နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ဘိုင်ဒင်၏ အရပ်သားကာကွယ်ရေးအမိန့်သစ်က အစ္စရေး-ဟားမတ်စ် စစ်ပွဲကို အပြောင်းအလဲ ဖြစ်လာနိုင်မလား။

+++++++++++++++++++++

အမေရိကန်ကအစ္စရေးအတွက် စစ်ရေးအကူအညီပေးရေးတွင် လူ့အခွင့်အရေး အခြေအနေများကို ချိတ်ဆက်ထည့်သွင်းပေးသည့် ဘိုင်ဒင်၏အမိန့်သည် အစ္စရေးနိုင်ငံနှင့်ပတ်သက်ပြီး ဒီမိုကရက်တစ်ပါတီတွင်း အကွဲအပြဲများကို ဖြေလျှော့ပေးခဲ့သည်။

ဖေဖော်ဝါရီလ (၁၀) ရက်။

သမ္မတ ဂျိုးဘိုင်ဒန်၏ ညွှန်ကြားချက်အသစ်သည် ဂါဇာရှိ စစ်ပွဲအတွင်း အစ္စရေး၏စစ်တပ်ကို ထောက်ခံမှုနှင့်ပတ်သက်၍ ဒီမိုကရက်များအကြား သဘောထားကွဲနေမှုကို ပြေလျော့စေသည်ဟု လွှတ်တော်အမတ်များက သောကြာနေ့တွင် နိုင်ငံတကာမှ အရပ်သားများကို အကာအကွယ်ပေးသည့်ဥပဒေကို ချိုးဖောက်သော နိုင်ငံများအတွက် စစ်ရေးအကူအညီ အမြန်ဖြတ်တောက်ရန်ဘိုင်ဒင်၏ အမိန့်ကို ချီးမွမ်းခဲ့ကြသည်။

ဘိုင်ဒင်မှ ဗျူဟာမြောက် အစ္စရေးနှင့် မိတ်ဖက်နိုင်ငံများအတွက် စစ်ရေးအကူအညီကို သတ်မှတ်ထားချက်နှင့်ပေးရန် ကတိကဝတ်ပြုမှုသည် အမေရိကန်၏ ၎င်း၏ ယူကရိန်းနှင့်အစ္စရေးအတွက် စစ်ရေးအကူအညီအဖြစ် အဆိုပြုထားသည့် ဒေါ်လာ ၉၅ ဘီလီယံ အပိုအကူအညီ အစီအစဉ်အတွက် လက်ဝဲယိမ်း အထက်လွှတ်တော် ဒီမိုကရက်များအကြား ထောက်ခံမှု တိုးပွားလာစေမည်ဖြစ်သည်။ ဂါဇာရှိ ဟားမတ်စ်တို့ကို တိုက်ရာတွင် အစ္စရေးကို ထောက်ပံ့ရန်နှင့် ရုရှားကို တိုက်နေသည့် ယူကရိန်းကို ထောက်ပံ့ရန်တို့အတွက် ဖြစ်သည်။

သောကြာနေ့က ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ်များက ဘိုင်ဒင်၏ ညွှန်ကြားချက်ကို ကျယ်ကျယ်ပြန့်ပြန့် ကြီးကြပ်ရန်၊ သတ်မှတ်ရက်များနှင့် အမေရိကန်၏ စစ်ရေးအကူအညီကို အသုံးပြုပြီး နိုင်ငံခြားအစိုးရများက အရပ်သားများကို တိုက်ခိုက်သတ်ဖြတ်ခြင်း မပြုကြောင်း သေချာစေရေး ကြိုးပမ်းမှုများတွင် သမိုင်းဝင်ဖြစ်ခဲ့သည်။

