နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 26 ရက်

ဆောင်းပါးများ

ဆောင်းပါးများ နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဆီးရီးယား အတိုက်အခံခေါင်းဆောင် အဘူမိုဟာမက်အယ်ဂျူလာနီ ပြောကြားခဲ့သည့်အချက်များကို မြန်မာနိုင်ငံနှင့် ချိန်ထိုးလေ့လာခြင်း

+++++++++++++++++++++++++++++++++++++++++++

(ဆောင်းပါး)

အယ်ဂျူလာနီက “ပြည်တွင်းပေါင်းစည်းရေး အမြင်တွေနဲ့ ဆီးရီးယား လွတ်မြောက်နယ်မြေအတွင်း အဖွဲ့အစည်းဆိုင်ရာ အင်စတီကျူးရှင်းတွေ တည်ထောင်မှုတွေ လုပ်ခဲ့တယ်” လို့ ဆိုတယ်။

သူပြောတဲ့ပြည်တွင်းပေါင်းစည်းရေးဆိုတာ ပြည်တွင်းမှာရှိတဲ့ တော်လှန်‌ရေးအဖွဲ့အစည်းတွေ ပေါင်းစည်းရေးကို ဆိုလိုတယ်၊ တနည်းပြောရရင် ညီညွတ်ရေးတည်ဆောက်ဖို့ပေါ့။

သူက “ဒီလို အင်စတီကျူးရှင်းတွေ တည်ထောင်ရာမှာ စစ်ဘက်ဆိုင်ရာအဖွဲ့ခွဲတွေအတွင်း ပြန်လည် ဖွဲ့စည်းတာတွေလည်း ပါဝင်ပါတယ်။ အဲ့ဒီလို ပူးပေါင်းတပ်ဖွဲ့တွေကို လေ့ကျင့်ပေးတဲ့ စခန်းတွေနဲ့ စစ်စည်းကမ်းကို လိုက်နာမှုဟာလည်း တိုးတက်ဖွံ့ဖြိုးလာခဲ့ပါတယ်” လို့ဆိုခဲ့ပါတယ် ဒီအချက်က အရေးကြီးတယ် တော်လှန်ရေး အောင်မြင်ဖို့ အဖွဲ့အစည်းဆိုင်ရာ အင်စတီကျူးရှင်းတွေ တည်ထောင်ထားရမယ် ခိုင်မာမှုလည်ပတ်မှုရှိနေရမယ်။ အထူးသဖြင့် စစ်ဖက်ဆိုင်ရာတပ်ဖွဲ့တွေကို ပြန်လည်ဖွဲ့စည်းတာတွေ ပူးပေါင်းစစ်ရေး လေ့ကျင့်မှုတွေ စစ်ပုံကျအောင် ပျိုးထောင်ပေးမှုနဲ့ အမိန့်နာခံမှုတွေ စစ်စည်းကမ်းလိုက်နာမှုတွေ စံနစ်တကျ ဖြစ်လာရင် တော်လှန်ရေးကို အရှိန်အဟုန်နဲ့ လုပ်လာနိုင်မှာ ဖြစ်တယ်။

