ဖြိုဖျက်ပါ” (အရှေ့ဂျာမဏီမှ အနောက်ဂျာမဏီနှင့်ခွဲခြား ကာရံထားသောတံတိုင်းကို ရော်နယ်ရီဂင်က ရည်ညွှန်း ပြောဆိုခဲ့သည့် စကားရပ်-ဘာသာပြန်သူ) ဟူသော ဆောင်ပုဒ်ကို ကိုးကား၍ ရုရှားနိုင်ငံက အရှေ့ဥရောပနိုင်ငံများကို သိမ်းပိုက်ချုပ်ချယ်ထားမှုကို သတိရစေရန်ပြောကြားခဲ့သည်။ နေတိုးသို့ပေးရန် ကုန်ကျစရိတ် အချိုးကို မပေးဆောင်နိုင်သည့် ဥရောပနိုင်ငံများကို ရုရှားက “ လုပ်ချင်သမျှ လုပ်ခွင့်ပေးဖို့” ခွင့်ပြုမည် ဟူသော ထရန့်၏ မကြာသေးမီက ချိမ်းခြောက် ကတိပြုပြောကြားချက်ကို ဆန့်ကျင်ပြောကြားခဲ့သည်။

“ ကျွန်တော်သိတာကြာပြီဖြစ်တဲ့ သမ္မတပူတင်ကို ကျွန်တော့်ရဲ့ပေးချင်တဲ့ မက်ဆေ့ချ်က ရိုးရိုးရှင်းရှင်းပါပဲ။ ကျွန်တောတို့ ရှောင်မသွားပါဘူး။ ကျွန်တော်တို့ ဦးညွှတ်မှာ မဟုတ်ပါဘူး” ဟု ဘိုင်ဒင်က ပြောကြားခဲ့သည်။ “ ပကတိသဘောအရ၊ သမိုင်းက စောင့်ကြည့်နေပါတယ်။” နောက်ပိုင်းတွင် သူသည် ၎င်း၏ ဥပဒေပြုရေး အောင်မြင်မှုများနှင့် အမေရိကန်က တရုတ်နိုင်ငံအပေါ် မှီခိုနေရမှု နည်းပါးစေရန် ကြွေးကြော်ခဲ့သည်။ “ ပွင့်ပွင့်လင်းလင်း ပြောရရင် သူ့ (ထရန့်) ရဲ့ တရုတ်နဲ့ပတ်သက်တဲ့ တင်းမာတဲ့စကားအတွက်၊ ကျွန်တော်ရဲ့ အရင် သမတအဖြစ်ဆက်ခံခဲ့သူ (ထရန့်) က လက်တွေ့မှာ တစ်ခါမှ အလုပ် မဖြစ်ခဲ့ဘူး” ဟု ဘိုင်ဒင်က ဆိုသည်။