“ဒါဟာ အမေရိကန်ရဲ့ စစ်ရေးအကူအညီနဲ့ အရပ်သားတွေအပေါ် သက်ရောက်မှုရှိပုံနဲ့ ပတ်သက်ပြီးကျယ်ကျယ်ပြန့်ပြန့် ပြောင်းလဲမှုတစ်ခုပါပဲ” ဟု မက်ဆာချူးဆက်ပြည်နယ် အထက်လွှတ်တော်အမတ် အယ်လီဇဘက်ဝါရင် (Elizabeth Warren) က ပြောကြားခဲ့သည်။ မေရီလန်း အထက်လွှတ်တော်အမတ် ခရစ်ဗင်ဟောလန် (Chris Van Hollen) ဦးဆောင်သည့် အားထုတ်မှုဖြင့် အိမ်ဖြူတော်နှင့် နှစ်လကြာ စေ့စပ်ညှိနှိုင်းခဲ့သော အခြားဒီမိုကရက်တစ်များနှင့် လွှတ်တော်ရှိ သတင်းစာရှင်းလင်းပွဲတွင် သူမက ပြောဆိုခဲ့သည်။

လူ့အခွင့်အရေးဆိုင်ရာ လှုံ့ဆော်သူများကလည်း ညွန်ကြားချက်အသစ်အတွက် စိန်ခေါ်မှုသည် အမေရိကန်၏ လက်နက်များနှင့် လူ့အခွင့်အရေးချိုးဖောက်သူများထံမှ ရန်ပုံငွေများကို မရောက်ရန် တားဆီးရန် ယခင်ကြိုးပမ်းမှုအားလုံးနှင့် အတူတူပင်ဖြစ်ကြောင်း၊ အုပ်ချုပ်ရေးပိုင်းမှ မဟာဗျူဟာအရ အရေးပါသော မဟာမိတ်များနှင့် မိတ်ဖက်များအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေများကို အမှန်တကယ် တားဆီးကျင့်သုံးမည်လားဟု လူ့အခွင့်အရေး ထောက်ခံသူများက ပြောကြားခဲ့သည်။

အမေရိကန်၏ စစ်ရေးအကူအညီကို နိုင်ငံတကာဥပဒေကို ချိုးဖောက်ရာတွင် အသုံးပြုနေသည့်လုပ်ရပ်ကို “မည်သည့်အခါမှ အလေးထား လိုက်နာအောင်လုပ်ဆောင်ခဲ့ခြင်းမရှိ” ဟု လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ ၏ အကြီးအကဲဟောင်းနှင့် ပရင့်စတန်းတက္ကသိုလ် ပြည်သူနှင်နိုင်ငံတကာအရေးဌာန၏ ဧည့်ပါမောက္ခ ကက်နက်ရော့သ် (Kenneth Roth) က ပြောကြားခဲ့သည်။ အဆိုပါ အမိန့်အသစ်သည် သမ္မတ၏ တရားဝင်စာချွန်လွှာဟု လူသိများသည်။ ၎င်းတို့တွင် ဥပဒေအရ အင်အားသုံးမှုပါဝင်သည်။ သို့ရာတွင်နောင်တက်လာသော သမ္မတများ သည် ၎င်းတို့အား လွှမ်းမိုးပြောင်းလဲနိုင်သည်။

