နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 7 ရက်

မြန်မာသတင်း

မြန်မာသတင်း

ယင်းမာပင်မှာ NUG လက်အောက်ခံ ပသုံးလုံးအဖွဲ့တွေ တမိုင်မှာ ဂိတ်သုံးခုဖွင့်ပြီး အခွန်တွေကောက်နေဟုဆို

ဇူလိုင်လ (၉) ရက်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ NLD အမတ် ဒေါ်အေးစန္ဒာကျော်နဲ့ မြို့နယ်ပကဖ ဦးဇော်ထူးအောင် ဦးဆောင်ပြီး အခွန်တွေ မတရားကောက်နေတယ်လို့ ဒေသခံတွေက အထောက်အထားတွေနဲ့တကွ ပေးပို့လာပါတယ်။

ပသုံးလုံးတွေ တိုက်ဆောက်၊ ကားစီး၊ ပေါင်ထားတဲ့ မြေတွေရွေးပြီး ချမ်းသာနေကြပေမယ့် ပြည်သူတွေကတော့ ပြာကျနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

ယင်းမာပင်မြို့နယ် ပအဖရဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့ အစည်းအဝေ ဆုံးဖြတ်ချက်အရ ဂိတ်တွေသတ်မှတ်ပြီး အခွန်ကောက်ခံခွင့် ပေးလိုက်တယ်လို့ သိရပါတယ်။

ကျော်မှော် ၊ ထရော်ကျင်း၊ ထဲပင်ကန်၊ ကျောက်ပြုတ်လမ်းခွဲ၊ တိုက်နယ် (၂)၊ လည်ငေါက်၊ ဆင်နွယ်နဲ့ တိုက်နယ် (၆) သယံဇာတ အခွန်တော်ဂိတ် (၈) ဂိတ်ဖွင့်ပြီး ကောက်နေတယ်လို့ သိရပါတယ်။

တကယ်တမ်းမှာတော့ ၁ မိုင်ကို ဂိတ် ၃ ခုဖွင့်ပြီး အခွန်တွေ ကောက်နေတယ်လို့ သိရပါတယ်။

သတ်မှတ်ထားတဲ့အခွန်နှုန်းတွေကတော့ ဝါး၊ ထင်းကား၊ ကားလေး ထော်လာဂျီတစ်စီး ကျပ် ၂ သောင်း၊ ၆ ဘီးကားတစ်စီး ၃ သောင်းကျပ်၊ ၁၀ ဘီးနဲ့ အထက်ကားတစ်စီး ၄ သောင်းကျပ်၊ မီးသွေးအိတ် (၁) အိပ် ၁၀၀ ကျပ်၊ အိမ်တိုင်တဲတိုင်မျောတစ်လုံး ၅၀၀ ကျပ်၊ ကွမ်းခြံတိုင်မျော ကားလေး၊ ထော်လာဂျီ ၃ သောင်းကျပ်၊ ၆ ဘီးကားတစ်စီး ၄ သောင်းကျပ်၊ ၁၀ ဘီးနဲ့ အထက်ကားတစ်စီး ၅ သောင်းကျပ်ဆိုပြီး ကောက်ယူဖို့ သတ်မှတ်ထားပါတယ်။

ကုန်တင်ကား၊ ခွေးဘီလူးကား၊ လိုက်ထရပ်၊ မှန်လုံကားငယ်တွေကို ၅ သောင်းကျပ်၊ မှန်လုံကားကြီး၊ ၆ ဘီး၊ ဘော်ဒီအတိုနဲ့ ကြက်ပေါက်သယ်ကား ၁ သောင်းကျပ်၊ ကုန်တင် ၆ ဘီးကား ဘော်ဒီအရှည် ၂ သောင်းကျပ်၊ ဆီဘောက်ဆာကားတွေကို ၁ သိန်းကျပ်ကနေ ၂ သိန်း ၈ သောင်းကျပ်အထိ ကောက်ယူနေတယ်လို့ သိရပါတယ်။

အိမ်မှာမွေးထားတဲ့နွားတွေ တရွာနဲ့ တရွာသယ်ရင် နွားတစ်ကောင် ၁၅၀၀၀ ကျပ်၊ အိမ်မွေးဝက် တစ်ကောင် ၃၀၀၀ ကျပ်နဲ့ ခရီးသည်ကား ၁၅၀၀၀ ကျပ်အထိ ကောက်ယူနေလို့ ဒေသခံတွေ အလွန်စိတ်ပျက်ဒုက္ခရောက်ရတယ်လို့ ပြောပါတယ်။

အဲ့ဒီထက် ပိုဆိုးတာက ယင်းမာပင်အနောက်ခြမ်းက သစ်တွေကို ပသုံးလုံး လက်မှတ်တွေနဲ့ ရွာတွေကို ဖြတ်သန်းသယ်ယူ ခိုးထုတ်နေတယ်လို့ သိရပါတယ်။ ခိုးထုတ်သစ်တွေက ဒေသခံတွေခေါ်တဲ့ လေးထောင့်သစ်တွေ ဖြစ်တယ်လို့ သိရပါတယ်။

မြမြစန်း လမ်းသုံးဆယ်ဂိတ်လို့ ဒေသခံတွေခေါ်တဲ့ အခွန်ဂိတ်ဆိုရင် ယင်းမာပင် ၂၁ ယောက် လူသတ်မှုမှာ တာဝန်ရှိတဲ့ သပြေအေးဘုန်းကြီးရဲ့ တပြည့်ဖြစ်တဲ့အတွက် အားလုံးက ကြောက်နေရပြီး အခွန်မဆောင်ရင် လှည့်ပြန်ရတယ်လို့ ဆိုပါတယ်။

NUG အစိုးရအနေနဲ့ မြေပြင်ဆင်းပြီး မတရား အခွန်အကောက်နေတဲ့ ပသုံးလုံးအဖွဲ့တွေကို အရေးယူပြီး ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ကူညီပေးစေလိုတယ်လို့ ပြောပါတယ်။

ပသုံးလုံးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး သစ်တွေ ခိုးထုတ်နေတာတွေကိုလည်း စိစစ်အရေးယူပေးစေလိုတယ်လို့ ပြောပါတယ်။

ဓာတ်ပုံ။

ခိုးထုတ်သစ်များနဲ့ အခွန်ကောက်ခံခြင်းဆိုင်ရာ ကြေညာချက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 59 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 55 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 52 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 54 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 46 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 55 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 50 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 42 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို