နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မတ်လ 29 ရက်

1111 စစ်ဆင်ရေး (ကယား)

1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

စစ်ကောင်စီထံက သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်တွေနဲ့ သင်တန်းဆင်းပွဲမှာ KNDF က စစ်ရေးပြတာပြုလုပ်

ဖေဖော်ဝါရီလ (၁၀)ရက်။

အခြေခံစစ်သင်တန်းဆင်းပွဲမှာ စစ်ကောင်စီထံက သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်အချို့ကို အသုံးပြုပြီး စစ်ရေးပြတာတွေကို ပြုလုပ်ခဲ့တယ်လို့ KNDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဖေဖော်ဝါရီလ (၇)ရက်နေ့က ဗျူဟာနယ်မြေတစ်ခုမှာ KNDF ဗျူဟာအမှတ်(၆)က (၂)လတာပြုလုပ်ခဲ့တဲ့ အပတ်စဉ်(၃) အခြေခံစစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီစစ်သင်တန်းကို ဗျူဟာနယ်မြေရှိ တပ်ရင်းတပ်ဖွဲ့တွေက ရဲဘော်ရာကျော် တက်ရောက်ခဲ့ပြီး သင်တန်းဆင်းပွဲမှာ ကရင်နီပြည်တပ်မတော်(KA)က တပ်ဗိုလ်တပ်မှူးတွေ၊ KNDF တာဝန်ရှိသူတွေ၊ သင်တန်းသားတွေရဲ့ မိသားစုဝင်အချို့နဲ့ ဖိတ်ကြားထားတဲ့ ဧည့်သည်တွေ၊ အဖွဲ့အစည်းတွေ တတ်ရောက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့ပြင် သင်တန်းဆင်းပွဲတွင် သင်တန်းပြီးမြောက်ပြီး တိုင်းပြည်နဲ့ လူမျိုးအတွက် တော်လှန်ရေးတာဝန်တွေ ထမ်းဆောင်ဖို့ အသင့်ဖြစ်ခဲ့ပြီဖြစ်တဲ့ ရဲဘော်‌တွေက စစ်ကောင်စီထံကနေ သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်အချို့ကို အသုံးပြုပြီး စစ်ရေးပြတာတွေ ပြုလုပ်ခဲ့ကာ စိတ်ဓာတ်မြှင့်တင်ဖို့ အတွက်လဲ ရည်ရွယ်တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရုရှားမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင် ၁၂၀ ရောက်ရှိလာ

  • 2025 ခုနှစ်၊ မတ်လ 29 ရက်
  • 1 Views
++++++++++++++ မတ်လ (၂၉) ရက်။ မြန်မာနိုင်ငံမှာ မြေငလျင်ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ရုရှားနိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင် ၁၂၀ ဦး ဒီနေ့
မြန်မာသတင်း

မန္တလေးမြို့ Sky Villa ကွန်ဒို ပြိုကျမှုမှာ ပိတ်မိနေသူ ၄၀ ကျော်ကို ကယ်တင်နိုင်ဟုဆို

  • 2025 ခုနှစ်၊ မတ်လ 29 ရက်
  • 5 Views
မတ်လ (၂၉) ရက်။ မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်က ၁၁ လွှာရှိတဲ့ Sky Villa ကွန်ဒိုမှာ ငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အအုံ
မြန်မာသတင်း

“မင်းညစ်အောက်ကသဘာဝဘေး ပြည်သူတွေအတွက်ရင်လေး”

  • 2025 ခုနှစ်၊ မတ်လ 29 ရက်
  • 2 Views
“မင်းညစ်အောက်ကသဘာဝဘေး ပြည်သူတွေအတွက်ရင်လေး” မတ်လ ၂၈ရက်နေ့မှာြမန်မာပြည်အထက်ပိုင်းစစ်ကိုင်းတိုင်းမှာဗဟိုပြုလှုပ်ခတ်သွားတဲ့ ငလျှင်ကြီးနဲ့ပတ်သက်ပြီး ဦးထွန်းအောင်ကျော်ကသူ့အမြင်ကိုထုတ်ဖော်ပြောဆိုထားပါတယ်။ ခေတ်မျက်လုံး အယ်ဒီတာအဖွဲ့။
မြန်မာသတင်း

