နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ အောက်တိုဘာလ 25 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန် အရှေ့အလယ်ပိုင်း

ရာဖာမြို့ကို ကြီးကြီးမားမား ကျူးကျော်ဝင်ရောက်ပါက အစ္စရေးကို ဗုံးများနှင့် အမြောက်ကျည်များ ပေးပို့ခြင်းကို ရပ်တန့်မည်ဖြစ်ကြောင်း ဘိုင်ဒင် ပြော

v+++++++++++++++++++++++++++++++++++++++++++

ဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုက ရာဖာမြို့ကို ကြီးကြီးမားမား ကျူးကျော်ဖို့ အမိန့်ပေးရင် ဂါဇာမှာ အရပ်သားတွေကို သတ်ဖို့အသုံးပြုမယ်လို့ အသိအမှတ်ပြုထားတဲ့ အမေရိကန်လက်နက်တချို့ကို အစ္စရေးကို တင်ပို့မှုကို ရပ်တန့်မယ်လို့ သမ္မတ ဂျိုးဘိုင်ဒင်က ဗုဒ္ဓဟူးနေ့မှာ ပထမဆုံးအကြိမ် ပြောကြားခဲ့ပါတယ်။

ဘိုင်ဒင်က ခေတ္တပေးပို့ရန် ဆိုင်းငံ့ထားသည့် ပေါင် ၂၀၀၀ အလေးချိန်ရှိသော ဗုံးများကို ရည်ညွှန်းပြီး CNN သတင်းသမား အီရင်ဘားနက် (Erin Burnett) အား သူမ၏ OutFront သတင်းအစီအစဉ် သီးသန့်အင်တာဗျူးတစ်ခုတွင် “ လွန်ခဲ့တဲ့အပတ်က လူနေထူထပ်သောနေရာတွေကို ကြဲချတဲ့ဗုံးတွေနဲ့ အခြားအကြောင်းတွေကြောင့် ဂါဇာတွင် အရပ်သားတွေ သေဆုံးခဲ့ရတယ်” ဟု ပြောခဲ့ပါသည်။

“ သူတို့ကို ကျွန်တော် ရှင်းရှင်းလင်းလင်း ပြောခဲ့ပါတယ်။ တကယ်လို့ သူတို့ ရာဖာကို ဝင်မယ်ဆိုရင် (အခုအထိတော့ မဝင်သေးပါဘူး) တကယ်လို့ ဝင်ခဲ့ရင် ကျွန်တော်တို့အနေနဲ့ လက်နက်ခဲယမ်းတွေကို ပေးပို့တော့မှာ မဟုတ်ဘူး။ ဒီလက်နက်ခဲယမ်းတွေက ရာဖာကို ကိုင်တွယ်ဖို့၊ မြို့တွေကို ကိုင်တွယ်ဖို့ အသုံးပြုမှာ ဖြစ်တဲ့အတွက် ပြဿနာကို ဒီလက်နက်တွေနဲ့ ဖြေရှင်းဖို့ ဖြစ်တဲ့အတွက် ကျွန်တော်တို့က ထောက်ပံ့ပေးမှာ မဟုတ်ဘူး” ဟု ဘိုင်ဒင်က ပြောကြားခဲ့သည်။

အစ္စရေးနှင့် ဟားမတ်စ်တို့ကြား ခုနစ်လကြာ ပဋိပက္ခအတွင်း အစ္စရေး၏ လုပ်ဆောင်ချက်များအပေါ် အမေရိကန်၏ လက်နက်အသုံးပြုမှုနှင့် ပတ်သက်ပြီး သတ်မှတ်ချက်များကို ပြင်ဆင်ထည့်သွင်းနေကြောင်း သမ္မတ၏ ကြေညာချက်တွင် ဖော်ပြထားသည်။ ထို့ပြင် ဂါဇာတွင် အရပ်သားများကို အမေရိကန်လုပ် ဗုံးများကို အသုံးပြုပြီး သတ်ဖြတ်ခဲ့သည်ကို သမ္မတက အသိအမှတ်ပြုဝန်ခံလိုက်ခြင်းသည် စစ်ပွဲတွင် အမေရိကန်၏ ပါဝင်နေသည့် အခန်းကဏ္ဍကို ပြတ်ပြတ်သားသား ဝန်ခံလိုက်ခြင်း ဖြစ်သည်။

ဂါဇာတွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကြားတွင် လက်နက်တင်ပို့ရောင်းချမှုကို ကန့်သတ်ရန် ၎င်း၏ ပါတီဝင်များ အပါအဝင် ထူးထူးခြားခြား ဖိအားပေးမှုများကို သမ္မတသည်ခံစားနေခဲ့ရသည်။

ယခုအချိန်အထိ သမ္မတသည် အဆိုပါ ဖိအားပေးမှုများကို ဆန့်ကျင်ခဲ့ပြီး ဟားမတ်စ်ကို တိုက်ခိုက်နေသည့် အစ္စရေး၏ ကြိုးပမ်းမှုများကို အစွမ်းကုန်အားပေး ထောက်ခံခဲ့သည်။ သို့သော်လည်း ပါလက်စတိုင်းအရပ်သား တစ်သန်းကျော် ခိုလှုံနေကြသည့် ဂါဇာတောင်ပိုင်းရှိ ရာဖာမြို့ကို အစ္စရေး၏ ကျူးကျော်ဝင်ရောက်လာမှုက သမ္မတ၏ ရပ်တည်ချက်ကို ပြောင်းလဲသွားပုံရသည်။

“ကျွန်တော်တို့ဟာ အစ္စရေးကို လုံခြုံရေးပေးထားခြင်းကနေ ထွက်ခွာသွားတာ မဟုတ်ပါဘူး။ အဲဒီဒေသတွေမှာ စစ်တိုက်နေတဲ့ အစ္စရေးရဲ့ စစ်ရေးလုပ်ဆောင်မှုကနေ ကျွန်တော်တို့ ထွက်ခွာသွားတာသာ ဖြစ်တယ်” ဟု ဘိုင်ဒန်က ပြောကြားခဲ့သည်။

အမေရိကန်သည် ၎င်း၏ Iron Dome လေကြောင်းရန်ကာကွယ်ရေးစနစ်အပါအဝင် အစ္စရေးအား ကာကွယ်ရေးလက်နက်များ ဆက်လက် ထောက်ပံ့ပေးနေသော်လည်း ရာဖာတွင် အဓိကမြေပြင်ကျူးကျော်မှု စတင်ပါက လက်နဲခဲယမ်းတင်ပို့မှု အဆုံးသတ်မည်ဖြစ်ကြောင်း ဘိုင်ဒင်က ပြောကြားခဲ့သည်။

“အစ္စရေးဟာ Iron Dome နဲ့ မကြာသေးမီက အရှေ့အလယ်ပိုင်းက ထွက်လာတဲ့ တိုက်ခိုက်မှုတွေကို တုံ့ပြန်နိုင်တဲ့ သူတို့ရဲ့ စွမ်းရည်နဲ့ ပတ်သက်ပြီး အစ္စရေးက လုံခြုံမှုရှိစေဖို့ ဆက်လက်လုပ်ဆောင်သွားမှာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။ “ဒါပေမယ့် အခုကိစ္စက မှားတယ်။ ဒါကြောင့် ကျွန်တော်တို့ မပေးဘူး။ ကျွန်တော်တို့က လက်နက်နဲ့ အမြောက်ကျည်တွေကို ထောက်ပံ့မှာ မဟုတ်ဘူး။”

ယခုပင်လျှင် အရပ်သားတွေအတွက် ကာကွယ်ပေးရေး အစီအစဉ်မရှိဘဲ အစ္စရေး၏ ဖြစ်နိုင်ချေရှိသော စစ်ဆင်ရေးများကြောင့် ပင်တဂွန်မှ ပေးပို့မည့် လက်နက်ခဲယမ်းများ တင်ပို့မှုကို ခေတ္တရပ်ထားပြီဟု ပင်တဂွန်စစ်ဌာနချုပ်၏ အဆိုအရ သိရသည်။ အခြားခဲယမ်းများ ရောင်းချခြင်း သို့မဟုတ် လွှဲပြောင်းခြင်း ဖြစ်နိုင်ချေများကိုလည်း ပြန်လည်သုံးသပ်နေသည်ဟု အုပ်ချုပ်ရေးအဖွဲ့က ပြောကြားခဲ့သည်။

