နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 14 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပင်လည်ဘူးမြို့ကို (၅၃)ရက်ကြာ တိုက်ခိုက်ခဲ့ပြီး အလုံးစုံထိန်းချုပ်နိုင်ခဲ့တယ်လို့ စစ်ကိုင်းတိုင်းပကဖထုတ်ပြန်၊

မြို့သိမ်းတိုက်ပွဲထဲ စစ်ကောင်စီက တပ်ရင်း (၁၁)ရင်းအထိ စစ်ကူလာခဲ့ပြီး လေကြောင်းကနေ ဗုံးအလုံးရေ (၃၀၀၀)ကျော် ကြဲချတိုက်ခိုက်ခဲ့

အောက်တိုဘာလ (၉)

ပင်လည်ဘူးမြို့ကို ပဉ္စမအကြိမ် စတင်တိုက်ခိုက်ခဲ့ကာ အောက်တိုဘာလ (၈)ရက်နေ့မှာ တော်လှန်ရေးတပ်ဖွဲ့တွေက အလုံးစုံထိန်းချုပ်လိုက်ပြီဖြစ်တယ်လို့ စစ်ကိုင်းတိုင်းပကဖရဲ့ ဒီကနေ့မှာ အတည်ပြုထုတ်ပြန်ထားချက်အရ သိရပါတယ်။

ပင်လည်ဘူးမြို့ကို (၅၃)ရက်ကြာ တိုက်ပွဲတွေ နေ့တိုင်းဆင်နွှဲခဲ့ပြီးနောက် ရဲစခန်းနဲ့ စစ်ကူလာတဲ့ ဘဏ်ကုန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒဏ်ရာရသူတွေ၊ မိသားစုဝင်တွေနဲ့ ရိက္ခာပြတ်လပ်တာတွေကြောင့် လက်နက်ချ ဆုတ်ခွာခွင့်ပြုဖို့ ခွင့်တောင်းလာခဲ့တယ်လို့ ဆိုပါတယ်။

အောက်တိုဘာလ (၇)ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လက်နက်ချအညံ့ခံဖို့ ခွင့်တောင်းလာတာကြောင့် စီစဉ်ဆောင်ရွက်ပေးခဲ့ကာ လက်နက်ချသူတွေကို ဝန်းသိုမြို့ကို ဆုတ်ခွာခွင့်ပေးခဲ့ပြီး ဖမ်းဆီးရမိခဲ့တဲ့ သုံ့ပန်းတွေကို ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

ပင်လည်ဘူးမြို့ထဲ စစ်ကောင်စီရဲ့ ခမရ(၃၀၁)၊ ခမရ(၁၀၁)၊ ခမရ(၁၁၁)၊ SNA တပ်ရင်း(၆၁၄)နဲ့ ရဲတပ်ဖွဲ့တို့ပါဝင်ပြီး စစ်ကူ (၄)ကြိမ်လာရောက်ခဲ့ကာ စစ်ကူတပ်ရင်း (၁၁)ရင်းခန့်အထိရှိခဲ့တယ်လို့ ပြောဆိုထားပါတယ်။

စစ်ဆင်ရေးကာလထဲ လေယာဥ်အမျိုးအစား စုစုပေါင်း (၁၃၀)ကျော်နဲ့ ပေါင် (၅၀၀၊ ၃၀၀၊၂၀၀) အပါအဝင် စုစုပေါင်း ဗုံးအလုံးရေ (၃၀၀၀)ကျော် ကြဲချပစ်ခတ်တိုက်ခိုက်ခဲ့သလို အခုအချိန်ထိလဲ ပစ်ခတ်နေတယ်လို့ ဖော်ပြထားပါတယ်။

တိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေထံက လက်နက် (၄၀၀)ကျော် သိမ်းဆည်းရမိခဲ့ပြီး စစ်ကူစစ်ကြောင်းတခုလုံးကို ချေမှူန်းဖမ်းဆီးရမိခဲ့ကာ သုံ့ပန်းအမြောက်အမြားဖမ်းမိခဲ့သလို အလင်းဝင်ပူးပေါင်းတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလဲ ရှိခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီ နောက်ဆုံးအခြေပြုတဲ့ ရဲစခန်းထဲကနေ ဘိန်းဖြူခွက်ရေ (၈၀)ခန့် သိမ်းဆည်းရမိခဲ့တယ်လို့ သိရပြီး တိုက်ပွဲထဲ စွမ်းစွမ်းတမံ ပါဝင်တိုက်ခိုက်ခဲ့တဲ့ တော်လှန်ရေးရဲဘော်တွေနဲ့ ပြည်သူတွေကို လေးစားချီးကျူးဂုဏ်ပြုတယ်လို့ ပြောဆိုထားပါတယ်။

မြို့သိမ်းတိုက်ပွဲထဲ KIA အပါအဝင် အမှတ်(၁)စစ်ဒေသ ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းတပ်ဖွဲ့တွေ၊ တိုင်း PDF ဒရုန်းတပ်ဖွဲ့၊ ကန့်ဘလူခရိုင်ပကဖ၊ ရွှေဘိုခရိုင်ပကဖ၊ ကောလင်းခရိုင်ပကဖတပ်ဖွဲ့ဝင်တွေနဲ့ ပလဖတွေ ပါဝင်တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 95 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 90 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 81 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 75 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 63 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 81 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 61 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို