နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 20 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန် အရှေ့အလယ်ပိုင်း

ရာဖာမြို့ကို ကြီးကြီးမားမား ကျူးကျော်ဝင်ရောက်ပါက အစ္စရေးကို ဗုံးများနှင့် အမြောက်ကျည်များ ပေးပို့ခြင်းကို ရပ်တန့်မည်ဖြစ်ကြောင်း ဘိုင်ဒင် ပြော

v+++++++++++++++++++++++++++++++++++++++++++

ဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုက ရာဖာမြို့ကို ကြီးကြီးမားမား ကျူးကျော်ဖို့ အမိန့်ပေးရင် ဂါဇာမှာ အရပ်သားတွေကို သတ်ဖို့အသုံးပြုမယ်လို့ အသိအမှတ်ပြုထားတဲ့ အမေရိကန်လက်နက်တချို့ကို အစ္စရေးကို တင်ပို့မှုကို ရပ်တန့်မယ်လို့ သမ္မတ ဂျိုးဘိုင်ဒင်က ဗုဒ္ဓဟူးနေ့မှာ ပထမဆုံးအကြိမ် ပြောကြားခဲ့ပါတယ်။

ဘိုင်ဒင်က ခေတ္တပေးပို့ရန် ဆိုင်းငံ့ထားသည့် ပေါင် ၂၀၀၀ အလေးချိန်ရှိသော ဗုံးများကို ရည်ညွှန်းပြီး CNN သတင်းသမား အီရင်ဘားနက် (Erin Burnett) အား သူမ၏ OutFront သတင်းအစီအစဉ် သီးသန့်အင်တာဗျူးတစ်ခုတွင် “ လွန်ခဲ့တဲ့အပတ်က လူနေထူထပ်သောနေရာတွေကို ကြဲချတဲ့ဗုံးတွေနဲ့ အခြားအကြောင်းတွေကြောင့် ဂါဇာတွင် အရပ်သားတွေ သေဆုံးခဲ့ရတယ်” ဟု ပြောခဲ့ပါသည်။

“ သူတို့ကို ကျွန်တော် ရှင်းရှင်းလင်းလင်း ပြောခဲ့ပါတယ်။ တကယ်လို့ သူတို့ ရာဖာကို ဝင်မယ်ဆိုရင် (အခုအထိတော့ မဝင်သေးပါဘူး) တကယ်လို့ ဝင်ခဲ့ရင် ကျွန်တော်တို့အနေနဲ့ လက်နက်ခဲယမ်းတွေကို ပေးပို့တော့မှာ မဟုတ်ဘူး။ ဒီလက်နက်ခဲယမ်းတွေက ရာဖာကို ကိုင်တွယ်ဖို့၊ မြို့တွေကို ကိုင်တွယ်ဖို့ အသုံးပြုမှာ ဖြစ်တဲ့အတွက် ပြဿနာကို ဒီလက်နက်တွေနဲ့ ဖြေရှင်းဖို့ ဖြစ်တဲ့အတွက် ကျွန်တော်တို့က ထောက်ပံ့ပေးမှာ မဟုတ်ဘူး” ဟု ဘိုင်ဒင်က ပြောကြားခဲ့သည်။

အစ္စရေးနှင့် ဟားမတ်စ်တို့ကြား ခုနစ်လကြာ ပဋိပက္ခအတွင်း အစ္စရေး၏ လုပ်ဆောင်ချက်များအပေါ် အမေရိကန်၏ လက်နက်အသုံးပြုမှုနှင့် ပတ်သက်ပြီး သတ်မှတ်ချက်များကို ပြင်ဆင်ထည့်သွင်းနေကြောင်း သမ္မတ၏ ကြေညာချက်တွင် ဖော်ပြထားသည်။ ထို့ပြင် ဂါဇာတွင် အရပ်သားများကို အမေရိကန်လုပ် ဗုံးများကို အသုံးပြုပြီး သတ်ဖြတ်ခဲ့သည်ကို သမ္မတက အသိအမှတ်ပြုဝန်ခံလိုက်ခြင်းသည် စစ်ပွဲတွင် အမေရိကန်၏ ပါဝင်နေသည့် အခန်းကဏ္ဍကို ပြတ်ပြတ်သားသား ဝန်ခံလိုက်ခြင်း ဖြစ်သည်။

ဂါဇာတွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကြားတွင် လက်နက်တင်ပို့ရောင်းချမှုကို ကန့်သတ်ရန် ၎င်း၏ ပါတီဝင်များ အပါအဝင် ထူးထူးခြားခြား ဖိအားပေးမှုများကို သမ္မတသည်ခံစားနေခဲ့ရသည်။

ယခုအချိန်အထိ သမ္မတသည် အဆိုပါ ဖိအားပေးမှုများကို ဆန့်ကျင်ခဲ့ပြီး ဟားမတ်စ်ကို တိုက်ခိုက်နေသည့် အစ္စရေး၏ ကြိုးပမ်းမှုများကို အစွမ်းကုန်အားပေး ထောက်ခံခဲ့သည်။ သို့သော်လည်း ပါလက်စတိုင်းအရပ်သား တစ်သန်းကျော် ခိုလှုံနေကြသည့် ဂါဇာတောင်ပိုင်းရှိ ရာဖာမြို့ကို အစ္စရေး၏ ကျူးကျော်ဝင်ရောက်လာမှုက သမ္မတ၏ ရပ်တည်ချက်ကို ပြောင်းလဲသွားပုံရသည်။

“ကျွန်တော်တို့ဟာ အစ္စရေးကို လုံခြုံရေးပေးထားခြင်းကနေ ထွက်ခွာသွားတာ မဟုတ်ပါဘူး။ အဲဒီဒေသတွေမှာ စစ်တိုက်နေတဲ့ အစ္စရေးရဲ့ စစ်ရေးလုပ်ဆောင်မှုကနေ ကျွန်တော်တို့ ထွက်ခွာသွားတာသာ ဖြစ်တယ်” ဟု ဘိုင်ဒန်က ပြောကြားခဲ့သည်။

အမေရိကန်သည် ၎င်း၏ Iron Dome လေကြောင်းရန်ကာကွယ်ရေးစနစ်အပါအဝင် အစ္စရေးအား ကာကွယ်ရေးလက်နက်များ ဆက်လက် ထောက်ပံ့ပေးနေသော်လည်း ရာဖာတွင် အဓိကမြေပြင်ကျူးကျော်မှု စတင်ပါက လက်နဲခဲယမ်းတင်ပို့မှု အဆုံးသတ်မည်ဖြစ်ကြောင်း ဘိုင်ဒင်က ပြောကြားခဲ့သည်။

“အစ္စရေးဟာ Iron Dome နဲ့ မကြာသေးမီက အရှေ့အလယ်ပိုင်းက ထွက်လာတဲ့ တိုက်ခိုက်မှုတွေကို တုံ့ပြန်နိုင်တဲ့ သူတို့ရဲ့ စွမ်းရည်နဲ့ ပတ်သက်ပြီး အစ္စရေးက လုံခြုံမှုရှိစေဖို့ ဆက်လက်လုပ်ဆောင်သွားမှာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။ “ဒါပေမယ့် အခုကိစ္စက မှားတယ်။ ဒါကြောင့် ကျွန်တော်တို့ မပေးဘူး။ ကျွန်တော်တို့က လက်နက်နဲ့ အမြောက်ကျည်တွေကို ထောက်ပံ့မှာ မဟုတ်ဘူး။”

ယခုပင်လျှင် အရပ်သားတွေအတွက် ကာကွယ်ပေးရေး အစီအစဉ်မရှိဘဲ အစ္စရေး၏ ဖြစ်နိုင်ချေရှိသော စစ်ဆင်ရေးများကြောင့် ပင်တဂွန်မှ ပေးပို့မည့် လက်နက်ခဲယမ်းများ တင်ပို့မှုကို ခေတ္တရပ်ထားပြီဟု ပင်တဂွန်စစ်ဌာနချုပ်၏ အဆိုအရ သိရသည်။ အခြားခဲယမ်းများ ရောင်းချခြင်း သို့မဟုတ် လွှဲပြောင်းခြင်း ဖြစ်နိုင်ချေများကိုလည်း ပြန်လည်သုံးသပ်နေသည်ဟု အုပ်ချုပ်ရေးအဖွဲ့က ပြောကြားခဲ့သည်။