သမတဘိုင်ဒင်၏အမိန့်သည် ချက်ချင်းအကျိုးသက်ရောက်သည်။ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေနဲ့အညီ အမေရိကန်စစ်ဘက်အကူအညီကို အသုံးပြုနေသည့် အစ္စရေးနှင့် ယူကရိန်းတို့ အပါအဝင် ပဋိပက္ခများ ဖြစ်ပွားနေသည့်နေရာတွင် အမေရိကန်စစ်ဘက်ဆိုင်ရာ အကူအညီများကို နိုင်ငံခြားမှ လက်ခံရရှိသူများထံက “ယုံကြည်စိတ်ချရလောက်သည့်အာမခံချက်” ရရှိရန် နိုင်ငံခြားရေးဝန်ကြီး အင်တိုနီဘလင်ကန်က ထိုနိုင်ငံများမှအာမခံချက်ရရှိဖို့ ကြိုးစားရန်အချိန် ၄၅ ရက် ရရှိထားသည်။ လူ့အခွင့်အရေးဥပဒေနှင့် အခြားစံနှုန်းများပါဝင်သည့် အဆိုပါ အာမခံချက်များကို အချိန်မီ မပေးနိုင်သော နိုင်ငံခြားအစိုးရများသည် အမေရိကန်တို့၏ စစ်ရေးအကူအညီများကို ခေတ္တရပ်ထားခြင်း ခံရမည်ဖြစ်သည်။ နိုင်ငံခြားအစိုးရသည် လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာဥပဒေနှင့် အကာအကွယ်များကို အမှန်တကယ် လိုက်နာခြင်းမရှိဟု ယူဆပါက အုပ်ချုပ်ရေးအဖွဲ့များသည် အမေရိကန်၏ စစ်ရေးအကူအညီကို ဆိုင်းငံ့ထားရန် ရွေးချယ်ခွင့်ရှိသည်။

အခြားလိုအပ်ချက်များတွင် အုပ်ချုပ်ရေးအဖွဲ့မှ ပုံမှန်အစီရင်ခံစာများပါဝင်သည်။ လေကြောင်းရန်ကာကွယ်ရေးစနစ်များနှင့် အခြားသော ကာကွယ်ရေးပစ္စည်းကိရိယာများအတွက် ထောက်ပံ့မှုများသည် ကင်းလွတ်ခွင့်ရှိသည်။

ဘိုင်ဒင်အစိုးရအဖွဲ့သည် အစ္စရေးနှင့် ဟားမတ်စ် စစ်ဖြစ်နေစဉ်အတွင်း ကွန်ဂရက်လွှတ်တော်၏ ပုံမှန်သတိပေးချက်လုပ်ငန်းစဉ်ကို ကျော်လွှားပြီး အမျိုးသားလုံခြုံရေး အရေးပေါ် အခြေအနေ ကြေညာခြင်းဖြင့် အစ္စရေးကို စစ်ရေးအကူအညီ အလျှင်အမြန်ပေးရန် တက်သုတ်ရိုက်လုပ်ဆောင်ခြင်းကြောင့် တချို့သောအထက်လွှတ်တော်အမတ်များကို စိတ်အနှောက်အယှက် ဖြစ်စေခဲ့သည်။

ပါလက်စတိုင်းအရပ်သားများ၏အသက်ချမ်းသာခွင့်ရရှိနိုင်ရေးကို ပိုမိုလုပ်ဆောင်ရန်အတွက် အစ္စရေးအား ဖိအားပေးရန် အစ္စရေးအား ဖြည့်စွက်ထားသော ဥပဒေများတွင် စစ်ဘက်ဆိုင်ရာ အကူအညီများဆိုင်ရာ အခြေအနေများကို ပူးတွဲတင်ပြရန် လွတ်လပ်သော အထက်လွှတ်တော်အမတ် ဘာနီဆန်းဒါး (Bernie Sanders) နှင့် အခြားသူများ၏ လှုပ်ရှားမှုများကို အစိုးရက တိတ်တဆိတ် တွန်းအားပေးခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏စစ်ရေးလှုပ်ရှားမှု စတင်ချိန်မှစ၍ ပါလက်စတိုင်း အမျိုးသမီးများနှင့် ကလေး ၂၈,၀၀၀ နီးပါး သေဆုံးခဲ့ရသည်။ အစ္စရေးမှာ လူပေါင်း ၁၂၀၀ သေဆုံးခဲ့ရသည့် ဟားမတ်စ်တို့၏ အောက်တိုဘာ ၇ ရက်နေ့ တိုက်ခိုက်မှုအပြီးတွင် ဤဤအချက်က နောက်ဆက်တွဲဖြစ်ရပ်ဖြစ်သည်။ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတင်ရာဟု၏အစိုးရသည် ၎င်း၏အရေးအကြီးဆုံး မဟာမိတ်နှင့် စစ်ရေးထောက်ခံသူ အမေရိကန်၏ ဖိအားပေးမှုများကြားမှ အရပ်သားများကို အသက်ဆုံးရှုံးစေသည့် နေ့စဉ်လေကြောင်း တိုက်ခိုက်မှုများကို သိသိသာသာ လျော့ချပေးမည့်ပုံ မပေါ်ပေ။ ဂါဇာကမ်းမြောင်သို့ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပို့ဆောင်ခြင်းအပေါ် အစ္စရေး၏ ပိတ်ပင်ကန့်သတ်ချက်များအပေါ် အမေရိကန်က စိတ်ပျက်နေပါသည်။ ဘိုင်ဒင် က အစ္စရေး၏ စစ်ပွဲအပေါ် ၎င်း၏ အပြင်းထန်ဆုံး ဝေဖန်မှုအချို့ကို ယခုသီတင်းပတ်တွင် ပြောကြားခဲ့ပြီး ၎င်းကို “ အလွန်အကျွံလုပ်ရပ်” ဟု ခေါ်ဆိုခဲ့သည်။

