နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန် အရှေ့အလယ်ပိုင်း

ရာဖာမြို့ကို ကြီးကြီးမားမား ကျူးကျော်ဝင်ရောက်ပါက အစ္စရေးကို ဗုံးများနှင့် အမြောက်ကျည်များ ပေးပို့ခြင်းကို ရပ်တန့်မည်ဖြစ်ကြောင်း ဘိုင်ဒင် ပြော

v+++++++++++++++++++++++++++++++++++++++++++

ဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုက ရာဖာမြို့ကို ကြီးကြီးမားမား ကျူးကျော်ဖို့ အမိန့်ပေးရင် ဂါဇာမှာ အရပ်သားတွေကို သတ်ဖို့အသုံးပြုမယ်လို့ အသိအမှတ်ပြုထားတဲ့ အမေရိကန်လက်နက်တချို့ကို အစ္စရေးကို တင်ပို့မှုကို ရပ်တန့်မယ်လို့ သမ္မတ ဂျိုးဘိုင်ဒင်က ဗုဒ္ဓဟူးနေ့မှာ ပထမဆုံးအကြိမ် ပြောကြားခဲ့ပါတယ်။

ဘိုင်ဒင်က ခေတ္တပေးပို့ရန် ဆိုင်းငံ့ထားသည့် ပေါင် ၂၀၀၀ အလေးချိန်ရှိသော ဗုံးများကို ရည်ညွှန်းပြီး CNN သတင်းသမား အီရင်ဘားနက် (Erin Burnett) အား သူမ၏ OutFront သတင်းအစီအစဉ် သီးသန့်အင်တာဗျူးတစ်ခုတွင် “ လွန်ခဲ့တဲ့အပတ်က လူနေထူထပ်သောနေရာတွေကို ကြဲချတဲ့ဗုံးတွေနဲ့ အခြားအကြောင်းတွေကြောင့် ဂါဇာတွင် အရပ်သားတွေ သေဆုံးခဲ့ရတယ်” ဟု ပြောခဲ့ပါသည်။

“ သူတို့ကို ကျွန်တော် ရှင်းရှင်းလင်းလင်း ပြောခဲ့ပါတယ်။ တကယ်လို့ သူတို့ ရာဖာကို ဝင်မယ်ဆိုရင် (အခုအထိတော့ မဝင်သေးပါဘူး) တကယ်လို့ ဝင်ခဲ့ရင် ကျွန်တော်တို့အနေနဲ့ လက်နက်ခဲယမ်းတွေကို ပေးပို့တော့မှာ မဟုတ်ဘူး။ ဒီလက်နက်ခဲယမ်းတွေက ရာဖာကို ကိုင်တွယ်ဖို့၊ မြို့တွေကို ကိုင်တွယ်ဖို့ အသုံးပြုမှာ ဖြစ်တဲ့အတွက် ပြဿနာကို ဒီလက်နက်တွေနဲ့ ဖြေရှင်းဖို့ ဖြစ်တဲ့အတွက် ကျွန်တော်တို့က ထောက်ပံ့ပေးမှာ မဟုတ်ဘူး” ဟု ဘိုင်ဒင်က ပြောကြားခဲ့သည်။

အစ္စရေးနှင့် ဟားမတ်စ်တို့ကြား ခုနစ်လကြာ ပဋိပက္ခအတွင်း အစ္စရေး၏ လုပ်ဆောင်ချက်များအပေါ် အမေရိကန်၏ လက်နက်အသုံးပြုမှုနှင့် ပတ်သက်ပြီး သတ်မှတ်ချက်များကို ပြင်ဆင်ထည့်သွင်းနေကြောင်း သမ္မတ၏ ကြေညာချက်တွင် ဖော်ပြထားသည်။ ထို့ပြင် ဂါဇာတွင် အရပ်သားများကို အမေရိကန်လုပ် ဗုံးများကို အသုံးပြုပြီး သတ်ဖြတ်ခဲ့သည်ကို သမ္မတက အသိအမှတ်ပြုဝန်ခံလိုက်ခြင်းသည် စစ်ပွဲတွင် အမေရိကန်၏ ပါဝင်နေသည့် အခန်းကဏ္ဍကို ပြတ်ပြတ်သားသား ဝန်ခံလိုက်ခြင်း ဖြစ်သည်။

ဂါဇာတွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကြားတွင် လက်နက်တင်ပို့ရောင်းချမှုကို ကန့်သတ်ရန် ၎င်း၏ ပါတီဝင်များ အပါအဝင် ထူးထူးခြားခြား ဖိအားပေးမှုများကို သမ္မတသည်ခံစားနေခဲ့ရသည်။

ယခုအချိန်အထိ သမ္မတသည် အဆိုပါ ဖိအားပေးမှုများကို ဆန့်ကျင်ခဲ့ပြီး ဟားမတ်စ်ကို တိုက်ခိုက်နေသည့် အစ္စရေး၏ ကြိုးပမ်းမှုများကို အစွမ်းကုန်အားပေး ထောက်ခံခဲ့သည်။ သို့သော်လည်း ပါလက်စတိုင်းအရပ်သား တစ်သန်းကျော် ခိုလှုံနေကြသည့် ဂါဇာတောင်ပိုင်းရှိ ရာဖာမြို့ကို အစ္စရေး၏ ကျူးကျော်ဝင်ရောက်လာမှုက သမ္မတ၏ ရပ်တည်ချက်ကို ပြောင်းလဲသွားပုံရသည်။

“ကျွန်တော်တို့ဟာ အစ္စရေးကို လုံခြုံရေးပေးထားခြင်းကနေ ထွက်ခွာသွားတာ မဟုတ်ပါဘူး။ အဲဒီဒေသတွေမှာ စစ်တိုက်နေတဲ့ အစ္စရေးရဲ့ စစ်ရေးလုပ်ဆောင်မှုကနေ ကျွန်တော်တို့ ထွက်ခွာသွားတာသာ ဖြစ်တယ်” ဟု ဘိုင်ဒန်က ပြောကြားခဲ့သည်။

အမေရိကန်သည် ၎င်း၏ Iron Dome လေကြောင်းရန်ကာကွယ်ရေးစနစ်အပါအဝင် အစ္စရေးအား ကာကွယ်ရေးလက်နက်များ ဆက်လက် ထောက်ပံ့ပေးနေသော်လည်း ရာဖာတွင် အဓိကမြေပြင်ကျူးကျော်မှု စတင်ပါက လက်နဲခဲယမ်းတင်ပို့မှု အဆုံးသတ်မည်ဖြစ်ကြောင်း ဘိုင်ဒင်က ပြောကြားခဲ့သည်။

“အစ္စရေးဟာ Iron Dome နဲ့ မကြာသေးမီက အရှေ့အလယ်ပိုင်းက ထွက်လာတဲ့ တိုက်ခိုက်မှုတွေကို တုံ့ပြန်နိုင်တဲ့ သူတို့ရဲ့ စွမ်းရည်နဲ့ ပတ်သက်ပြီး အစ္စရေးက လုံခြုံမှုရှိစေဖို့ ဆက်လက်လုပ်ဆောင်သွားမှာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။ “ဒါပေမယ့် အခုကိစ္စက မှားတယ်။ ဒါကြောင့် ကျွန်တော်တို့ မပေးဘူး။ ကျွန်တော်တို့က လက်နက်နဲ့ အမြောက်ကျည်တွေကို ထောက်ပံ့မှာ မဟုတ်ဘူး။”

ယခုပင်လျှင် အရပ်သားတွေအတွက် ကာကွယ်ပေးရေး အစီအစဉ်မရှိဘဲ အစ္စရေး၏ ဖြစ်နိုင်ချေရှိသော စစ်ဆင်ရေးများကြောင့် ပင်တဂွန်မှ ပေးပို့မည့် လက်နက်ခဲယမ်းများ တင်ပို့မှုကို ခေတ္တရပ်ထားပြီဟု ပင်တဂွန်စစ်ဌာနချုပ်၏ အဆိုအရ သိရသည်။ အခြားခဲယမ်းများ ရောင်းချခြင်း သို့မဟုတ် လွှဲပြောင်းခြင်း ဖြစ်နိုင်ချေများကိုလည်း ပြန်လည်သုံးသပ်နေသည်ဟု အုပ်ချုပ်ရေးအဖွဲ့က ပြောကြားခဲ့သည်။

သင်္ဘောတင်ပို့မှု ခေတ္တရပ်ထားမှုနှင့် အမေရိကန် မီဒီယာများ၏ ရှင်းလင်းတင်ပြချက်များအပေါ် အမေရိကန်တာဝန်ရှိသူများအား အစ္စရေးတာဝန်ရှိသူများက “သူတို့အနေနှင့် နက်ရှိုင်းစွာ စိတ်အနှောက်အယှက် ဖြစ်ရကြောင်း” သီးသန့်ထုတ်ဖော်ပြောကြားခဲ့ကြောင်း အဆိုပါကိစ္စနှင့်ပတ်သက်ပြီး သတင်းရင်းမြစ်တစ်ခုအရ သိရသည်။

ဖြစ်နိုင်ချေရှိသော အကွဲအပြဲ

**************************

ဘိုင်ဒင်၏ လူသိရှင်ကြား အမေရိကန်လက်နက်များ တင်ပို့ခြင်းနှင့် အစ္စရေး၏လုပ်ဆောင်ချက်ကို ဆက်နွယ်ပြီး လွန်ခဲ့သည့် တနင်္လာနေ့က ဖုံးဖြင့် ထုတ်ဖော် ပြောကြားချက်ကြောင့် သူ့ နှင့် နေတန်ယာဟုတို့အကြား အကွဲအပြဲကို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်စေသည်။ ရာဖာမြို့မှ အရပ်သား ထောင်ပေါင်းများစွာကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အစ္စရေးက အမိန့်ပေးကာ မြို့တော်၏ နယ်နိမိတ်အနီးတွင် တိုက်ခိုက်မှုများ ပြုလုပ်နေစဉ် ထိုပြောဆိုမှုသည် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ရာဖာတွင် အစ္စရေး၏ လုပ်ဆောင်ချက်များသည် လူနေထူထပ်သောဇုန်များအတွင်းသို့ ဝင်ရောက်ခြင်းမရှိသေးသည့်အတွက် သတ်မှတ်ထားသည့် အနီရောင်မျဉ်းကို ဖြတ်ကျော်ခြင်းမရှိသေးကြောင်း ဘိုင်ဒင်က ပြောကြားခဲ့ပြီး ၎င်းတို့၏လုပ်ရပ်များသည် ဒေသတွင်း တင်းမာမှုများ ဖြစ်စေခဲ့သည်ဟု ဆိုသည်။

“သူတို့က လူဦးရေထူထပ်တဲ့ ဗဟိုချက်နေရာတွေကို မသွားဘူး။ သူတို့လုပ်တာက နယ်စပ်လောက်ကိုပဲ ဝင်ရောက်ခဲ့တာ။ နောက်ပြီးတော့ ဒီလိုလုပ်ဆောင်မှုကြောင့် အီဂျစ်နဲ့ ဆက်ဆံရေးကို ပြဿနာ ဖြစ်လာစေတယ်။ ကျွန်တော်အနေနဲ့ အီဂျစ်နဲ့ ဆက်ဆံရေးကောင်းမွန်အောင်နဲ့ အကူအညီရရှိအောင်အရမ်းကြိုးစားခဲ့ရတယ်” ဟု သူက ပြောကြားခဲ့သည်။