သင်္ဘောတင်ပို့မှု ခေတ္တရပ်ထားမှုနှင့် အမေရိကန် မီဒီယာများ၏ ရှင်းလင်းတင်ပြချက်များအပေါ် အမေရိကန်တာဝန်ရှိသူများအား အစ္စရေးတာဝန်ရှိသူများက “သူတို့အနေနှင့် နက်ရှိုင်းစွာ စိတ်အနှောက်အယှက် ဖြစ်ရကြောင်း” သီးသန့်ထုတ်ဖော်ပြောကြားခဲ့ကြောင်း အဆိုပါကိစ္စနှင့်ပတ်သက်ပြီး သတင်းရင်းမြစ်တစ်ခုအရ သိရသည်။

ဖြစ်နိုင်ချေရှိသော အကွဲအပြဲ

**************************

ဘိုင်ဒင်၏ လူသိရှင်ကြား အမေရိကန်လက်နက်များ တင်ပို့ခြင်းနှင့် အစ္စရေး၏လုပ်ဆောင်ချက်ကို ဆက်နွယ်ပြီး လွန်ခဲ့သည့် တနင်္လာနေ့က ဖုံးဖြင့် ထုတ်ဖော် ပြောကြားချက်ကြောင့် သူ့ နှင့် နေတန်ယာဟုတို့အကြား အကွဲအပြဲကို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်စေသည်။ ရာဖာမြို့မှ အရပ်သား ထောင်ပေါင်းများစွာကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အစ္စရေးက အမိန့်ပေးကာ မြို့တော်၏ နယ်နိမိတ်အနီးတွင် တိုက်ခိုက်မှုများ ပြုလုပ်နေစဉ် ထိုပြောဆိုမှုသည် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ရာဖာတွင် အစ္စရေး၏ လုပ်ဆောင်ချက်များသည် လူနေထူထပ်သောဇုန်များအတွင်းသို့ ဝင်ရောက်ခြင်းမရှိသေးသည့်အတွက် သတ်မှတ်ထားသည့် အနီရောင်မျဉ်းကို ဖြတ်ကျော်ခြင်းမရှိသေးကြောင်း ဘိုင်ဒင်က ပြောကြားခဲ့ပြီး ၎င်းတို့၏လုပ်ရပ်များသည် ဒေသတွင်း တင်းမာမှုများ ဖြစ်စေခဲ့သည်ဟု ဆိုသည်။

“သူတို့က လူဦးရေထူထပ်တဲ့ ဗဟိုချက်နေရာတွေကို မသွားဘူး။ သူတို့လုပ်တာက နယ်စပ်လောက်ကိုပဲ ဝင်ရောက်ခဲ့တာ။ နောက်ပြီးတော့ ဒီလိုလုပ်ဆောင်မှုကြောင့် အီဂျစ်နဲ့ ဆက်ဆံရေးကို ပြဿနာ ဖြစ်လာစေတယ်။ ကျွန်တော်အနေနဲ့ အီဂျစ်နဲ့ ဆက်ဆံရေးကောင်းမွန်အောင်နဲ့ အကူအညီရရှိအောင်အရမ်းကြိုးစားခဲ့ရတယ်” ဟု သူက ပြောကြားခဲ့သည်။

နေတန်ယာဟုနှင့် အခြားအစ္စရေးခေါင်းဆောင်များအား လူဦးနေထူထပ်သောနေရာဗဟိုချက်များတွင် ပြုလုပ်မည့် စစ်ဆင်ရေးအတွက် အမေရိကန်၏ပံ့ပိုးကူညီမှုသည် အကန့်အသတ်ရှိကြောင်း ဘိုင်ဒင်က ပြောကြားခဲ့သည်။