ကိုယ်ဝန်ဖျက်ချခြင်းကို တရားဝင်ဖြစ်စေရန် ပိုမိုပြတ်သားသော သတင်းစကား

Roe v. Wade အမှု (၁၉၇၀ခုနှစ်တွင် အမျိုးသမီးတဦးဖြစ်သူ ဂျိမ်းရိုး(Jane Roe) က တက္ကဆက်ပြည်နယ် ဒါးလက်စ်မြို့နယ်ရှိ ခရိုင်ရှေ့နေ ဟင်နရီ ဝိတ်ဒ် (Henry Wade) ကို ကိုယ်ဝန်ဖျက်ချခွင့်ကို ပိတ်ပင်တားဆီးမှုအတွက် တရားစွဲဆိုပြီးအနိုင်ရရှိခဲ့သည်။ ဘာသာပြန်သူ ဖြည့်စွက်ရှင်းလင်းချက်) လွှမ်းမိုးရန် ဘိုင်ဒင်က သူ၏ ဆုံးဖြတ်ချက်တွင် ဗဟိုတရားရုံးချုပ်အများစုက ရေးသားချက်တွင် “အမျိုးသမီးများသည် ရွေးကောက်ပွဲ သို့မဟုတ် နိုင်ငံရေးတွင် အာဏာမရှိဟု ဆိုခြင်းသည် မမှန်ဟု ပြောကြားခဲ့သည်။ Roe v. Wade အမှုဆုံးဖြတ်ချက်ကို ပြန်လှန်ပြောင်းလဲခြင်းနှင့်ပတ်သက်၍ ပြောဆိုကြွားဝါနေသူများသည် အမေရိကတွင် အမျိုးသမီးများ၏ စွမ်းအားနှင့်ပတ်သက်ပြီး ဘာတစွန်းတစမှ သိမှတ်ထားခြင်း မရှိပါ” ဟု ဘိုင်ဒင်ကဆိုသည်။ Dobbs ၏ ဆုံးဖြတ်ချက်ကိုရေးသားခဲ့သော တရားရေးဆိုင်ရာ တရားသူကြီး အများအပြားကို ဘိုင်ဒင်က ကြည့်ပြီး ပြောကြားခဲ့သည်။ ” အမေရိကန်ပြည်သူတွေက ကျုပ်ကို ထောက်ခံပြီး သမတအဖြစ်ရွေးပြီး ကွန်ဂရက်လွှတ်တော်ကို ပို့ပေးလိုက်ရင်၊ Roe v. Wade ကို ဥပဒေအဖြစ် အမေရိကန်ရဲ့မြေမှာ တစ်ဖန်ပြန်လည်အတည်ပြုပေးမယ်လို့ ကတိပေးပါတယ်။” ရီပတ်ဘလီကန်များနှင့် ထရန့်ကို တိုက်ရိုက်ပြောသည့်အနေနှင့် “ဒီအခန်းထဲက လူတော်တော်များများနဲ့ ကျွန်တော် အရင်က သမတတို့ဟာ ကိုယ်ဝန်ဖျက်ချတာကို နိုင်ငံတော်အနေနဲ့ တားမြစ်ပေးမယ်လို့ ကတိပြုပြီး “မုဒိမ်းမှုနဲ့ ရရှိလာတဲ့ကိုယ်ဝန်နဲ့ သွေးချင်းသားချင်းရတဲ့ ကိုယ်ဝန်ကို အတင်းအကျပ် မွေးဖွားခိုင်းစေနေတယ်” ဟု ပြောခဲ့ပါသည်။

ဘိုင်ဒင် သတ်သတ်မှတ်မှတ် ထုတ်မပြောသောအရာမှာ ရီပတ်ဘလစ်ကန်များက လွှတ်တော်နှစ်ရပ်လုံးကို ချုပ်ကိုင်ထားမည်ဆိုပါက ထိုကြိုးစားမှုသည်အချီးနှီးဖြစ်မည့်အကြောင်းပင်ဖြစ်သည်။ အနည်းဆုံးအားဖြင့်၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုယ်ဝန်ဖျက်ချခွင့်ကို ဒီမိုကရက်တစ်အနေနှင့် မဲ ၅၀ လိုအပ်မည်ဖြစ်သည်။ Roe v. Wade ကို မှောက်လှန်ပြီး ကိုယ်ဝန်ဖျက်ချခြင်းကို ကန့်သတ်ရန် ကြိုးပမ်းမှုများတွင် ရီပတ်ပလီကင်ပါတီ၏ အောင်မြင်မှုကို ဆန့်ကျင်ကြောင်း ဘိုင်ဒင်က အကြီးအကျယ် လောင်းကြေးထပ်နေပါသည်။

လက်ယာစွန်းလွှတ်တော်ကိုယ်စားလှယ် မေဂျော်မီ တေလာဂရင်း (Marjorie Taylor Greene) နှင့် ထိပ်တိုက်တွေ့ခြင်း

မိန့်ခွန်းပြောနေစဉ် အော်ဟစ်သူမှာ လက်ယာစွန်းကိုယ်စားလှယ် Marjorie Taylor Greene, R-Ga. ဖြစ်ပြီး၊ သူမက တရားမဝင် ခိုးဝင်လာသူတစ်ဦးက သတ်ဖြတ်လိုက်သဖြင့် သေဆုံးသွားသူ လေကန်ရယ်လီ (“Laken Riley)” ၏အမည်ကို အော်ခဲ့သည်။ ဘိုင်ဒင်က လူဝင်မှုကြီးကြပ်ရေးကို ဆွေးနွေးခဲ့သလို Riley အသတ်ခံရမှုကို ရှေးရိုးစွဲ ရီပတ်ပလီကင်ဝါဒီများက အသေဆုပ်ကိုင်ထားပြီး ပြင်းထန်သော လူဝင်မှုကြီးကြပ်ရေးမူဝါဒများ ချမှတ်ရန် တွန်းအားပေးနေသည်။ အသက် ၂၂ နှစ်အရွယ် အမျိုးသမီးသည် ပြီးခဲ့သောလတွင် ဂျော်ဂျီယာတက္ကသိုလ်၌ အပြေးလေ့ကျင့်နေရင်း အသတ်ခံခဲ့ရသည်။ အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတစ်ဦးကို ၎င်းလူသတ်မှုဖြင့် တရားစွဲဆိုထားသည်။ ဘိုင်ဒင်က သူမအား “တရားမဝင်နေထိုင်သူတဦး၏ အသတ်ခံရသော အပြစ်မဲ့အမျိုးသမီးငယ်တစ်ဦး” ဟု ဆိုခဲ့သည်။ ဒီမိုကရက်များက ယေဘုယျအားဖြင့် တရားမဝင်ဆိုသည့် စကားအသုံးအနှုန်းကို ရှောင်ရှားပြီး နယ်စပ်အခြေအနေများကို ဖြေရှင်းရန်အတွက် နှစ်ပါတီမှ သဘောတူ နိုင်ငံနယ်စပ်လုံခြုံရေးဥပဒေကြမ်းကို ရီပတ်ဘလီကန်များကို အတည်ပြုရန် ပြောခဲ့သည်။ သူ့အား နိုင်ငံရေးအရ အနိုင်ရရှိမှု အားမပေးရန် ထရန့် မှ အမိန့်ဖြင့် ပိတ်ဆို့ထားကြောင်း ၎င်းက ပြောကြားခဲ့သည်။

“ကံမကောင်းစွာပဲ၊ နိုင်ငံရေးက ဒီဥပဒေကြမ်းကို အတည်ပြုဖို့ အခုထိ နှောင့်နှေးနေစေခဲ့တယ်” ဟု ၎င်းက ဆိုသည်။ နောက်တစ်ချက်တွင် ဘိုင်ဒင်စကားပြောနေစဉ်တွင် ဂရင်းက သူ့ကို “ လူလိမ်” ဟု အော်ခဲ့သည်။ ဘိုင်ဒင်၏ မိန့်ခွန်းတွင် အချို့သောအချက်များတွင် အချို့သောသူတို့က ၎င်းတို့၏သဘောမတူကြောင်း “ ဘူး” လုပ်ပြီး အော်ဟစ်ကြွေးကြော်ခဲ့ကြသည်။ အခြားအချိန်များတွင် ၎င်းတို့သည် ၎င်းတို့ပြောလိုသည့် အကြောင်အရာများကို မီးမောင်းထိုးပြရန် သင်္ကေတစာတမ်းများကို အသုံးပြုကြသည်။ ဒီမိုကရက်တစ်အမျိုးသမီးများသည် “ မျိုးပွားမှု လွတ်လပ်ခွင့်တိုက်ပွဲ” ဟု ရေးသားထားသော အဖြူရောင်ဝတ်စုံများနှင့် ရင်ထိုးများကို ဝတ်ဆင်ထားသည်။ လွှတ်တော်ဥက္ကဋ္ဌ မိုက်ဂျွန်ဆင်နှင့် အခြားရီပတ်ဘလစ်ကန်များက ရယ်လီ (Riley) ၏ အမည်ပါရှိသော ဖဲကြိုးဖြူများ ဝတ်ဆင်ခဲ့ကြသည်။ The Dad Caucus အဖွဲ့ (အဖေများသည် နိုင်ငံတစ်ဝှမ်းရှိ မိဘများနှင့်ကလေးများကို မြှင့်တင်ပေးသည့် မူဝါဒများအတွက် အိမ်တွင်သာမက ကွန်ဂရက်တွင်ပါ ကျွန်ုပ်တို့၏ အခန်းကဏ္ဍကို ပိုမိုလုပ်ဆောင်ရန် လိုအပ်သည်ဆိုသည့် ရည်ရွယ်ချက်ဖြင့် လွှတ်တော်အမတ်အမျိုးသား အိမ်ထောင်သည်များကဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်သည်) သည် တတ်နိုင်သော ကလေးစောင့်ရှောက်မှုနှင့် ခွင့်ယူရက်များတွင် လခရရှိမှုကဲ့သို့သော ကိစ္စများအတွက် “ ပိုမိုကောင်းမွန်သောအနာဂတ်တည်ဆောက်ရေးဆိုသည့်ဘလောက်တုံးများ” ကို သင်္ကေတအဖြစ် Lego တုံးများဖြင့် ရင်ထိုးများ ကိုဝတ်ဆင်ထားသည်။