နေတန်ယာဟုနှင့် အခြားအစ္စရေးခေါင်းဆောင်များအား လူဦးနေထူထပ်သောနေရာဗဟိုချက်များတွင် ပြုလုပ်မည့် စစ်ဆင်ရေးအတွက် အမေရိကန်၏ပံ့ပိုးကူညီမှုသည် အကန့်အသတ်ရှိကြောင်း ဘိုင်ဒင်က ပြောကြားခဲ့သည်။

“ Bibi (နေတင်ယာဟု) နဲ့ စစ်ပွဲဝန်ကြီးအဖွဲ့ကို ကျွန်တော် ရှင်းရှင်းလင်းလင်း ပြောထားပြီးပါပြီ၊ တကယ်လို့ သူတို့စစ်တပ်က ဒီလူဦးရေထူထပ်တဲ့ဗဟိုချက်နေရာတွေ ကိုဝင်ရောက်မယ်ဆိုရင် သူတို့က ကျွန်တော်တို့ရဲ့ အထောက်အပံ့ကို ရနိုင်မှာမဟုတ်ဘူး” ဟု ဘိုင်ဒင်က ဆိုသည်။

နောက်ပိုင်းတွင်၊ ဘိုင်ဒင်က ဂါဇာတွင် ကျဆုံးသွားမည့် အန္တရာယ်များနှင့် ပတ်သက်၍ နေတန်ယာဟုအား သတိပေးခဲ့ပြီး အာဖဂန်နစ္စတန်နှင့် အီရတ်တို့တွင် အမေရိကန် ဝင်ရောက်ခဲ့သည့်အတွေ့အကြုံများနှင့် ယှဉ်တွဲခဲ့ပြောပြသည်။

“ ကျွန်တော် နေတင်ရာဟုကို ပြောခဲ့တယ်၊ ‘အမေရိကမှာ ငါတို့လုပ်ခဲ့တဲ့ အလားတူ အမှားမျိုး မလုပ်ပါနဲ့။ ဘင်လာဒင်ကို လိုချင်တယ်။ မင်းကို ဟားမတ်စ်ခေါင်းဆောင် ဆင်ဝါ (Sinwar) ရအောင် ငါတို့ ကူညီပေးမှာပါ” ဟု ဂါဇာရှိ ဟားမတ်စ်ခေါင်းဆောင်ကို ရည်ညွှန်းကာ ပြောကြားခဲ့သည်။ “ဘင်လာဒင်ကို ရဖို့က လုပ်တာက အဓိပ္ပာယ်ရှိတယ်၊ အာဖဂန်နစ္စတန်ကို ပေါင်းစည်းဖို့ ကြိုးစားတာဟာ အဓိပ္ပာယ်မရှိပါဘူး။ အီရတ်မှာ နျူကလီးယားလက်နက်ရှိတယ်လို့ ထင်ပြီး ဝင်ရောက်တိုက်ခိုက်တာ ကျွန်တော့အမြင်အရ အဓိပ္ပါယ် မရှိဘူး” ဟု ဘိုင်ဒင်က ပြောခဲ့သည်။

၎င်း၏ သမတအဖြစ်ယှဉ်ပြိုင်ရန်အတွက် ပြည်တွင်းရှိ အမေရိကန်မဲဆန္ဒရှင်များထံမှ ထောက်ခံမှုကို မြှင့်တင်ရန် ကြိုးစားနေသော်လည်း အရှေ့အလယ်ပိုင်းရှိ ပဋိပက္ခများသည် လွန်ခဲ့သည့်လများအတွင်း ဘိုင်ဒင်ကို အချိန်များစွာ ကုန်ဆုံးစေခဲ့သည်။ အစ္စရေးနိုင်ငံအတွက် ၎င်း၏ အခိုင်အမာ ထောက်ခံမှုကြောင့် ကောလိပ်ကျောင်းဝင်းများအတွင်း ကျောင်းသားများ၏ဘွဲ့နှင်းသဘင်များ အပါအဝင် ဆန္ဒပြမှုများနှင့် ဒေါသကို ဖြစ်ပေါ်စေခဲ့ပြီး၊ ၎င်းအား “လူမျိုးတုံးသတ်ဖြတ်မှု ဂျိုး” ဟူသော ဆိုင်းဘုတ် တံဆိပ်ကပ်ခံပြီး ရှုံ့ချခံခဲ့ရသည်။