သင်္ဘောတင်ပို့မှု ခေတ္တရပ်ထားမှုနှင့် အမေရိကန် မီဒီယာများ၏ ရှင်းလင်းတင်ပြချက်များအပေါ် အမေရိကန်တာဝန်ရှိသူများအား အစ္စရေးတာဝန်ရှိသူများက “သူတို့အနေနှင့် နက်ရှိုင်းစွာ စိတ်အနှောက်အယှက် ဖြစ်ရကြောင်း” သီးသန့်ထုတ်ဖော်ပြောကြားခဲ့ကြောင်း အဆိုပါကိစ္စနှင့်ပတ်သက်ပြီး သတင်းရင်းမြစ်တစ်ခုအရ သိရသည်။

ဖြစ်နိုင်ချေရှိသော အကွဲအပြဲ

**************************

ဘိုင်ဒင်၏ လူသိရှင်ကြား အမေရိကန်လက်နက်များ တင်ပို့ခြင်းနှင့် အစ္စရေး၏လုပ်ဆောင်ချက်ကို ဆက်နွယ်ပြီး လွန်ခဲ့သည့် တနင်္လာနေ့က ဖုံးဖြင့် ထုတ်ဖော် ပြောကြားချက်ကြောင့် သူ့ နှင့် နေတန်ယာဟုတို့အကြား အကွဲအပြဲကို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်စေသည်။ ရာဖာမြို့မှ အရပ်သား ထောင်ပေါင်းများစွာကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အစ္စရေးက အမိန့်ပေးကာ မြို့တော်၏ နယ်နိမိတ်အနီးတွင် တိုက်ခိုက်မှုများ ပြုလုပ်နေစဉ် ထိုပြောဆိုမှုသည် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ရာဖာတွင် အစ္စရေး၏ လုပ်ဆောင်ချက်များသည် လူနေထူထပ်သောဇုန်များအတွင်းသို့ ဝင်ရောက်ခြင်းမရှိသေးသည့်အတွက် သတ်မှတ်ထားသည့် အနီရောင်မျဉ်းကို ဖြတ်ကျော်ခြင်းမရှိသေးကြောင်း ဘိုင်ဒင်က ပြောကြားခဲ့ပြီး ၎င်းတို့၏လုပ်ရပ်များသည် ဒေသတွင်း တင်းမာမှုများ ဖြစ်စေခဲ့သည်ဟု ဆိုသည်။

“သူတို့က လူဦးရေထူထပ်တဲ့ ဗဟိုချက်နေရာတွေကို မသွားဘူး။ သူတို့လုပ်တာက နယ်စပ်လောက်ကိုပဲ ဝင်ရောက်ခဲ့တာ။ နောက်ပြီးတော့ ဒီလိုလုပ်ဆောင်မှုကြောင့် အီဂျစ်နဲ့ ဆက်ဆံရေးကို ပြဿနာ ဖြစ်လာစေတယ်။ ကျွန်တော်အနေနဲ့ အီဂျစ်နဲ့ ဆက်ဆံရေးကောင်းမွန်အောင်နဲ့ အကူအညီရရှိအောင်အရမ်းကြိုးစားခဲ့ရတယ်” ဟု သူက ပြောကြားခဲ့သည်။

နေတန်ယာဟုနှင့် အခြားအစ္စရေးခေါင်းဆောင်များအား လူဦးနေထူထပ်သောနေရာဗဟိုချက်များတွင် ပြုလုပ်မည့် စစ်ဆင်ရေးအတွက် အမေရိကန်၏ပံ့ပိုးကူညီမှုသည် အကန့်အသတ်ရှိကြောင်း ဘိုင်ဒင်က ပြောကြားခဲ့သည်။

“ Bibi (နေတင်ယာဟု) နဲ့ စစ်ပွဲဝန်ကြီးအဖွဲ့ကို ကျွန်တော် ရှင်းရှင်းလင်းလင်း ပြောထားပြီးပါပြီ၊ တကယ်လို့ သူတို့စစ်တပ်က ဒီလူဦးရေထူထပ်တဲ့ဗဟိုချက်နေရာတွေ ကိုဝင်ရောက်မယ်ဆိုရင် သူတို့က ကျွန်တော်တို့ရဲ့ အထောက်အပံ့ကို ရနိုင်မှာမဟုတ်ဘူး” ဟု ဘိုင်ဒင်က ဆိုသည်။