ဘိုင်ဒင်က သူ့အား လူကြိုက်များသည့်အချက်ကို ပြသကာ အသက်အရွယ်နှင့်ပတ်သက်ပြီး ပျက်လုံးထုတ်ခဲ့သည်။

သမ္မတသည် ပရိသတ်ရှေ့မှောက်တွင် ၎င်း၏လူကြိုက်များသော အထောက်အထားများကို အရောင်တောက်လာစေရန် အလုပ်သမား လူတန်းစားဘက်မှ ဒီမိုကရက်တစ်ပါတီက ရပ်တည်နေပြီး ရီပတ်ဘလီကန်များက အလွန်ချမ်းသာသူများ၏ နယ်ရုပ်လေးများ (Puns) အဖြစ် သရုပ်ဖော်ပြောကြားခဲ့သည်။ “ဘီလီယံနာတွေဟာ ကျောင်းဆရာ ဒါမှမဟုတ် သန့်ရှင်းရေးဝန်ထမ်းထက် သက်သာတဲ့ အခွန်နှုန်းထားကို မပေးဆောင်သင့်ဘူး” ဟု ဘိုင်ဒင်က ပြောသည့်အခါ ဒီမိုကရက်များကထပြီး ဝက်ဝက်ကွဲ လက်ခုပ်တီး ထောက်ခံခဲ့ကြသည်။ ရီပတ်ဘလီကန်တွေက တုံ့ပြန်မှု မရှိဘဲ တော်တော်များများက ငြီးငွေ့လာပြီး ဖုန်းတွေကို စိုက်ကြည့်နေကြသည်။ လူမှုဖူလုံရေးကို ရီပတ်ဘလီကန်များက ဖြတ်တောက်လိုသည်ဟု ဘိုင်ဒင်က စွပ်စွဲခဲ့ပြီး အချို့က အော်ဟစ်ပြီး ဘူးလုပ်ခဲ့ကြသည်။

“ဟိုဘက်ခြမ်းက ကျွန်တော့်သူငယ်ချင်း (ရီပတ်ပလီကင်) တွေ က လူမှုဖူလုံရေးကို ဖြတ်တောက်ထားချင်ကြတယ်” ဟု ပြောသည်။ “ ဒီမှာ တစ်ယောက်ယောက်က လူမှုဖူလုံရေး၊ Medicare ကို ဖြတ်ဖို့ ကြိုးစားရင် ဒါမှမဟုတ် အငြိမ်းစားယူတဲ့အသက်ကို တိုးပေးမယ်ဆိုရင် မင်းကို ငါတားမယ်” ဟု ဘိုင်ဒင်က ဆိုသည်။ ပရိသတ်ထဲမှ ရီပတ်ဘလီကန်များကို လှောင်ပြောင်ခဲ့ပြီး ၎င်းတို့ထဲမှ အချို့သည် ၎င်း၏ အခြေခံအဆောက်အအုံဆိုင်ရာဘတ်ဂျက်ကို ဆန့်ကျင်မဲ ပေးခဲ့ကြသည်ကို ဘိုင်ဒင်ကသိသော်လည်း ၎င်းတို့၏ခရိုင်များသို့ အစိုးရထောက်ပံ့ငွေများ ရရှိလာသည့်အခါ “လက်ခံအားပေး” နေကြသည်ဟု ဆိုသည်။ “မင်းရဲ့ ခရိုင်မှာ အဲဒီငွေကို မလိုချင်ဘူးဆိုရင် ငါ့ကို အကြောင်းကြားပါ” ဟု ဘိုင်ဒန်က ၎င်း၏ မဟာမိတ်များထံမှ ရယ်မောကာ ပြောသည်။ သူ၏မိန့်ခွန်း ပြီးခါနီးအချိန်တွင်၊ ဘိုင်ဒင် သည် ၎င်း၏ အသက်အရွယ်ကို ရည်ညွှန်းပြီး ဟာသလုပ်ပြောခဲ့သည်။ “အဲဒါက သဘောကျ ချင်စရာ မကောင်းဘူးဆိုတာ ငါသိပါတယ်၊ ဒါပေမယ့်အချိန်တော်တော်ကြာလာတဲ့အခါ မင်းငါ့လောက် အသက်ကြီးလာတဲ့အခါ တစ်ချို့အရာတွေက အရင်ကထက် ပိုရှင်းလင်းလာတယ်။ အမေရိကန်ဇာတ်လမ်းကို ငါသိတယ်။ ငါတို့နိုင်ငံအတွက် အသက်ဝိညာဉ်တိုက်ပွဲမှာ အပြိုင်အဆိုင် အင်အားစုတွေကြား ပြိုင်ဆိုင်မှုတွေကို ထပ်ခါထပ်ခါ မြင်ဖူးတယ်။” ဟု ပြောဆိုခဲ့သည်။

