ဖေဖော်ဝါရီ (၁၀) ရက်။
ရှမ်းမြောက်၊ လားရှိုးမြို့မှာ အခွန်ကောက်နေတဲ့ ကချင်တပ်မတော်(KIA)ရဲ့ တပ်ဖွဲဝင် ၄ ဦးကို ဖမ်းဆီးရမိတယ်ဆိုပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါတယ်။
ဖမ်းဆီးခံရသူတွေဟာ KIA ရဲ့ တပ်ရင်း(၈) က မာလ (၁၈) နှစ်၊ နော်လီ (၁၅) နှစ်၊ ခေါင်ဇယ် (၂၆) နှစ်နဲ့ အောင်ဒွဲ (၄၃) နှစ် တိုဖြစ်ပြီး လားရှိုးမြို့ စန်းရွှင်ဟိုတယ်က အခွန်မပေးဆောင်လို့ ဆိုပြီး ဖေဖော်ဝါရီလ (၇) ရက်နေ့မှာ ဗုံးခွဲခဲ့တယ်လို့ စွစွပ်စွဲထားပါတယ်။ သူတို့ (၄) ဦးကို လက်နက်တွေနဲ့အတူ ဖမ်းဆီးရမိတာလို့ ဖော်ပြထားပါတယ်။
လားရှိုးမြို့ ရက်ကွက်(၃) သုခလမ်း၊ စန်းရွှင်ဟိုတယ်ရှေ့မှာ ဖေဖော်ဝါရီလ (၇) ရက်နေ့ ညနေ (၄) နာရီခွဲဝန်းကျင်က ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုမှာ လူ (၅) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။