ဂျူလာနီက “ဒီလိုစည်းကမ်းတွေနဲ့ ဘုရားသခင်ရဲ့ လမ်းညွှန်မှုနဲ့ သူတို့ တိုက်ပွဲဝင်တဲ့အခါ စည်းစနစ်ကျနစွာ တိုက်နိုင်ခဲ့တယ်။ အစီအစဥ်တွေကို အောင်မြင်ဖို့ အကောင်အထည်ဖော်ရာမှာ လျှင်မြန် ရှင်းလင်းစွာနဲ့ အမိန့်ပေးမှုတွေကို ဆက်သွယ်ကွပ်ကဲနိုင်ခဲ့ပါတယ်”။ သူ့တပ်တွေက ရပ်သင့်တဲ့နေရာမှာ သူတို့က ရပ်ပြီး ဆုတ်သင့်တဲ့နေရာမှာ သူတို့က ဆုတ်ပါတယ်။ “တော်လှန်ရေးဟာ မငြိမ်မသက်ဖြစ်မှုနဲ့ ကြုံရာကျပန်း လုပ်ဆောင်ခဲ့တဲ့အခြေအနေကနေ အမိန့်နာခံမှုရှိတဲ့ စည်းစနစ်ကျမှုက အရပ်ဖက်နဲ့ အင်စတီကျူးရှင်းကိစ္စရပ်တွေသာမက စစ်ဘက်ဆိုင်ရာ စစ်ဆင်ရေးတွေမှာလည်း အလားတူ အခြေအနေကို ကူးပြောင်းနိုင်ခဲ့ပါတယ်” လို့ ဂျူလာနီက ပြောတာကိုလေ့လာရင် အမိန့်နာခံမှုရှိတဲ့ စည်းစနစ်ကျမှုက ဘယ်လောက် အရေးကြီးတယ် ဆိုတာကိုပြသခဲ့တယ်။

ဒီနေရာမှာ တစ်ခုပြောလိုတာက စစ်တိုက်မယ်ဆိုရင် စစ်ပုံကျဖို့နဲ့ အမိန့်နာခံမှုရှိဖို့ လိုပါတယ်။ မြေပြင်က တော်လှန်ရေးသမားတွေနဲ့ စကားပြောတုန်းက မြို့သိမ်းတိုက်ပွဲတွေ အထူးသဖြင့် စစ်ကိုင်းမှာ တိုက်နေတဲ့အဖွဲ့တွေမှာ စစ်ပုံမကျ အမိန့်နာခံမှု မရှိကြဘူးလို့ ဆိုကြပါတယ်။ သာဓကတခုက စစ်ကိုင်းက မြို့သိမ်းတိုက်ပွဲနှစ်ခုမှာ ဘန်ကာဖြိုပြီးနေပြီ လက်နက်တွေလည်း တွေ့နေရတဲ့အချိန် ရှေ့တိုးဖို့ အမိန့် ပေးတဲ့အခါ မတက်ဘူးလို့ ဆိုပါတယ်။ ဘယ်လိုမှ လုပ်လို့မရလို့ ပြန်ဆုတ်လာခဲ့ရတယ်လို့ ခေါင်းဆောင်တွေဖက်က သူတို့အတွေ့အကြုံတွေကို မျှဝေဖူးပါတယ်။ စစ်သင်တန်းတက်ပြီး ဘယ်ညာချီတက်တာနဲ့ စစ်တိုက်လို့ မရနိုင်တဲ့အတွက် စစ်ရေးအတွေ့အကြုံ အမိန့်နာခံမှုမရှိရင် စစ်ပွဲတွေ မအောင်မြင်နိုင်ပါဘူး။

အာဆတ်အစိုးရရဲ့ မဟာမိတ်ဖြစ်တဲ့ ရုရှား၊ ဟစ်ဇ်ဘိုလာ၊ အီရန်တို့ အားနည်းသွားပြီး တခြားစစ်ပွဲတွေမှာ နစ်မွန်းနေတာကြောင့် အခု ဆီးရီးယား အစိုးရကိုယ်တိုင်ကလည်း အားပျော့သွားတယ်။ ဒါကိုဂျူလာနီက အခွင့်ကောင်းယူပြီး ထိုးစစ်ကိုဆင်နိုင်ခဲ့တာဖြစ်တယ်။

ဂျူလာနီက သူ့ရန်သူကို သူဘယ်လို မြင်ခဲ့သလဲဆိုတာကို ‌ပြောခဲ့တဲ့စကားကလဲ စိတ်ဝင်စားဖို့ ကောင်းတယ် ကျွန်တော်တို့တော်လှန်ရေးသမားတွေက မိမိရန်သူစစ်အာဏာရှင်မျိုးဆက်ကို ဂျူလာနီက မြင်သလိုမြင်နိုင်ကြဖို့လို သလိုသူလုပ်တဲ့စည်းရုံးနည်းကိုလည်း လေ့လာအတုခိုးနိုင်ဖို့ လိုပါတယ်။

