နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

တောင်ငူမြို့နယ်ထဲ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ဒေသခံထောင်နဲ့ချီ ဘေးလွတ်ရာထွက်ပြေးနေရ

နိုဝင်ဘာလ (၉)ရက်။

မနေ့က နံနက်ပိုင်းအချိန်ကစပြီး တောင်ငူမြို့ အိုင်ဇောက်ရွာဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် အနီးရှိကျေးရွာတွေက ဒေသခံထောင်နဲ့ချီ ထွက်ပြေးနေကြရတယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

“ မနေ့က နံနက်အစောပိုင်းထဲက အိုင်ဇောက်ရွာမှာ အထိုင်ချထားတဲ့ စကစတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်တာ၊ စကစဘက်က လက်နက်ကြီးတွေကြောင့် ဒေသခံတွေ ထိခိုက်တာတွေလဲရှိတယ်။ နောက်ပြီး အနီး‌ရွာက ဒေသခံတွေပါ ထွက်ပြေးနေရတယ်” လို့ စစ်ဘေးရှောင်‌တွေကို ကူညီပေးနေသူတစ်ဦးက ဆိုပါတယ်။

အိုင်ဇောက်ရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး မနေ့က စစ်ကောင်စီဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် အရပ်သား (၄)ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ နံနက်ပိုင်းအချိန်မှာလဲ စစ်ကောင်စီဘက်က လက်နက်ကြီး ပစ်ခတ်တာတွေရှိနေပြီး အိုင်ဇောက်ရွာအပါအဝင် ကမ်းနီရွာ၊ ကရင်နီကုန်းရွာ၊ သက်ကယ်ကျင်းရွာနဲ့ ညောင်စခန်းရွာတို့က ဒေသခံထောင်နဲ့ချီ ဘေးလွတ်ရာကို ထွက်ပြေးနေကြရပါတယ်။

တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာလာတဲ့ ဒေသခံတွေကို လူမှုကူညီရေးအသင်းတွေက တောင်ငူမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းတွေအပါအဝင် ဘေးလွတ်ရာကျေးရွာတွေမှာ နေရာချထားပေးကာ နေထိုင်စားသောက်ရးနဲ့ အဝတ်အစား‌တွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ အိုက်ဇောက်ကျေးရွာမှာ စခန်းအထိုင်ချပြီး ကျေးရွာတွေကို စစ်ကြောင်းထိုးလာတာကြောင့် တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားတာဖြစ်ပြီး တိုက်ပွဲထဲ လက်နက်ကြီးတွေနဲ့ပါ ရမ်းသန်းပစ်ခတ်နေတာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မတ္တရာမှာ အင်အား (၇၀)ကျော်ပါ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က (၁၂)ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 21 ရက်
  • 9 Views
နိုဝင်ဘာလ (၂၁)ရက်။ နိုဝင်ဘာလ (၁၇)ရက်နေ့ နံနက်ပိုင်းအချိန်က မတ္တရာမြို့နယ်ရှိ ဆောက်ခြုံပေါက်ရွာမှာ အင်အား (၇၀)ကျော်ပါ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသရဲ့
မြန်မာသတင်း

မင်းတုန်းမြို့နယ်ထဲ ဘယ်လက်နက်ကိုင်အဖွဲ့မဆို စခန်းချနေထိုင်လိုရင် သက်ဆိုင်ရာဒေသတာဝန်ရှိသူတွေဆီ ခွင့်ပြုချက်ယူရမယ်လို့ မြို့နယ်ပကဖထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 21 ရက်
  • 10 Views
နိုဝင်ဘာလ (၂၁)ရက်။ မင်းတုန်းမြို့နယ်ထဲ ဘယ်အဖွဲ့မဆို လက်နက်တွေနဲ့ သွားလာတာ၊ စစ်ရေးလှုပ်ရှားတာနဲ့ စခန်းချနေထိုင်လိုရင် သက်ဆိုင်ရာဒေသတာဝန်ရှိသူတွေက သဘောတူခွင့်ပြုမှသာ ပြုလုပ်ဖို့ မြို့နယ်ပကဖရဲ့
မြန်မာသတင်း

မြင်းခြံမြို့ (၇)ရက်တာတိုက်ပွဲထဲ စစ်ကောင်စီရဲ့ (၂)ပွင့်ဗိုလ်အပါအဝင် (၃၆)ဦး သေ‌ဆုံးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 21 ရက်
  • 3 Views
နိုဝင်ဘာလ (၂၁)ရက်။ နိုဝင်ဘာလ (၁၁)ရက်နေ့ကစပြီး (၁၈)ရက်နေ့အထိ မြင်းခြံမြို့တောင်ဘက် (၅)မိုင်ခန့်အကွာက Myingyan Black Tiger ရဲ့ စစ်ကြောင်း(၃) စစ်ရေးလှုပ်ရှားနယ်မြေထဲကို စစ်ကောင်စီက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီတိုက်ပွဲထဲ တော်လှန်ရေးတပ်တွေဘက်က ခုခံစစ်အနေနဲ့ တိုက်ခိုက်ခဲ့ရာ
မြန်မာသတင်း