အစ္စရေးနှင့် ဂါဇာကမ်းမြောင် လမ်းကြောင်းပေါ်တွင် ဘိုင်ဒင် လျှောက်လှမ်းခြင်း

ဂါဇာကမ်းမြောင်ဒေသတွင် လူသေဆုံးမှု မြင့်တက်လာချိန်တွင် အစ္စရေးကို ထောက်ခံအားပေးမှုအတွက် လက်ဝဲဘက်မှ ပြင်းထန်သော တုံ့ပြန်မှုကို ရင်ဆိုင်နေရသော သမ္မတက ၎င်းတို့၏ စိုးရိမ်မှုများကို အသိအမှတ်ပြုခဲ့သည်။ “ဟားမတ်စ်ဟာ သူရဲဘောကြောင်သူတွေလို အရပ်သားတွေကြားထဲမှာ ပုန်းအောင်းနေပြီး ဆေးရုံတွေ၊ နေ့စောင့်ရှောက်ရေးစင်တာတွေနဲ့ တခြားအရာတွေမှာ ရှိနေတာကြောင့် အစ္စရေးမှာ ထပ်လောင်းဝန်ထုပ်ဝန်ပိုး ရှိနေပါတယ်။ ဂါဇာကမ်းမြောင်ဒေသက အပြစ်မဲ့ပြည်သူတွေကို အကာအကွယ်ပေးဖို့လည်း အခြေခံတာဝန်ရှိပါတယ်” ဟု ၎င်းက ပြောသည်။ “ပါလက်စတိုင်း သုံးသောင်းလောက် အသတ်ခံခဲ့ရပြီး အများစုဟာ ဟားမတ်စ်တွေ မဟုတ်ကြပါဘူး” အမျိုးသမီးများနဲ့ ကလေးများ၊ မိန်းကလေးများနဲ့ ယောက်ျားလေးများသာ” ဖြစ်ကြပါတယ်။ အဲ့ဒီအပြင် အများအပြားမှာ အစားအသောက် ဒါမှမဟုတ် ဆေးဝါး မရှိဘဲ ဖြစ်နေကြောင်း ၎င်းက ပြောကြားခဲ့သည်။ ဒါဟာ “နှလုံးသားကြေကွဲစရာပါပဲ” ဟု ဆိုခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်နိုင်ငံ၏ ခေါင်းဆောင်သစ်အဖြစ် ခါမေနီ၏ သားဖြစ်သူကို အမည်စာရင်းတင်သွင်း

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 21 Views
အရှေ့အလယ်ပိုင်းတစ်ခွင် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေစဉ်အတွင်း အီရန် ဘာသာရေးခေါင်းဆောင်ကြီးများက ၎င်း၏ဖခင်နေရာတွင် ဆက်ခံရန် မော့ဂျတာဘာ ခါမေနီ (Mojtaba Khamenei) ကို
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ကနေဒါနိုင်ငံသား တရုတ်လူမျိုး ပရော်ဖက်ဆာ ကျန်းရွှေချမ်း (Jiang Xueqin) ၏ ဟောကိန်း – အမေရိကန်သည် အီရန်စစ်ပွဲတွင် ရှုံးနိမ့်လိမ့်မည်။

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 39 Views
“ တရုတ်ပြည်၏ နော့စထရာဒါးမတ်စ်” ဟု လူသိများလာသည့် ပရော်ဖက်ဆာ ကျန်းရွှေချမ်းသည် ၂၀၂၄ ခုနှစ်ကတည်းက အမေရိကန်နှင့် ပတ်သက်၍ အဓိကဟောကိန်း ၃ ခု ထုတ်ဖော်ခဲ့ရာ ၎င်းတို့မှာ – ဒေါ်နယ်ထရမ့် ပြန်လည်အာဏာရလာမည်၊ အမေရိကန်နှင့်
နိုင်ငံတကာသတင်း အမေရိကန်