ဆန္ဒပြပွဲများနှင့် ပတ်သက်၍ မေးမြန်းရာတွင် ဘိုင်ဒင်က ဗုဒ္ဓဟူးနေ့တွင် “ဆန္ဒပြသူတွေရဲ့ ပေးတဲ့သတင်းစကားကို ကျွန်တော် လုံးဝနားလည် သဘောပေါက်တယ်” ဟု ပြောကြားခဲ့သည်။

သို့သော် အမုန်းစကား သို့မဟုတ် ဂျူးဘာသာကိုးကွယ်ယုံကြည်မှုကို ဆန့်ကျင်ရေးသို့ ဦးတည်သည့် ဆန္ဒပြပွဲများကို ဆန့်ကျင်ရန် ၎င်းက သတိပေးခဲ့သည်။

“တရားဝင် လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ ဆန္ဒထုတ်ဖော်ခွင့် ရှိတယ်။ အဲဒါကို လုပ်ပိုင်ခွင့်ရှိတယ်၊ သူတို့မှာ အဲဒါကို လုပ်ပိုင်ခွင့်ရှိတယ်” ဟု ပြောသည်။ “ဒါပေမယ့် အမုန်းစကားသုံးဖို့ တရားဝင် ခွင့်ပြုတာတော့ မရှိပါဘူး။ ဂျူးကျောင်းသားများကို ခြိမ်းခြောက်ရန် တရားဝင်အခွင့်အရေး မရှိပါဘူး။ လူတွေရဲ့ စာသင်ခန်းတွေကို ဝင်ရောက်ခွင့်ကို ပိတ်ပင်ရန် တရားဝင် အခွင့်အရေး သူတို့မှာ မရှိပါဘူး။ အဲဒါက ဥပဒေနဲ့ ဆန့်ကျင်တယ်။” ဟု ဘိုင်ဒင်က ဆိုခဲ့ပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အစိုးရလက်ထက်မှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန (DHS)တို့ရဲ့အကြမ်းဖက်ကိုင်တွယ်မှုကြောင့် အမေရိကန် ပြည်သူများနဲ့ အာဏာရရီပတ်ပလီကင်အမတ်အချို့ရဲ့ဆန့်ကျင်မှုကိုရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 22 Views
ခေတ်မျက်လုံးမှ စုစည်းတင်ပြချက်- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၃၀ရက် ၂၀၂၆ ခုနှစ်အစောပိုင်းကာလမှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန
တရုတ် နိုင်ငံတကာသတင်း ဗြိတိန်

တရုတ်ခေါင်းဆောင်နှင့်ဗြိတိန်ခေါင်းဆောင်နှစ်ဦးကြားတွေ့ဆုံမှု။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 23 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) ၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ရရှိခဲ့သော ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ သဘောတူညီချက် အသေးစိတ်များမှာ အောက်ပါအတိုင်း
နိုင်ငံတကာသတင်း

ယနေ့ (၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်) အတွက် မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းတွင် လူဖတ်အများဆုံးနှင့် စိတ်ဝင်စားမှုအခံရဆုံး သတင်းများကို အောက်တွင် ဖော်ပြပေး လိုက်ပါသည်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 27 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံနှင့် ဆက်နွှယ်သော ထိပ်တန်းသတင်းများ မြီမိသားစုဝင် ၁၁ ဦးကို တရုတ်က ကွပ်မျက်ခြင်း။ ကိုးကန့်ဒေသတွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) အင်ပါယာ တည်ထောင်ခဲ့သည့် မြီရှောက်ချန်း
တရုတ် နိုင်ငံတကာသတင်း

