ဇူလိုင်လ (၉)ရက်။
MDY-PDF သိမ်းပိုက်ထားတဲ့ မတ္တရာမြို့က ရေနံ့သာတိုးဂိတ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေ အထိအခိုက်များစွာနဲ့ ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ရေနံ့သာတိုးဂိတ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရကာ စစ်ကောင်စီရဲ့ အလောင်း (၁၂)လောင်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ မတ္တရာမြို့က အုတ်ဖို(ရွာသစ်)ကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တစ်ဦး သေဆုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး မတ္တရာမြို့ သန်းကုန်းကျေးရွာကိုလဲ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ကျေးရွာစာသင်ကျောင်းအပါအ၀င် အရပ်သားပြည်သူနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် စဉ့်ကူးမြို့နယ်ထဲက ပင်လယ်ကြီးစခန်းကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို လိုက်လံချေမှုန်းခဲ့ကာ စစ်ကောင်စီဗိုလ်ကြီးတစ်ဦးအပါအ၀င် (၄)ဦးခန့် ဖမ်းမိခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။