ဩဂုတ်လ (၉)ရက်။
မနေ့က ညနေပိုင်းကစပြီး ရေးမြို့နယ်ရှိ မြို့ဟောင်းကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ မွန်ပြည်သစ်ပါတီ(AD)နဲ့ YPDF ပူးပေါင်းတပ်တို့ တ်ုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒီကနေ့မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
ရေးမြို့နယ်ရှိ ကမော့ကနင်ကျေးရွာအခြေချ စစ်ကောင်စီရဲ့ ခလရ(၁၀၆)နဲ့ ခမရ(၅၈၈)တို့ ပူးပေါင်းအင်အားဖြည့်ထားတဲ့ အင်အား (၁၂၀)ခန့်ဟာ မြို့ဟောင်းကျေးရွာကို ၀င်ရောက်လာခဲ့တာလို့ ဆိုပါတယ်။
မြို့ဟောင်းကျေးရွာကို ၀င်ရောက်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ဟာ ညနေ (၃)နာရီအချိန်ကစပြီး ည (၉)နာရီခွဲအထိ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၆)ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သလို YPDF က တော်လှန်ရေးရဲဘော်တစ်ဦး တိုင်းပြည်နဲ့လူမျိုးအတွက် အသက်ပေးလှူသွားခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒီကနေ့ နံနက် (၇)နာရီခွဲအချိန်မှာတော့ စစ်ကောင်စီတပ်တွေဟာ မြို့ဟောင်းကျေးရွာကနေ ဆုတ်ခွာသွားခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ(AD)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။