 ကာရီ လိပ်ခ်(Kari Lake) ၏ USAGM အုပ်ချုပ်မှုမှာ တရားမဝင်ဟု တရားသူကြီး ဆုံးဖြတ်ချက်ချ။  Voice of America ဝန်ထမ်းထုတ်ပယ်မှုများ ပျက်ပြယ်သွားခဲ့

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 26 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၈ရက် Voice of America ဝန်ထမ်းများအတွက် အောင်ပွဲတစ်ခုအဖြစ်၊ ပြီးခဲ့သည့်နှစ် အနည်းငယ် အတွင်း ကာရီ လိပ်ခ် (Kari Lake) သည် အမေရိကန်၏နိုင်ငံတကာသတင်းမီဒီယာ (US Agency
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အီရန်

အီရန်က ပထမဆုံး သိသာထင်ရှားသော စစ်ရှိန်လျှော့ချရေးသတင်းစကားကို ပေးပို့လိုက်သော်လည်း အဓိကကန့်သတ်ချက်တစ်ခု ပါဝင်နေ

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 34 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၇ ရက် အီရန်သမ္မတ မာဆု ပီဇက်ရှ်ကီယန်က တီဟီရန်အနေဖြင့် အချို့သောအခြေအနေများအောက်တွင် ၎င်း၏ ပင်လယ်ကွေ့အိမ်နီးချင်းနိုင်ငံများအပေါ် တိုက်ခိုက်မှုများကို ရပ်တန့်မည်ဟု ကြိုတင်ရိုက်ကူးထားပုံရသော ထုတ်ပြန်ချက်တွင် ပြောကြားပြီး မိနစ်ပိုင်းအကြာမှာပင်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်ဘက်က ‘ခြွင်းချက်မရှိ လက်နက်ချခြင်း’ မပြုမချင်း မည်သည့်သဘောတူညီချက်မျှ ပြုလုပ်မည်မဟုတ်ဟု ထရမ့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 7 ရက်
  • 44 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၆ ရက် အီရန်နိုင်ငံသည် ဒီမိုကရေစီနိုင်ငံ ဖြစ်လာမလားဆိုသည်မှာ ၎င်းအတွက် အရေးမကြီးဘဲ အမေရိကန်နှင့် မဟာမိတ်များအပေါ် လိုလားထောက်ခံမည့် ခေါင်းဆောင်မှုကိုသာ ရှာဖွေ နေခြင်းဖြစ်ကြောင်း ထရမ့်က CNN
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အရှေ့အလယ်ပိုင်းတစ်လွှားတွင် “စိုးရိမ်ဖွယ်” လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများ ဖြစ်ပေါ်နေဟု UNHCR ဆို

  • 2026 ခုနှစ်၊ မတ်လ 7 ရက်
  • 45 Views
အမေရိကန်-အစ္စရေး တိုက်ခိုက်မှုများအပေါ် အီရန်၏ ကျယ်ပြန့်သော လက်တုံ့ပြန်မှုများကြောင့် ဒေသတွင်း၌ အကြီးအကျယ် ထိခိုက်မှုများ ဖြစ်ပေါ်နေပြီး၊ အရှေ့အလယ်ပိုင်းဒေသသည် ပျက်စီးယိုယွင်းသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းအတွင်းသို့ ကျရောက်သွားမည်ကို စိုးရိမ်ရကြောင်း ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) မှ ပြောရေးဆိုခွင့်ရှိသူက
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အီရန်

ဘေရွတ်ကို ဗုံးကြဲတိုက်ခိုက်ပြီးနောက် အစ္စရေးက တဟီရန်မြို့ပေါ်သို့ ပြင်းထန်သော လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်

  • 2026 ခုနှစ်၊ မတ်လ 6 ရက်
  • 42 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၆ ရက် အီရန်နိုင်ငံအတွင်း တိုက်ခိုက်မှုများ အစ္စရေးက တဟီရန်မြို့တွင် “ အကြီးစား တိုက်ခိုက်မှု လှိုင်း” စတင်လိုက်ပြီဟု ပြောကြားပြီးနောက် မြို့တော်၏ ကောင်းကင်ယံတွင် ပေါက်ကွဲမှု