“ Bibi (နေတင်ယာဟု) နဲ့ စစ်ပွဲဝန်ကြီးအဖွဲ့ကို ကျွန်တော် ရှင်းရှင်းလင်းလင်း ပြောထားပြီးပါပြီ၊ တကယ်လို့ သူတို့စစ်တပ်က ဒီလူဦးရေထူထပ်တဲ့ဗဟိုချက်နေရာတွေ ကိုဝင်ရောက်မယ်ဆိုရင် သူတို့က ကျွန်တော်တို့ရဲ့ အထောက်အပံ့ကို ရနိုင်မှာမဟုတ်ဘူး” ဟု ဘိုင်ဒင်က ဆိုသည်။

နောက်ပိုင်းတွင်၊ ဘိုင်ဒင်က ဂါဇာတွင် ကျဆုံးသွားမည့် အန္တရာယ်များနှင့် ပတ်သက်၍ နေတန်ယာဟုအား သတိပေးခဲ့ပြီး အာဖဂန်နစ္စတန်နှင့် အီရတ်တို့တွင် အမေရိကန် ဝင်ရောက်ခဲ့သည့်အတွေ့အကြုံများနှင့် ယှဉ်တွဲခဲ့ပြောပြသည်။

“ ကျွန်တော် နေတင်ရာဟုကို ပြောခဲ့တယ်၊ ‘အမေရိကမှာ ငါတို့လုပ်ခဲ့တဲ့ အလားတူ အမှားမျိုး မလုပ်ပါနဲ့။ ဘင်လာဒင်ကို လိုချင်တယ်။ မင်းကို ဟားမတ်စ်ခေါင်းဆောင် ဆင်ဝါ (Sinwar) ရအောင် ငါတို့ ကူညီပေးမှာပါ” ဟု ဂါဇာရှိ ဟားမတ်စ်ခေါင်းဆောင်ကို ရည်ညွှန်းကာ ပြောကြားခဲ့သည်။ “ဘင်လာဒင်ကို ရဖို့က လုပ်တာက အဓိပ္ပာယ်ရှိတယ်၊ အာဖဂန်နစ္စတန်ကို ပေါင်းစည်းဖို့ ကြိုးစားတာဟာ အဓိပ္ပာယ်မရှိပါဘူး။ အီရတ်မှာ နျူကလီးယားလက်နက်ရှိတယ်လို့ ထင်ပြီး ဝင်ရောက်တိုက်ခိုက်တာ ကျွန်တော့အမြင်အရ အဓိပ္ပါယ် မရှိဘူး” ဟု ဘိုင်ဒင်က ပြောခဲ့သည်။

၎င်း၏ သမတအဖြစ်ယှဉ်ပြိုင်ရန်အတွက် ပြည်တွင်းရှိ အမေရိကန်မဲဆန္ဒရှင်များထံမှ ထောက်ခံမှုကို မြှင့်တင်ရန် ကြိုးစားနေသော်လည်း အရှေ့အလယ်ပိုင်းရှိ ပဋိပက္ခများသည် လွန်ခဲ့သည့်လများအတွင်း ဘိုင်ဒင်ကို အချိန်များစွာ ကုန်ဆုံးစေခဲ့သည်။ အစ္စရေးနိုင်ငံအတွက် ၎င်း၏ အခိုင်အမာ ထောက်ခံမှုကြောင့် ကောလိပ်ကျောင်းဝင်းများအတွင်း ကျောင်းသားများ၏ဘွဲ့နှင်းသဘင်များ အပါအဝင် ဆန္ဒပြမှုများနှင့် ဒေါသကို ဖြစ်ပေါ်စေခဲ့ပြီး၊ ၎င်းအား “လူမျိုးတုံးသတ်ဖြတ်မှု ဂျိုး” ဟူသော ဆိုင်းဘုတ် တံဆိပ်ကပ်ခံပြီး ရှုံ့ချခံခဲ့ရသည်။

ဆန္ဒပြပွဲများနှင့် ပတ်သက်၍ မေးမြန်းရာတွင် ဘိုင်ဒင်က ဗုဒ္ဓဟူးနေ့တွင် “ဆန္ဒပြသူတွေရဲ့ ပေးတဲ့သတင်းစကားကို ကျွန်တော် လုံးဝနားလည် သဘောပေါက်တယ်” ဟု ပြောကြားခဲ့သည်။

သို့သော် အမုန်းစကား သို့မဟုတ် ဂျူးဘာသာကိုးကွယ်ယုံကြည်မှုကို ဆန့်ကျင်ရေးသို့ ဦးတည်သည့် ဆန္ဒပြပွဲများကို ဆန့်ကျင်ရန် ၎င်းက သတိပေးခဲ့သည်။

“တရားဝင် လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ ဆန္ဒထုတ်ဖော်ခွင့် ရှိတယ်။ အဲဒါကို လုပ်ပိုင်ခွင့်ရှိတယ်၊ သူတို့မှာ အဲဒါကို လုပ်ပိုင်ခွင့်ရှိတယ်” ဟု ပြောသည်။ “ဒါပေမယ့် အမုန်းစကားသုံးဖို့ တရားဝင် ခွင့်ပြုတာတော့ မရှိပါဘူး။ ဂျူးကျောင်းသားများကို ခြိမ်းခြောက်ရန် တရားဝင်အခွင့်အရေး မရှိပါဘူး။ လူတွေရဲ့ စာသင်ခန်းတွေကို ဝင်ရောက်ခွင့်ကို ပိတ်ပင်ရန် တရားဝင် အခွင့်အရေး သူတို့မှာ မရှိပါဘူး။ အဲဒါက ဥပဒေနဲ့ ဆန့်ကျင်တယ်။” ဟု ဘိုင်ဒင်က ဆိုခဲ့ပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်အစိုးရ၏ လုပ်ရပ်များကြောင့် အစ္စရေး၏ ကျဆင်းနေပြီးသား ပုံရိပ်ကို မည်သို့ ထိခိုက်စေနိုင်သနည်း

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 4 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၂၀ရက် သမ္မတ ဒေါ်နယ်ထရန့်သည် အမေရိကန်နှင့် အစ္စရေး ဆက်ဆံရေးအတွက် မကောင်းသော အချိန်အခါမျိုးတွင် အစ္စရေးနှင့်
ဂျာမဏီ နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အရှေ့အလယ်ပိုင်းစစ်ပွဲ၏ နောက်ဆုံးရအခြေအနေများမှာ အောက်ပါအတိုင်းဖြစ်ပါသည် –

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 9 Views
AFPသတင်း- ၂၀၂၆ခုနှစ်၊ မတ်လ ၂၀ရက် ဟော်မုဇ်ရေလက်ကြားအရေး ကုလသမဂ္ဂ၏ ဆောင်ရွက်ချက်ကို မက်ခရွန် မျှော်လင့်နေခဲ့ လက်ရှိ အပြန်အလှန် ပစ်ခတ်မှုများ
ဂျပန် နိုင်ငံတကာသတင်း အမေရိကန်

ဂျပန်ဝန်ကြီးချုပ်က အီရန်အရေးနှင့်ပတ်သက်၍ ထရန့်ကို စိတ်ကျေနပ်အောင် ဖျောင်းဖျနိုင်ခဲ့သော်လည်း ပုလဲဆိပ်ကမ်း (Pearl Harbor)အကြောင်းနှင့် အံ့အားသင့် ဖွယ်ရာနှင့် ရင်ဆိုင်ခဲ့ရ

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 10 Views
AFP- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက် ဂျပန်ဝန်ကြီးချုပ် စာနာအေ တာကာအီချီ (Sanae Takaichi) သည် ကြာသပတေးနေ့က အီရန်အရေးနှင့် ပတ်သက်၍ ဒေါ်နယ်ထရန့်နှင့် ဖြစ်ပွားနိုင်ခြေရှိသော ထိပ်တိုက်တွေ့ဆုံမှုကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သော်လည်း၊
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

စစ်မီးများ ကူးစက်ပျံ့နှံ့နေကြောင်း တရုတ်က သတိပေး၊ သို့သော် ရှီ-ထရမ့် တွေ့ဆုံပွဲကို ကြိုဆိုသည့် အရိပ်အယောင်ပြသ