နောက်ပိုင်းတွင်၊ ဘိုင်ဒင်က ဂါဇာတွင် ကျဆုံးသွားမည့် အန္တရာယ်များနှင့် ပတ်သက်၍ နေတန်ယာဟုအား သတိပေးခဲ့ပြီး အာဖဂန်နစ္စတန်နှင့် အီရတ်တို့တွင် အမေရိကန် ဝင်ရောက်ခဲ့သည့်အတွေ့အကြုံများနှင့် ယှဉ်တွဲခဲ့ပြောပြသည်။

“ ကျွန်တော် နေတင်ရာဟုကို ပြောခဲ့တယ်၊ ‘အမေရိကမှာ ငါတို့လုပ်ခဲ့တဲ့ အလားတူ အမှားမျိုး မလုပ်ပါနဲ့။ ဘင်လာဒင်ကို လိုချင်တယ်။ မင်းကို ဟားမတ်စ်ခေါင်းဆောင် ဆင်ဝါ (Sinwar) ရအောင် ငါတို့ ကူညီပေးမှာပါ” ဟု ဂါဇာရှိ ဟားမတ်စ်ခေါင်းဆောင်ကို ရည်ညွှန်းကာ ပြောကြားခဲ့သည်။ “ဘင်လာဒင်ကို ရဖို့က လုပ်တာက အဓိပ္ပာယ်ရှိတယ်၊ အာဖဂန်နစ္စတန်ကို ပေါင်းစည်းဖို့ ကြိုးစားတာဟာ အဓိပ္ပာယ်မရှိပါဘူး။ အီရတ်မှာ နျူကလီးယားလက်နက်ရှိတယ်လို့ ထင်ပြီး ဝင်ရောက်တိုက်ခိုက်တာ ကျွန်တော့အမြင်အရ အဓိပ္ပါယ် မရှိဘူး” ဟု ဘိုင်ဒင်က ပြောခဲ့သည်။

၎င်း၏ သမတအဖြစ်ယှဉ်ပြိုင်ရန်အတွက် ပြည်တွင်းရှိ အမေရိကန်မဲဆန္ဒရှင်များထံမှ ထောက်ခံမှုကို မြှင့်တင်ရန် ကြိုးစားနေသော်လည်း အရှေ့အလယ်ပိုင်းရှိ ပဋိပက္ခများသည် လွန်ခဲ့သည့်လများအတွင်း ဘိုင်ဒင်ကို အချိန်များစွာ ကုန်ဆုံးစေခဲ့သည်။ အစ္စရေးနိုင်ငံအတွက် ၎င်း၏ အခိုင်အမာ ထောက်ခံမှုကြောင့် ကောလိပ်ကျောင်းဝင်းများအတွင်း ကျောင်းသားများ၏ဘွဲ့နှင်းသဘင်များ အပါအဝင် ဆန္ဒပြမှုများနှင့် ဒေါသကို ဖြစ်ပေါ်စေခဲ့ပြီး၊ ၎င်းအား “လူမျိုးတုံးသတ်ဖြတ်မှု ဂျိုး” ဟူသော ဆိုင်းဘုတ် တံဆိပ်ကပ်ခံပြီး ရှုံ့ချခံခဲ့ရသည်။

ဆန္ဒပြပွဲများနှင့် ပတ်သက်၍ မေးမြန်းရာတွင် ဘိုင်ဒင်က ဗုဒ္ဓဟူးနေ့တွင် “ဆန္ဒပြသူတွေရဲ့ ပေးတဲ့သတင်းစကားကို ကျွန်တော် လုံးဝနားလည် သဘောပေါက်တယ်” ဟု ပြောကြားခဲ့သည်။

သို့သော် အမုန်းစကား သို့မဟုတ် ဂျူးဘာသာကိုးကွယ်ယုံကြည်မှုကို ဆန့်ကျင်ရေးသို့ ဦးတည်သည့် ဆန္ဒပြပွဲများကို ဆန့်ကျင်ရန် ၎င်းက သတိပေးခဲ့သည်။

“တရားဝင် လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ ဆန္ဒထုတ်ဖော်ခွင့် ရှိတယ်။ အဲဒါကို လုပ်ပိုင်ခွင့်ရှိတယ်၊ သူတို့မှာ အဲဒါကို လုပ်ပိုင်ခွင့်ရှိတယ်” ဟု ပြောသည်။ “ဒါပေမယ့် အမုန်းစကားသုံးဖို့ တရားဝင် ခွင့်ပြုတာတော့ မရှိပါဘူး။ ဂျူးကျောင်းသားများကို ခြိမ်းခြောက်ရန် တရားဝင်အခွင့်အရေး မရှိပါဘူး။ လူတွေရဲ့ စာသင်ခန်းတွေကို ဝင်ရောက်ခွင့်ကို ပိတ်ပင်ရန် တရားဝင် အခွင့်အရေး သူတို့မှာ မရှိပါဘူး။ အဲဒါက ဥပဒေနဲ့ ဆန့်ကျင်တယ်။” ဟု ဘိုင်ဒင်က ဆိုခဲ့ပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

ဒေါ်နယ်ထရန့်သည် `ဖက်ဆစ်´ ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့် ကိုက်ညီသူဖြစ်ကြောင်း လက်ထောက်ဖြစ်သူက ပြောကြား++++++++++++++++++++++++++++++++++

  • 2024 ခုနှစ်၊ အောက်တိုဘာလ 23 ရက်
  • 1.49K Views
ဒေါ်နယ်ထရန့်သည် “ အာဏာရှင်နည်းလမ်းများကို နှစ်သက်သည်´ ဟုလည်းဆို အောက်တိုဘာလ (၂၃) ရက်။ ဒေါ်နယ်ထရန့်အစိုးရအတွင်း အငြိမ်းစား ယူအက်စ် မရိန်းတပ်ဖွဲ့
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဟစ်ဇ်ဘိုလာနှင့် ဆက်နွှယ်သော ငွေကြေးဆိုင်ရာ အဆောက်အအုံများကို အစ္စရေးတို့ တိုက်ခိုက်ခဲ့ကြောင်း လက်ဘနွန်နိုင်ငံပိုင်မီဒီယာကြေညာ

  • 2024 ခုနှစ်၊ အောက်တိုဘာလ 21 ရက်
  • 1.49K Views
++++++++++++++++++++++++++++++++++++++++++++++++++++++ အောက်တိုဘာလ (၂၁) ရက်။ ဘေရွတ်ရှိ ဟစ်ဇ်ဘိုလာနှင့် ဆက်နွှယ်သော ငွေကြေးဆိုင်ရာနေရာအဆောက်အအုံများကို အစ္စရေးတို့ လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း လက်ဘနွန်နိုင်ငံပိုင်
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

အောက်တိုဘာလ ၁၉ ရက်နေ့ည အစ္စရေးတိုက်ခိုက်မှုအတွင်း ပါလက်စတိုင်း အနည်းဆုံး ၈၇ ဦးသေဆုံး

  • 2024 ခုနှစ်၊ အောက်တိုဘာလ 21 ရက်
  • 1.49K Views
အောက်တိုဘာလ (၂၁) ရက်။ ပါလက်စတိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဂါဇာရှိ ဘေလာဟီယာကို အောက်တိုဘာလ ၁၉ ရက်နေ့ညက အဆောက်အအုံအများအပြားကို အစ္စရေးက လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူ ၈၇ ဦး သေဆုံးခဲ့ကြောင်း ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ကျန်းမာရေးဝန်ကြီးဌာန၏
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အောက်တိုဘာလ ၁၉ ရက်နေ့ည အစ္စရေးတိုက်ခိုက်မှုအတွင်း ပါလက်စတိုင်း အနည်းဆုံး ၈၇ ဦးသေဆုံး

  • 2024 ခုနှစ်၊ အောက်တိုဘာလ 21 ရက်
  • 1.50K Views
အောက်တိုဘာလ (၂၁) ရက်။ ပါလက်စတိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဂါဇာရှိ ဘေလာဟီယာကို အောက်တိုဘာလ ၁၉ ရက်နေ့ညက အဆောက်အအုံအများအပြားကို အစ္စရေးက လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူ ၈၇ ဦး သေဆုံးခဲ့ကြောင်း ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ကျန်းမာရေးဝန်ကြီးဌာန၏
နိုင်ငံတကာသတင်း အမေရိကန်

ထရန့်လက်ထက်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်ဘက်ခေါင်းဆောင်တွေက ဒုတိယသမ္မတသက်တမ်းရာထူးရဖို့ သူ့ကြိုးစားနေမှုအပေါ် သတိပေးသံတွေ ထွက်ပေါ်လာ

  • 2024 ခုနှစ်၊ အောက်တိုဘာလ 20 ရက်
  • 1.50K Views
ရွေးကောက်ပွဲနေ့တွင် အမေရိကန်ပြည်ထောင်စု၏ “အတွင်းရန်သူ” ကို ကိုင်တွယ်ဖြေရှင်းရန် အမေရိကန်စစ်တပ်ကို အသုံးပြုသင့်သည်ဟု သမ္မတဟောင်း ဒေါ်နယ်ထရန့်၏ အကြံပြုချက်သည် သူ့အနေနှင့် ဒုတိယအကြိမ် သမ္မတအဖြစ် ရွေးချယ်ခံရပါက ကာကွယ်ရေးဦးစီးချုပ်အဖြစ် အမေရိကန်တပ်များကို မည်သို့ကိုင်တွယ်မည်ကို စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။ ထို့အပြင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း

အီရန်အပေါ် အစ္စရေး၏ တိုက်ခိုက်ရေးအစီအစဉ်နှင့် ပတ်သက်၍ အမေရိကန်အစိုးရ၏ ထိပ်တန်းလျှို့ဝှက်အချက်အလက်များ အင်တာနက်ပေါ်တွင် ပေါက်ကြား

  • 2024 ခုနှစ်၊ အောက်တိုဘာလ 20 ရက်
  • 1.50K Views
အောက်တိုဘာလ (၂၀) ရက်။ အီရန်အပေါ် အစ္စရေး၏ တိုက်ခိုက်ရေးအစီအစဉ်နှင့် ပတ်သက်၍ အမေရိကန်အစိုးရ၏ ထိပ်တန်းလျှို့ဝှက်အချက်အလက်များ အင်တာနက်ပေါ်တွင် ပေါက်ကြားခဲ့ပြီး အာဏာပိုင်များက စုံစမ်းစစ်ဆေးလျက်ရှိသည်ဟု ဤကိစ္စနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိသူသုံးဦးက ပြောဆိုထားပါသည်။ တစ်ဦးမှ အချက်အလက်များ၏ စစ်မှန်ကြောင်း အတည်ပြုခဲ့သည်။
နိုင်ငံတကာသတင်း အာရှ ဥရောပ

ယူကရိန်းစစ်ပွဲမှာ ရုရှားကို ကူညီဖို့ မြောက်ကိုရီးယားက တပ်ဖွဲ့ဝင် ၁၅၀၀ စေလွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားထောက်လှမ်းရေးအေဂျင်စီပြော။

  • 2024 ခုနှစ်၊ အောက်တိုဘာလ 19 ရက်
  • 1.50K Views
အောက်တို ဘာလ (၁၉) ရက်။ မြောက်ကိုရီးယားသည် ရုရှားနိုင်ငံသို့ စစ်သား ၁,၅၀၀ စေလွှတ်လေ့ကျင့်ရန် စေလွှတ်လိုက်ကြောင်း တောင်ကိုရီးယားထောက်လှမ်းရေး အေဂျင်စီက သောကြာနေ့တွင် ပြောကြားပြီး ယင်းလှုပ်ရှားမှုသည် မော်စကိုနှင့် ယူကရိန်းစစ်ပွဲတွင် ‌မြောက်ကိုရီးယား၏ စစ်ရေးပါဝင် ပတ်သက်မှု၏
နိုင်ငံတကာသတင်း အာရှ

ကြေးနီဝါယာကြိုး ခိုးယူမှုဖြင့် ထိုင်းနိုင်ငံသားလေးဦးကို ဖမ်းဆီး

  • 2024 ခုနှစ်၊ အောက်တိုဘာလ 18 ရက်
  • 1.52K Views
အောက်တိုဘာလ (၁၈) ရက်၊ တိုကျို။ တိုကျို၊ ဟီနိုဒေ့မြို့ရှိ ဆိုလာစွမ်းအင်ထုတ်လုပ်သည့်စက်ရုံမှ မီတာ ၈၄၀ ခန့်ရှိသော ကြေးနီကေဘယ်ကြိုးကို ခိုးယူမှုဖြင့် ထိုင်းလူမျိုး သူခိုးအုပ်စုလေးဦးကို ဂျပန်ရဲများက ဖမ်းဆီးခဲ့သည်။ မြို့တော်ရဲဌာနသည် တိုကျိုနှင့် စီရင်စု ၇