နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 7 ရက်

မြန်မာသတင်း

မြန်မာသတင်း

မတ္တရာမြို့က ဘုန်းကြီးကျောင်းထဲတပ်စွဲထားတဲ့ စစ်ကောင်စီစခန်းတစ်ခု တိုက်ခိုက်သိမ်းပိုက်ခံရ

မေလ (၁၀)ရက်။

ဒီကနေ့ နံနက်(၅)နာရီ (၄၅)မိနစ်အချိန်မှာ မတ္တရာမြို့မြောက်ဘက် (၂)မိုင်အကွာရှိ တောင်တံငါကျေးရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီအထိုင်စခန်းငယ်ကို သိမ်းပိုက်ရရှိခဲ့တယ်လို့ MDY-PDF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဲ့ဒီစစ်ကောင်စီအထိုင်စခန်းငယ်ကို နံနက်(၅)နာရီအချိန်ကစပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)MDY-PDF က စတင်ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကာ (၄၅)မိနစ်အကြာမှာ အပြီးသတ်သိမ်းပိုက်ရရှိခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီစစ်ကောင်စီအထိုင်စခန်းငယ်ဟာ မတ္တရာမြို့ကနေ စဉ့်ကူးဘက်ကိုအထွက်မှာ တည်ရှိပြီး မတ္တရာမြို့နဲ့ ရေနံ့သာကျေးရွာကြားမှဦ ပြည်သူတွေဆီကနေ အဓမ္မငွေကြေးတွေ ကောက်ခံနေတဲ့စခန်းလို့ ဖော်ပြထားပါတယ်။

စခန်းသိမ်းတိုက်ပွဲကနေ Drone Jammer (၁)လက်နဲ့ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့ကာ ဗိုလ်ကြီးတစ်ဦးအပါအဝင် စစ်ကောင်စီဘက်က (၁၂)ဦးသေဆုံးခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒါ့ပြင် တိုက်ပွဲတွေထဲ စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား ကစဉ့်ကလျားထွက်ပြေးသွားခဲ့ကြကာ MDY-PDF ဘက်က ရဲဘော်တစ်ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရတယ်လို့ ပြောဆိုထားပါတယ်။

တိုက်ပွဲမှာ သိမ်းဆည်းရမိခဲ့တဲ့အထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်ကြီးကိုင်ဆောင်တဲ့ ပစ္စတိုဟာ ကလေးကစားစရာ ပလက်စတစ်ကော်စေ့သေနတ်ဖြစ်နေတာကို တွေ့ရတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဝက်လက်နယ်မှာ စစ်တပ်ရဲ့ ဗုံးကြဲတာကြောင့် အရပ်သား (၃)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 12 Views
မေလ (၆)ရက်။ ဒီကနေ့ နေ့လယ်ပိုင်းအချိန်က ဝက်လက်မြို့ စခန်းသာရွာအနီးကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။ “
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို မိသားစုနဲ့ ဆက်သွယ်ခွင့်ရဖို့ ဩစတြေးလျသံရုံး တောင်းဆို

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 19 Views
မေလ (၆)ရက်။ မတရားဖမ်းဆီးခံထားရတဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မိသားစုနဲ့ ဆက်သွယ်ခွင့်ရဖို့ ဩ‌စတြေးလျသံရုံးက ဒီကနေ့မှာ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ ထုတ်ပြန်ချက်ထဲ
မြန်မာသတင်း

လေးကေစခန်းက ထွက်ပြေးတဲ့ စစ်ကောင်စီတပ်တွေ လိုက်လံချေမှုန်းခံရပြီး (၇)ဦးသေဆုံးကာ ဒုတပ်ရင်းမှူးအပါ (၁၈)ဦး ဖမ်းမိခဲ့

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 24 Views
မေလ (၆)ရက်။ ‌ဘီးလင်းမြို့ရှိ လေးကေစခန်းသိမ်းတိုက်ပွဲကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်တွေကို လိုက်လံချေမှုန်းခဲ့တယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲထဲ စစ်ကောင်စီတပ်သား (၇)ဦး သေဆုံးခဲ့ပြီး (၁၈)ဦးကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲက‌နေ ထွက်ပြေးသွားတဲ့
မြန်မာသတင်း