ငလျင်ဒဏ်သင့် စစ်ခေါင်းဆောင်ဆီ တရုတ်သမ္မတ ဖုန်းဆက်

  • 2025 ခုနှစ်၊ မတ်လ 29 ရက်
  • 5 Views
မတ်လ (၂၉)ရက်။ မြန်မာမှာ အင်အားပြင်းငလျင် လှုတ်ခတ်ခဲ့တာနဲ့ပတ်သက်ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖုန်းဆက်ခဲ့တယ်လို့ တရုတ်သံရုံးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မြန်မာမှာ ပြင်းထန်တဲ့ ငလျင်ဘေးဒဏ်ကို ခံနေရကြောင်း ကြားသိရကာ ငလျင်ကြောင့်
မြန်မာသတင်း

ငလျင်ဒဏ်ကြောင့် နေပြည်တော်ထောင်မှာ ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေကို သားဖြစ်သူ စိုးရိမ်

  • 2025 ခုနှစ်၊ မတ်လ 29 ရက်
  • 6 Views
မတ်လ (၂၉)ရက်။ ငလျင်လှုပ်ခတ်ခဲ့တာကြောင့် နေပြည်တော်အကျဉ်းထောင်ထဲ ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေကို စိုးရိမ်နေတယ်လို့ သားဖြစ်သူ ကိုထိန်လင်းရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။ “ နေပြည်တော်အကျဉ်းထောင်မှာ ထိန်းသိမ်းခံရပြီးအဆက်အသွယ်ဖြတ်တောက်ခံရတဲ့ ကျွန်တော့်မိခင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေအပေါ် စိုးရိမ်ပူပန်နေပါတယ်။
မြန်မာသတင်း

ငလျင်ဘေးသင့်ဒေသတွေအတွက် ကျပ်သန်း(၂၀၀၀) လှူဒါန်းမယ်လို့ UWSA ထုတ်ပြန်

  • 2025 ခုနှစ်၊ မတ်လ 29 ရက်
  • 4 Views
မတ်လ (၂၉)ရက်။ ငလျင်ဘေးသင့် ဒေသတွေအတွက် ငွေကျပ်သန်းပေါင်း (၂၀၀၀)တိတိ လှူဒါန်းသွားမယ်လို့ “ ဝ” တပ် UWSA က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အင်အားပြင်းငလျင်ကြောင့် ကြီးမားတဲ့ အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးခဲ့ရပြီး နိုင်ငံမတည်မငြိမ်
မြန်မာသတင်း

ငလျင်ဒဏ်သင့်နယ်မြေတွေမှာ ကူညီကယ်ဆယ်ရေးတွေ ဆောင်ရွက်ဖို့ NUG ညွှန်ကြားထား

  • 2025 ခုနှစ်၊ မတ်လ 29 ရက်
  • 5 Views
မတ်လ (၂၉)ရက်။ ငလျင်ဒဏ်သင့်တဲ့ နယ်မြေ‌တွေကို ကူညီကယ်ဆယ်ရေးတွေ ဆောင်ရွက်ဖို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က PDF နဲ့ ပကဖတွေကို ညွှန်ကြားထားတယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မနေ့က လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်ငလျင်ဒဏ်ကြောင့် သဘာဝဘေးကို
မြန်မာသတင်း

ငလျင်ကြောင့် သုခဒိုင်းမွန်းစိန်တိုင်ပိုင်ရှင်အပါအဝင် မိသားစုဝင်တွေ သေဆုံး

  • 2025 ခုနှစ်၊ မတ်လ 29 ရက်
  • 5 Views
မတ်လ (၂၉)ရက်။ မနေ့က အင်အားပြင်းငလျင် လှုပ်ရှားသွားတဲ့ဖြစ်စဉ်ထဲ သုခဒိုင်းမွန်းစိန်တိုက်ပိုင်ရှင် ဒေါ်မိုးသီတာရွှေနဲ့ မိသားစုဝင်တွေ သေဆုံးခဲတယ်လို့ သုခဒိုင်းမွန်းစိန်တိုက်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မတ်လ (၂၈)ရက်နေ့က သဘာဝဘေးအန္တရာယ်ကြောင့် သုခဒိုင်းမွန်းစိန်တိုက်ရဲ့ပိုင်ရှင် သီရိသုဓမ္မသိင်္ဂီဒေါ်မိုးသီတာရွှေနဲ့ သားသမီးတွေ