အိမ်ဖြူတော်သတင်းထောက် ကရင်းဂျင်းပီယာ (Karine Jean-Pierre) က အစိုးရအဖွဲ့သည် စစ်ဘက်ဆိုင်ရာအကူအညီအတွက် စံနှုန်းအသစ်များ ချမှတ်ခြင်းမဟုတ်ကြောင်း သောကြာနေ့တွင် အလေးပေးပြောကြားခဲ့ပါသည်။ ပွင့်လင်းမြင်သာမှု တိုးတက်စေရန်အတွက် လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း ၎င်းက ပြောသည်။ အမိန့်မထုတ်ပြန်မီတွင် အစ္စရေးတာဝန်ရှိသူများအား စာချွန်လွှာကို အကျဉ်းချုံးပြီး ပြောကြားခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ “သူတို့က ဒီလိုအာမခံချက်မျိုးတွေကို ပေးဆောင်လိုတဲ့ဆန္ဒကို ထပ်လောင်းပြောကြားခဲ့ပါတယ်” ဟု ဂျင်းပီယာက ပြောကြားခဲ့သည်။

အမေရိကန်တွင် ဥပဒေများရှိပြီး နိုင်ငံခြားအကူအညီဥပဒေနှင့် လီးဟေးဥပဒေ(Leahy Law) အပါအဝင် ဆက်တိုက် လူ့အခွင့်အရေးချိုးဖောက်နေသော အစိုးရများကို လုံခြုံရေးအကူအညီများပေးရန်ကိစ္စကို တားမြစ်ရန် ရည်ရွယ်ထားသောဥပဒေများ ရှိပြီးဖြစ်သည်။ “ဒီလိုချိုးဖောက်သူတွေကို ဂုဏ်ပြုနေတယ်” ဟု လူ့အခွင့်အရေးကျွမ်းကျင်သူ ရော့သ် (Roth) က ပြောကြားခဲ့သည်။ “အုပ်ချုပ်ရေးက တည်ဆဲဥပဒေနဲ့ သိပ်မကွာဘူးဆိုရင် အစီရင်ခံစာအသစ်က ဘယ်လိုကွာခြားသွားမယ်ဆိုတာ မရှင်းလင်းပါဘူး” ဟု Roth က ဆိုသည်။ ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ်များက အမိန့်မှာချမှတ်ထားသည့် စနစ်သစ်ကို အားကောင်းအောင် ဆက်လက်လုပ်ဆောင်သွားမည်ဟု သောကြာနေ့က ပြောပါသည်။