မော်လူးမြို့ကို ပြန်လည်ထိန်းချုပ်နိုင်တယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 24 Views
မေလ (၆)ရက်။ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မော်လူးမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မော်လူးမြို့ဟာ ကသာခရိုင် ‌အင်းတော်မြို့နယ်မှာ ပါဝင်ပြီး စစ်တပ်က ဧပြီလ (၃၀)ရက်နေ့မှာ အင်းတော်မြို့ကို သိမ်းပိုက်ပြီးနောက် ထပ်မံရရှိခဲ့တာလို့
မြန်မာသတင်း

NUG ချီးမြှင့်မယ့် ဘွဲ့နဲ့ဆုတံဆိပ်ကို လက်မခံဘူးလို့ ABSDF ပြော

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 19 Views
မေလ (၆)ရက်။ NUG ချီးမြှင့်မယ့် သူရဲကောင်းဘွဲ့နဲ့ ဆုတံ‌ဆိပ်ကို လက်ခံမှာမဟုတ်ဘူးလို့ ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲက မနေ့က ထုတ်ပြန်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ကျောင်းသားတပ်မတော်အနေနဲ့ အခုကာလမှာ ဘယ်အစိုးရကပေးတဲ့ ဘွဲ့ထူး ဂုဏ်ထူးတွေကိုမှ လက်ခံသွားမှာမဟုတ်ဘူး”
မြန်မာသတင်း

ဒေသအချို့မှာ ပြည်သူရဲ့ ယုံကြည်မှုကို ထိခိုက်စေတဲ့ အမှားအယွင်းတွေရှိခဲ့တယ်လို့ ဝန်ကြီးဦးရည်မွန်ပြော

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 17 Views
သိမ်းပိုက်ထားတဲ့ မြို့အချို့ကို စွန့်ခွာရတာအပါအဝင် မြေပြင်အခက်အခဲနဲ့ အတက်အကျတွေဟာ စစ်မက်ရေးရာရဲ့ သဘာဝလို့ဆို မေလ (၅)ရက်။ နေရာဒေသအချို့မှာ ပြည်သူရဲ့ ယုံကြည်မှုကို ထိခိုက်စေတဲ့ အမှားအယွင်းတွေ ရှိခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က PDF (၅)နှစ်ပြည့်မှာ
မြန်မာသတင်း

အိန္ဒိယနဲ့ မင်းအောင်လှိုင်တပ်တို့ စစ်ရေးပူးပေါင်းဆောင်ရွက်ဖို့ဆွေးနွေး

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 39 Views
မေလ (၅)ရက်။ မနေ့က နေပြည်တော်မှာ အိန္ဒိယရေတပ်ဦးစီးချုပ် ဦးဆောင်တဲ့အဖွဲ့နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ခန့် တပ်ချုပ် ရဲဝင်းဦးတို့ တွေ့ဆုံခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲမှာ နှစ်နိုင်ငံ စစ်တပ်တွေအကြား ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်တာတွေ တိုးမြှင့်ဖို့နဲ့ နှစ်နိုင်ငံ
မြန်မာသတင်း

တိုက်ပွဲဖြစ်ပွားနေတဲ့ စလင်းမြို့မှာ လုံခြုံရေးလိုက်နာကြဖို့ မြို့နယ်ပကဖ ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 35 Views
မေလ (၅)ရက်။ တိုက်ပွဲဖြစ်ပွားနေတဲ့ စလင်းမြို့မှာ လုံခြုံရေးလိုက်နာကြဖို့ သတင်းမီဒီယာတွေနဲ့ အဖွဲ့အသည်းတွေကို မြို့နယ်ပကဖက မနေ့ကရက်စွဲနဲ့ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ မေလ(၁)ရက်နေ့ကစပြီး စလင်း၊ ဆင်ဖြူကျွန်းကနေ စစ်တပ်ရဲ့ ခလရ(၂၅၃/၂၅၄/၂၅၅)က ထုတ်နှုတ်အင်အား စစ်ကူတွေနဲ့ စလင်းမြို့အရှေ့ဘက်ခြမ်း ကျေးရွာတွေကို