ဂျူလာနီ က “ရှုံးနိမ့်မှုက စစ်အစိုးရရဲ့ အတွင်းထဲမှာ အမြဲရှိနေတယ်။ အဲဒီအချိန်မှစပြီး သူတို့ဟာ မတိုက်ခင်ကတည်းက တိုက်လိုစိတ်က သေဆုံးနေခဲ့ပြီ။ ဒါပေမဲ့ အီရန်တွေက အာဆတ်အစိုးရကို ပြန်လည်အသက်သွင်းဖို့ ကြိုးပမ်းခဲ့ကြပြီး အချိန်ကို ဝယ်ယူနေခဲ့တယ် နောက်ပိုင်းမှာ ရုရှားတွေကလည်း အာဆတ်ကို ပြန်ရှင်သန်လာအောင် ကြိုးစားခဲ့ကြသေးတယ်။ ဒါပေမယ့် အမှန်တရားကတော့ ဒီအစိုးရက သေနှင့်နေခဲ့ပြီ” လို့ ပြောခဲ့တာဟာ မှန်ကန်နေတယ်ဆိုတာ ဆီးရီးယားမြို့တော် ဒမတ်စကပ်ကို ရက်တိုအတွင်း သူတို့ကသိမ်းပိုက်နိုင်ခဲ့တာကို ကြည့်ရင်သိ နိုင်ပါတယ်။

ဒီလိုဘဲမင်းအောင်လှိုင်ရဲ့ အစိုးရအမည်ခံအဖွဲ့ကလည်း သေနေနှင့်ပြီ တရုတ်ကဘယ်လို ကျားကန်ပေးပေး သူတို့က ကျားသေဖြစ်နေပြီ ကိုယ့်ဖက်က စနစ်တကျ အင်စတီကျူးရှင်း တည်ဆောက် မိမိတပ်ဖွဲ့တွေနဲ့ အခြားတော်လှန်‌ရေးတပ်ဖွဲ့တွေကို စုစည်းနိုင်အောင်ကြိုးစား။ တပ်ပေါင်းစုဖွဲ့ပြီး စစ်ပုံကျအောင်လေ့ကျင့်ပေး အင်အားကြီး လာအောင် အမြင်ကျယ်ကျယ်နဲ့ စည်းရုံး၊ တော်လှန်ရေးအဖွဲ့တွေ အားလုံးက သဘောတူညီတဲ့ တပ်ပေါင်းစုအမည်ပေးပြီး တစုတစည်းတည်း ဖြစ်လာအောင် စည်းရုံးပြီး ဖွဲ့စည်းနိုင်ရင် တော်လှန်ရေးအောင်မြင်မှာ မြေကြီးလက်ခတ်မလွဲပါဘဲ။ ငါတို့အဖွဲ့အောက် အကုန်ဝင်ကြ ဆိုရင်တော့ ရွှေပြည်တော် မျှော်တိုင်းဝေးနေအုံးမှာပဲ။

အာဆတ်အစိုးရကို ပစ်ပယ်ထားရာက အာရပ်အသိုင်းအဝိုင်းက သူ့ကိုပြန်လက်ခံခဲ့ပြီး တချို့အာရပ် နိုင်ငံတွေက ဆီရီးယားကို အီရန်ကနေ ခွာထွက်စေချင်တယ် ဒါနဲ့ပတ်သက်ပြီး ဂျူလာနီက “အာရပ်နိုင်ငံအချို့က အာဆတ်အစိုးရကို အီရန်ရဲ့ စီမံကိန်းမှ ခွဲထုတ်ရန် ကြိုးစားခဲ့ကြပါတယ်။ ဒါက မဖြစ်နိုင်ဘူး။ အာဆတ်အစိုးရက လိုလားရင်တောင် အကောင်အထည်မဖော်နိုင်ဘူး။ ဆီရီးယားဟာ အီရန်ရဲ့လက်အောက်ခံ ဆက်ဆံရေးတစ်ခု ဖြစ်တယ်”လို့ဆိုခဲ့တယ်။