၎င်းတွင် နောက်ထပ်အစိုးရ ကြီးကြပ်မှုအတွက် ရန်ပုံငွေရှာဖွေခြင်းနှင့် ၎င်းကိုဥပဒေအဖြစ် ပေါင်းစပ်ထည့်သွင်းခြင်း ပါဝင်သောကြောင့် အနာဂတ်သမ္မတများအတွက် ပစ်ပယ်ရန် ပိုမိုခက်ခဲပါသည်။ “ဒါက အရမ်းကြီးတဲ့ကိစ္စပဲ” ဟု ဗင်ဟိုလန် (Van Hollen) က ပြောသည်။ “အမေရိကန်ရဲ့ စစ်ရေးအကူအညီဟာ အမေရိကန်တန်ဖိုးတွေနဲ့ အမေရိကန်စံနှုန်းတွေနဲ့ ကိုက်ညီကြောင်း သေချာစေဖို့ သမ္မတဘိုင်ဒင်နဲ့ အမေရိကန်ကို သြဇာပိုပေးလိမ့်မယ်…” ဟု ဆက်လက်ပြောကြားခဲ့သည်။

Source: အေပီ။

မေရီလန်း အထက်လွှတ်တော်အမတ် ခရစ်ဗင်ဟောလန် (Chris Van Hollen) (အလယ်) ကိုတွေ့ရစဉ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ဂျပန် နိုင်ငံတကာသတင်း ဥရောပ

မျက်မှန်အပြောင်းအလဲလုပ်စရာမလို အလိုအလျှောက်ကြည်လင်သောအမြင်ကို ချိန်ညှိပေး မည့်အနာဂါတ်မျက်မှန်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 9 Views
CNN -၂၀၂၆ခုနှစ်၊ဇန်နဝါရီလ ၇ ရက် ဖင်လန်နိုင်ငံအခြေစိုက် မျက်မှန်ကုမ္ပဏီဖြစ်သော IXI သည် သာမန်မျက်မှန်များနှင့် ပုံစံတူ သော်လည်း တပ်ဆင်သူ၏
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားရေနံကို ပြန်လည်အသက်သွင်းလိုသည့် ထရမ့်၏အိပ်မက်ကို ရေနံကုမ္ပဏီကြီး များ စိတ်မဝင်စား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 27 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက် နယူးယောက် — ဗင်နီဇွဲလား၏ ရေနံနှင့်ပတ်သက်၍ သမ္မတ
နိုင်ငံတကာသတင်း အမေရိကန်

‘ကျွန်ုပ်တို့ ဂရင်းလန်းကို လိုအပ်တယ်’ – ဒိန်းမတ်ပိုင်နက်ကို သိမ်းယူရန် ထရန့်က ထပ်မံခြိမ်းခြောက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 5 ရက်
  • 28 Views
BBC- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ၅ရက် ဒိန်းမတ်ခေါင်းဆောင်က အဆိုပါကျွန်းနှင့်ပတ်သက်၍ “ ခြိမ်းခြောက်မှုများ ရပ်တန့်ရန်” တိုက်တွန်းခဲ့ပြီးနောက်၊ ဒေါ်နယ်ထရန့်က ဂရင်းလန်း (Greenland) ကို သိမ်းယူရန် အဆိုပြုချက်ကို ထပ်မံပြောကြားခဲ့သည်။ အမေရိကန်သမ္မတက သတင်းထောက်များကို ပြောကြားရာတွင် “
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားသမတကိုအမေရိကန်ဖမ်းဆီးမှုနှင့်ပတ်သက်သည့် ဆီနေတာ ဘားနီးဆန်းဒါးစ်၏ မိန့်ခွန်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 5 ရက်
  • 33 Views
၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၄ရက် ဒေါ်နယ်ထရန့်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တရားဥပဒေစိုးမိုးရေးအပေါ် သူရဲ့ မလေးစားမှုကို နောက်တစ်ကြိမ် ထပ်မံပြသလိုက်ပြန်ပါပြီ။ ကျနော်တို့ ရှင်းရှင်းလင်းလင်း သိထားဖို့ လိုတာကတော့ – အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတတယောက်အနေနဲ့ မာဒူရို (Maduro) လို
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