မြန်မာနိုင်ငံအတွင်း ဘီလီယံနှင့်ချီသော ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့သည့် ဂိုဏ်းဝင် ၁၁ ဦးကို တရုတ်နိုင်ငံက ကွပ်မျက်လိုက်ခြင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 22 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံအတွင်း မိသားစုလိုက် ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့ပြီး ထွက်ပြေးရန် ကြိုးပမ်းသည့် အလုပ်သမားများကို သတ်ဖြတ်ခဲ့သည့် လူ ၁၁ ဦးအား တရုတ်တရားရုံး တစ်ခုက သေဒဏ်ချမှတ်ခဲ့ကြောင်း၊
ဂျပန် တရုတ် နိုင်ငံတကာသတင်း

တရုတ်-ဂျပန် ဆက်ဆံရေး တင်းမာနေစဉ်အတွင်း နောက်ဆုံးကျန်ရှိသည့် ပန်ဒါများကို ဂျပန်ပရိသတ်များ နှုတ်ဆက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 30 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၈ရက် တိုကျို — ဂျပန်နိုင်ငံတွင် နောက်ဆုံးကျန်ရှိသည့် ပန်ဒါနှစ်ကောင်ကို တရုတ်နိုင်ငံသို့ ပြန်လည် မပို့ဆောင်မီ တနင်္ဂနွေနေ့တွင် ဂျပန်ပရိသတ်များက သွားရောက်နှုတ်ဆက်ခဲ့ကြသည်။ ဤဖြစ်ရပ်သည် နှစ်နိုင်ငံကြား ဆက်ဆံရေး တင်းမာနေမှုကို ထင်ဟပ်ဖော်ပြနေသည်။
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း အီရတ် အီရန်

ဆယ်စုနှစ်များစွာ အီရန်အစိုးရကို တိုက်ခိုက်ခဲ့ပြီးနောက် ကာ့ဒ်များအတွက် အောင်ပွဲသည် ပိုမိုနီးကပ်လာသည်ဟု ရှုမြင်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 32 Views
CNN -၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက် အီရတ်နိုင်ငံ အရှေ့မြောက်ပိုင်း — အဖြူအမည်းရောင် ခေါင်းပေါင်း (ကပ်ဖီယာ) ပတ်ထားသည့် လူငယ်တစ်ဦးသည် သူ၏ AK-47 ရိုင်ဖယ်ကို တစ်စစီဖြုတ်ကာ ကျောက်ဆောင်ထူထပ်သည့် မြေပြင်ပေါ်တွင်
နိုင်ငံတကာသတင်း ဗြိတိန် အမေရိကန် အီတလီ

အာဖဂန်နစ္စတန်ရှိ နေတိုး (NATO) ၏ အခန်းကဏ္ဍကို လျှော့ချပြောဆိုမှုကြောင့် လူထုဒေါသထွက်ပေါ်ခဲ့ပြီးနောက် ဗြိတိန်တပ်ဖွဲ့ဝင်များကို ထရမ့် ချီးကျူးစကားဆို

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 34 Views
CNN- ဇန်နဝါရီ ၂၅၊ ၂၀၂၆ ဝါရှင်တန် ဒီစီ နှင့် လန်ဒန်မြို့ — အာဖဂန်နစ္စတန်တွင် နေတိုးတပ်ဖွဲ့ဝင်များ၏ ပေးဆပ်မှု များကို လျှော့ချပြောဆိုခဲ့သည့် ၎င်း၏ မှတ်ချက်များအပေါ် လူထုဒေါသ အပြင်းအထန် ထွက်ပေါ်ခဲ့ပြီးနောက်၊ အမေရိကန်သမ္မတ