မလိုအပ်တဲ့ အသုံးစရိတ်တွေ မသုံးစွဲကြဖို့ ဒုစစ်ခေါင်းဆောင် ညွှန်ကြား

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 21 ရက်
  • 6 Views
နိုဝင်ဘာလ (၂၁)ရက်။ ဝန်ကြီးဌာနတွေနဲ့ အဖွဲ့အစည်းတွေအနေနဲ့ မလိုအပ်တဲ့ အသုံးစရိတ်တွေ မသုံးစွဲကြဖို့ ဒုစစ်ခေါင်းဆောင် စိုးဝင်းက မနေ့ကပြုလုပ်တဲ့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အစည်းအဝေးမှာပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ရဲ့ မူလခန့်မှန်းခြေနဲ့ ပြုပြင်ပြီးခန့်မှန်းခြေကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် မူလက
မြန်မာသတင်း

အာရက္ခရေပိုင်နက်ထဲ ဝင်ရောက်ငါးခိုးဖမ်းတဲ့ ဘင်္ဂလားဒေ့ရှ်ရေလုပ်သား (၂၀)ဦးကို AA က ပြန်လွှဲပြောင်း

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 21 ရက်
  • 3 Views
နိုဝင်ဘာလ (၂၁)ရက်။ နိုဝင်ဘာလ (၇)ရက်နေ့က ‌အာရက္ခရေပိုင်နက်ထဲ ကျုးကျော်ဝင်ရောက်ပြီး ငါးခိုးဖမ်းတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရေလုပ်သား (၂၀)ဦးကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ထံ ပြန်လည်အပ်နှံခဲ့တယ်လို့ AA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နိုဝင်ဘာလ (၅)ရက်နေ့က ငါးခိုးဖမ်းနေတဲ့
မြန်မာသတင်း

လာမယ့်ရွေးကောက်ပွဲမှာ နိုင်ငံတကာက လေ့လာရေးအဖွဲ့တွေကို ဖိတ်ခေါ်သွားမယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 14 Views
နိုဝင်ဘာလ (၂၀)ရက်။ လာမယ့်ရွေးကောက်ပွဲမှာ နိုင်ငံတကာက လေ့လာအကဲခတ်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေကို ဖိတ်ခေါ်သွားမယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ မနေ့ကပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောဆိုထားချက်အရ သိရပါတယ်။ အဲ့ဒီအစည်းအဝေးမှာ တရုတ်နိုင်ငံခရီးစဉ်နဲ့ပတ်သက်ပြီး ပြောဆိုခဲ့သလို တရုတ်ဝန်ကြီးချုပ်အပါအဝင် (၄)နိုင်ငံက ဝန်ကြီးချုပ်တွေနဲ့ သီးခြားတွေ့ဆုံချိန်
မြန်မာသတင်း

၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲက‌နေ စုံစမ်းတွေ့ရှိတဲ့ မဲစာရင်းတွေကို လေ့လာနိုင်ဖို့ဆိုပြီး စစ်ကောင်စီပြင်ဆင်နေ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 9 Views
နိုဝင်ဘာလ (၂၀)ရက်။ ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲက မဲစာရင်းတွေကို ‌လေ့လာနိုင်ဖို့ဆိုပြီး  Website နဲ့ Mobile Application တို့ကို စစ်ကောင်စီက ပြင်ဆင်နေတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီဟာ ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲစာရင်းတွေနဲ့ပတ်သက်ပြီး
မြန်မာသတင်း

တန့်ယန်းမှာ ကျားဖျန့်လုပ်ကိုင်သူ (၁၀၀၀)ကျော်ကို “ ဝ” တပ်ဖမ်းဆီး၊ တရုတ်နိုင်ငံသား (၇၀၀)ကျော်ကို တရုတ်လက်ထဲ လွှဲပြောင်းပေးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 8 Views
နိုဝင်ဘာလ (၂၀)ရက်။ “ ဝ” တပ် UWSA ဝင်ရောက်ခဲ့တဲ့ တန့်ယန်းမြို့ထဲ ကျားဖျန့်လုပ်ကိုင်တဲ့ တရုတ်နိုင်ငံသားတွေအပါအဝင် (၁၀၀၀)ကျော်ကို ဖမ်းဆီးရမိခဲ့တယ်လို့ WSTV ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ UWSA တပ်စွဲကင်းလှည့်နေတဲ့ တန့်ယန်းမြို့အနီးတဝိုက်မှာ