ဇူလိုင်လ (၉) ရက်။
ယောကာကွယ်ရေးတပ် (YDF) က ရဲဘော်နှစ်ဦးအား Chin National Army (CNA) က ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၇) ရက်နေ့ နေ့လည်ပိုင်းအချိန်မှာ အကြောင်းမဲ့ ဖမ်းဆီးသွားတာကို ပြည်သူလူထုကို အသိပေးထုတ်ပြန်ပါတယ်။
YDF ရဲဘော်နှစ်ဦးဖြစ်တဲ့ ရဲဘော် ကိုအောင်သက်ခိုင်နဲ့ ရဲဘော် ကိုအုပ်သိမ်းတို့နှစ်ဦးဟာ ယောဒေသနဲ့ ချင်းပြည်နယ် နယ်စပ်မျဉ်းအနားရှိတဲ့ ရောင်နက်ကျေးရွာ အနီးတဝိုက်ကို YDF က ပေးအပ်ထားတဲ့ တာဝန်နဲ့ သွားရောက်နေစဉ် CNA က အကြောင်းမဲ့ ဖမ်းဆီးလိုက်တာလို့ ဖော်ပြထားပါတယ်။
YDF ဘက်က CNA ရှိ သက်ဆိုင်ရာ ခေါင်းဆောင်တွေကို ချိတ်ဆက်မေးမြန်းတဲ့အခါ “မင်းတို YDF နဲ့ စကားပြောချင်လို အခုလို ဖမ်းဆီးရတာဖြစ်တယ်” လို့ အကြောင်းပြန်လာခဲ့တယ်လို့ ဆိုပါတယ်။
YDF အနေဖြင့် တော်လှန်ရေး ဘက်တော်သား အချင်းချင်း အခုလို အကြောင်းမဲ့ ဖမ်းဆီးတဲ့ CNA ရဲ့ လုပ်ရပ်ဟာ တော်လှန်ရေးအဖွဲအစည်းတွေအတွင်း မဖြစ်သင့်ဘဲ တော်လှန်ရေးအဖွဲတွေဟာ “ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ” တစ်ဖွဲရဲ့ လိုအပ်ချက်ကို တစ်ဖွဲက ကူညီခြင်းကသာ တော်လှန်ရေးကို အားပေးရာရောက်ပြီး ဘုံရန်သူကို ဖြိုချနိုင်မယ်လို့ ဆိုထားပါတယ်။
အခုလို တော်လှန်ရေး အဖွဲအစည်းများအတွင်း မညီမညွတ် ဖြစ်နေပါက ရန်သူအားရတဲ့အလုပ် ဖြစ်တာကို အထူးသတိပြုစေလိုတယ်လို့ ဆိုထားပါတယ်။
CNA က ဖမ်းဆီးထားတဲ့ ရဲဘော်နှစ်ဦးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။