အခုမင်းအောင်လှိုင်ဖြစ်နေပုံကလဲ အာဆတ်နဲ့ဆင်ဆင်ပဲ သူကတရုတ်ကြီးကိုခွ ာချင်တာတောင်ခွာလို့မရတဲ့အနေအထားဖြစ်တယ် ဘာကြောင့်လဲဆိုတော့ တရုတ်က မင်းအောင်လှိုင်ကို ကျားကန်ပေးထားပြီး ‌မြောက်ပိုင်း ညီနောင်၂ဖော်ကို ဖိအားပေးပြီး စစ်ကိုရပ်ထားတာဖြစ်တယ်။ ဒါကြောင့် တရုတ်နဲ့မင်းအောင်လှိုင်တို့ ဆက်ဆံရေးက လွတ်လပ်တဲ့နိုင်ငံတနိုင်ငံနဲ့တနိုင်ငံ ဆက်ဆံရေးမဟုတ်ဘဲ တရုတ်လက်အောက်ခံ ဆက်ဆံရေးသာဖြစ်တယ်။ ပြည်တွင်းအခြေအနေအရဆိုရင်တော့ မင်းအောင်လှိုင်ဟာ နိုင်ငံရေးအရ သေနေပြီးသား ရုပ်လောင်းတခုသာဖြစ်တယ်။

ဂျူလာနီဘယ်လို သူ့အဖွဲ့အစည်းကို တိုးချဲ့ခဲ့သလဲဆိုရင် ပထမ သူအယ်ကိုင်ဒါအဖွဲ့ခွဲ ခေါင်းဆောင် အဖြစ် အယ်နူရာတပ်ဦး (al-Nusra Front) ကို ဦးဆောင်နေရာက ထိုအကြမ်းဖက် အဖွဲ့အစည်းတွေ ကနေ ခွဲထွက်ပြီးတဲ့နောက် ၂၀၁၆ ခုနှစ်မှာ အလက်ပိုမြို့ကို အာဆတ်အစိုးရက သိမ်းပိုက်လိုက်ပြီးတဲ့နောက် သူ့အဖွဲ့ကို အီလစ်သို့ ‌ပြောင်းရွေ့ခဲ့ပြီး ဂျက်ဟတ်ဖာတက်အယ်ရှမ် (Jabhat Fateh al-Sham) အဖြစ် အမည်ပြောင်းလဲလိုက်တယ်။

၂၀၁၇ အစောပိုင်းတွင် ထောင်နှင့်ချီသော တိုက်ခိုက်ရေး သမားတွေ အလက်ပိုမြို့ကနေ အီလစ်မြို့ကို ရောက်ရှိလာစုကြတဲ့အခါ အယ်ဂျူလာနီက အဲ့ဒီအဖွဲ့အများအပြားကို သူ့ရဲ့ ကိုယ်ပိုင်အဖွဲ့ နဲ့ပေါင်းစည်းပြီး ဟာယဒ်တာရာအယ်ရှမ် (Hayat Tahrir al-Sham (HTS)) ဖွဲ့စည်းကြောင်း ကြေညာခဲ့ပါတယ်။ ဒီအချက်ကဘာကိုပြသလဲဆိုရင် အဖွဲ့အစည်းအမည်ကအ ရေးမကြီးဘူး အဖွဲ့အင်အားကြီးလာရေးကသာ အရေးကြီးတယ်ဆိုတာပါပဲ။ HTS အဖွဲ့ဖြစ်လာတဲ့အခါ သူကဦးဆောင်ပြီး ဒမတ်စကပ်ကို သိမ်းပိုက်နိုင်ခဲ့တယ်။ ကွဲပြားနေတဲ့ တော်လှန်ရေးအဖွဲ့တွေကို စုစည်းပြီး အများသဘောတူတဲ့ အမည်တခုအောက်မှာ ပေါင်းစည်းတာကို အယ်ဂျူလာနီက အောင်မြင်စွာ လုပ်နိုင်ခဲ့တယ်။ အခုသူနောက်ဆုံးဖွဲ့လိုက်တဲ့ HTS နဲ့ပတ်သက်လို့လည်း သူက အစွဲမထား‌ကြောင်း အဖွဲ့ထက်ဘယ်အရာက အ‌ရေးကြီးတယ်ဆိုတာ သူကအောက်မှာ‌ ပြောပြထားပါတယ်။

“HTS ဟာ တခြားအဖွဲ့တွေလိုပဲ ဒေသတွင်းမှာရှိတဲ့ ဂိုဏ်းခွဲတွေထဲကတစ်ခု ဖြစ်ပါတယ်။ အခု ကျွန်တော်တို့ ပြောနေတာက ပိုပြီးကြီးတဲ့ စီမံချက်တစ်ခု အကြောင်းပါ။ ဒီနေရာမှာ ဆီးရီးယားနိုင်ငံ တည်ဆောက်ရေးအကြောင်း ကျွန်တော်တို့ ပြောနေတာဖြစ်တယ် ဟိုင်အတီရာ ရှမ် (Hiatair Sham- HTS ) ဟာ ဒီဆွေးနွေးမှုရဲ့ အစိတ်အပိုင်း တစ်ခုမျှသာဖြစ်ပြီး ဒီအဖွဲ့ကို အချိန်မရွေး ဖျက်သိမ်းနိုင်ပါတယ်။ HTS ဟာ အဆုံးသတ်အဖွဲ့အစည်းလုပ်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အစိုးရဖွဲစည်း ရာမှာ ရင်ဆိုင်ရမယ့်တာဝန်ကို ပါဝင်လုပ်ဆောင်ဖို့ နည်းလမ်းတစ်ခုသာ ဖြစ်ပါတယ်။ အဲ့ဒီတာဝန် ပြီးမြောက်ပါက အုပ်ချုပ်ရေး၊ အဖွဲ့အစည်း စသဖြင့် အသွင်ကူးပြောင်းသွားမှာ ဖြစ်ပါတယ်” ။

မြန်မာတော်လှန်‌ရေးသမားတွေအနေနဲ့ အတုယူရမဲ့အတွေးအခေါ်တရပ်ကို ဂျူလာနီက အောက်မှာ‌ပြောထားပါတယ်။

“တစ်ခါတစ်ရံမှာ လက်တွေ့ဘဝနဲ့ လိုက်လျောညီထွေရှိဖို့ လိုအပ်ပြီး အချို့အယူအဆတွေနဲ့ သဘောတရားတွေက လိုက်လျောညီထွေ မရှိရင် ဒါကိုတရားသေ ဆုပ်ကိုင်ထားသူတစ်ဦးဟာ ဆီးရီးယားမှာ ဖြစ်ပေါ်နေတဲ့ ရှုပ်ထွေးတဲ့ ပဋိပက္ခတွေ ရှိနေတဲ့ လူ့အဖွဲ့အစည်းတွေကို ထိရောက်စွာ ဦးဆောင်နိုင်ဖို့ ဒါမှမဟုတ် လမ်းပြဦးဆောင်နိုင်ဖို့ မဖြစ်နိုင်တာ‌ကြောင့် လိုက်လျောညီထွေရှိဖို့ လိုအပ်ပါတယ်။”

နိုင်ငံရေးမှာ အလျော့အတင်းရှိတယ်၊ လုပ်နိုင်ရမယ် ကိုယ်ကဘယ်လောက်မှန်နေပါစေ ကိုယ်လိုတဲ့ပန်းတိုင်ရောက်ဖို့ အလျော့အတင်း လုပ်နိုင်မှ အောင်မြင်မယ်ဆိုတာ သတိပြုမိဖို့လိုပါတယ်။