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၉ ရက် ပေကျင်း/ဟောင်ကောင် — အီရန်တွင် စစ်ပွဲများ ပြင်းထန်နေစဉ် တရုတ်နိုင်ငံ၏ ထိပ်တန်း သံတမန်က မိမိတို့နိုင်ငံကို ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ကာကွယ်သူအဖြစ် ပုံဖော်ခဲ့ပြီး၊
နိုင်ငံတကာသတင်း ယူကရိန်း ဟန်ဂေရီ ဥရောပ

ဟန်ဂေရီက ဒေါ်လာ ၈၂ သန်းတန် ဘဏ်ငွေလွှဲယာဉ်များကို သိမ်းဆည်းလိုက်ခြင်းက ယူကရိန်းနှင့် ပဋိပက္ခကို ပိုမိုနက်ရှိုင်းစေ

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 18 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၁၉)ရက် Reuters — ကမ္ဘာပေါ်တွင် ရေနံတင်ပို့မှု ပိတ်ဆို့ခံရမှုအတွက် အငြင်းပွားနေစဉ်တွင် ဟန်ဂေရီနိုင်ငံက ငွေကြေးခဝါချမှု သံသယဖြင့် ဒေါ်လာ ၈၂ သန်းခန့် တန်ဖိုးရှိ ငွေသားနှင့် ရွှေများကို သယ်ဆောင်လာသည့် ယူကရိန်းနိုင်ငံသား
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

CNN သတင်းဌာန၏ ဖော်ပြချက်အရ ကမ္ဘာ့အကြီးဆုံး သဘာဝဓာတ်ငွေ့သိုက်များ တိုက်ခိုက် ခံရမှုနှင့် ပတ်သက်၍ အရေးကြီးသော အချက်အလက်များကို အောက်ပါအတိုင်း မြန်မာဘာသာ ဖြင့် အနှစ်ချုပ် တင်ပြအပ်ပါသည်။

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 19 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၉ရက် ၁။ တိုက်ခိုက်ခံရသည့် နေရာများ အီရန်နိုင်ငံ ဆောက်ပါး(South Pars) ဓာတ်ငွေ့သိုက် ။ ကမ္ဘာ့အကြီးဆုံး သဘာဝဓာတ်ငွေ့သိုက်ဖြစ်ပြီး အီရန်နှင့် ကာတာနိုင်ငံတို့ ပူးတွဲပိုင်ဆိုင်သည့် နေရာဖြစ်သည်။ ယင်းနေရာကို အစ္စရေးက တိုက်ခိုက်ခဲ့
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အားနည်းနေသည့် အီရန်က စစ်ပွဲကို အဘယ်ကြောင့် ဆက်လက်ဆွဲဆန့်ရန် ကြိုးပမ်းနေသနည်း

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 29 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၉ ရက် အီရန်နိုင်ငံသည် ၎င်း၏အုပ်ချုပ်ရေးယန္တရားအတွက် အပြင်းထန်ဆုံးသော ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်နေရသော်လည်း၊ ဒေသတွင်းအခြေအနေကို မိမိတို့အလိုကျ ပြန်လည်ပုံဖော်ရန် ရည်ရွယ်ချက်ဖြင့် အမေရိကန်နှင့် အစ္စရေးတို့နှင့်ဖြစ်ပွားနေသော ပဋိပက္ခကို ဆက်လက်
နိုင်ငံတကာသတင်း ဗြိတိန် အမေရိကန်

အီရန်စစ်ပွဲ ရပ်တည်ချက်နှင့် ပတ်သက်၍ ထရမ့်က ဗြိတိန်ကို ပြစ်တင်ဝေဖန်နေစဉ်အတွင်း ဘုရင်မင်းမြတ်၏ ခရီးစဉ်အပေါ် မေးခွန်းထုတ်စရာ ဖြစ်လာ

  • 2026 ခုနှစ်၊ မတ်လ 18 ရက်
  • 23 Views
CNN- ၂၀၂၅ခုနှစ်၊ မတ်လ ၁၈ရက် လန်ဒန်မြို့ — ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) သည် စည်းကမ်းကြီးပြီး ရှေ့နေပီပီ စကားကို ချင့်ချိန်ပြောဆိုတတ်သူ ဖြစ်သည်။ သို့သော် ပြီးခဲ့သည့် ဖေဖော်ဝါရီလက