မာဒူရို အဖမ်းခံရပြီးနောက် ဗင်နီဇွဲလားနိုင်ငံကို ဦးဆောင်မည့် ဒယ်လ်စီ ရော်ဒရီဂက်ဇ် (Delcy Rodríguez) ဆိုသည်မှာ မည်သူနည်း။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 4 ရက်
  • 42 Views
CNN- ဇန်နဝါရီလ ၄ရက်၊ ၂၀၂၆ခုနှစ် ဗင်နီဇွဲလားနိုင်ငံအတွင်း အမေရိကန်စစ်ဆင်ရေးတစ်ခုအတွင်း သမ္မတ နီကိုးလပ်စ် မာဒူရို (Nicolás Maduro) အဖမ်းခံရပြီးနောက်၊ တောင်အမေရိကနိုင်ငံဖြစ်သော ဗင်နီဇွဲလား၏ အုပ်ချုပ်ရေးအာဏာသည် အမှုဆောင် ဒုတိယသမ္မတ ဒယ်လ်စီ ရော်ဒရီဂက်ဇ်၏ လက်ထဲသို့
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားသမတမာဒူရိုကိုအမေရိကန်တပ်ဖွဲ့များကဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားမှု အပြည့်အစုံ နဲ့မြန်မာနိုင်ငံနဲ့နှိုင်းယှဥ်ကြည့်ခြင်း။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 4 ရက်
  • 47 Views
၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၄ရက် ဗင်နီဇွဲလားနိုင်ငံရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေက တကယ့်ကို ထိတ်လန့်စရာ ကောင်းပြီး သမိုင်းဝင်ဖြစ်ရပ်တစ်ခု ဖြစ်နေပါတယ်။ အဓိကဖြစ်ရပ်ကတော့ ဗင်နီဇွဲလား သမ္မတ နီကိုးလပ်စ် မာဒူရို (Nicolás Maduro) ကို အမေရိကန်တပ်ဖွဲ့တွေက
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

သမ္မတ ထရမ့်က ဗင်နီဇွဲလားတိုက်ခိုက်မှု “အောင်မြင်စွာ ပြီးဆုံးခဲ့သည်” ဟု ပြောကြား၊ သမ္မတ မာဒူရိုနှင့် ဇနီးဖြစ်သူအား ဖမ်းဆီးပြီး နိုင်ငံပြင်ပသို့ ခေါ်ဆောင်သွားခဲ့ဟုဆို

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 3 ရက်
  • 27 Views
ဇန်နဝါရီလ (၃) ရက်။ အမေရိကန်သမ္မတ ထရမ့်သည် မြန်မာစံတော်ချိန် (၃) ရက်နေ့၊ ညနေ ၃ နာရီကျော်တွင် ၎င်း၏ လူမှုကွန်ရက် (SNS) မှတစ်ဆင့် ဗင်နီဇွဲလားနိုင်ငံအား တိုက်ခိုက်မှုကို “အောင်မြင်စွာ ပြီးဆုံးခဲ့သည်” ဟု
တရုတ် နိုင်ငံတကာသတင်း အာရှ

တရုတ်၏ စက်ရုပ်အားကစား ရူးသွပ်မှုမှတစ်ဆင့် လူသားတူစက်ရုပ်များ အိမ်တွင်းသို့ ရောက်ရှိလာနိုင်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 3 ရက်
  • 28 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက် ပေကျင်းမြို့ဆင်ခြေဖုံးရှိ မိုးလုံလေလုံ ဘောလုံးကွင်းတစ်ခုတွင် လူငယ်လုပ်ငန်းရှင် Cheng Hao တစ်ယောက် ထိုင်နေသည်။ သို့သော် ဤကွင်းသည် လူသားများအတွက်မဟုတ်ဘဲ သူ၏ “