ဂျူလာနီက ဆီးရီးယားက နေပြည်တွင်းစစ်ကြောင့်ထွက်ပြေးသွားကြတဲ့ပြည်သူတွေ သန်းနဲ့ချီပြီး နယ်စပ်စခန်းတွေမှာ နေထိုင်နေကြသူတွေ၊တူရကီ၊ လက်ဘနွန်နဲ့ ဂျော်ဒန်မှာရှိနေတဲ့ ဒုက္ခသည် အများအပြားလည်း ပြန်လာနိုင်သလို ဥရောပရှိ ဒုက္ခသည်တွေလည်း မိမိတို့ရဲ့ နိုင်ငံကို ပြန်လည်တည်ဆောက်ဖို့ ပြန်လာနိုင်ပါတယ်လို့ ဆိုထားတယ်။

ဒီလိုပဲ ကျွန်တော်တို့နိုင်ငံသားတွေ မြန်မာပြည်ကနေ ထွက်ပြေးကြရပြီး ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် အရှေ့အလယ် ပိုင်းတို့မှာ အလုပ်ကျွန်လုပ်နေရသူတွေ နယ်စပ်တွေမှာတဲထိုးပြီး ဒုက္ခသည်အဖြစ် နေနေရသူတွေ ပြန်လာနိုင်အောင် ကျွန်တော်တို့ စိတ်ထားတွေပြောင်းပြီး ဂျူလာနီလို အောင်မြင်အောင် လုပ်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

ထွန်းအောင်ကျော် (၇၄ မျိုးဆက်)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 11 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 27 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 30 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်နှင့် အီရန်တို့ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထရန့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 29 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က “ အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး၊ အီရန်၏ လျှပ်စစ်စွမ်းအင်နှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်ကြာ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း
နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 35 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “ စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “ လက်နက်တင်ပို့မှု
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် သမတ‌ဒေါ်နယ်ထရမ့်က ဟော်မုဇ်ရေလက်ကြားကို ပြန်မဖွင့်ပါက ၄၈နာရီ အတွင်း အီရန်၏အကြီးဆုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးကို ပထမစ၍ တိုက်ခိုက် ဖျက်စီးသွားမည်ဖြစ်ပြီး ကျန်နိုင်ငံအနှံရှိ လျှပ်စစ်ဓာတ်အား ပေးစက်ရုံများကိုလည်း ဆက်တိုက်ဖျက်သွားမည်ဟု ချိမ်းခြောက်ပြောခဲ့သည်။

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 35 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ (၂၂)ရက် အမေရိကန်က လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို ဗုံးကြဲပါက ဟော်မုဇ်ရေလက်ကြားကို ‘အပြီးတိုင် ပိတ်ပစ်မည်’ ဟု အီရန်စစ်တပ် ပြောကြားတုံ့ပြန်လိုက်သည်။ အစ္စရေးတောင်ပိုင်းရှိ မြို့များသို့ အီရန်၏ တိုက်ခိုက်မှုများကြောင့် လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည်။ အီရန်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် သုံးပုံနှစ်ပုံက အီရန်နှင့်စစ်ပွဲကို “ ရွေးချယ်မှုအရတိုက်ခိုက်သောစစ်ပွဲ” ဟု CBS News ၏ စစ်တမ်းအသစ်တွင် ဖော်ပြ

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 37 Views
၂၀၂၆ခုနှစ်၊ မတ်လ ၂၂ရက် CNN- ဂျနီဖာ အာဂီယက်စတာ (Jennifer Agiesta) ရေးသားသည်။ CBS News နှင့် YouGov တို့၏ စစ်တမ်းအသစ်အရ အမေရိကန်နိုင်ငံသား သုံးပုံနှစ်ပုံက အီရန်နှင့်စစ်ပွဲကို လိုအပ်ချက်အရတိုက်ခိုက်ခြင်းထက် မိမိတို့ရွေးချယ်မှုအရ